Cele News

မရှိတော့တဲ့ ဖခင်ကြီးကို သတိရလွန်းလို့ ဝမ်းနည်းနေတဲ့ သရုပ်ဆောင် ဟေမာမန်းဝင်း

တစ်ချိန်က မြန်မာ့ဇာတ်ခုံပေါ်မှာ ပြက်လုံးတွေနဲ့ ပရိသတ်တွေကို အမောပြေစေခဲ့တဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်း ကို တော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။

ဦးမန်းဝင်း ကတော့ လူရွှင်တော် ဖြစ်ခဲ့ရုံတင်မက ရုပ်ရှင်ဇာတ်ကားတွေထဲမှာလဲ ဟာသသရုပ်ဆောင်အဖြစ် ပရိသတ်တွေကို ပျော်ရွှင်စေခဲ့တဲ့ အနုပညာရှင်ကြီးတစ်ဦး ဖြစ်ပါတယ်။

ဦးမန်းဝင်း ရဲ့အနုပညာမျိုးဆက်အဖြစ် သမီးဖြစ်သူ ဟေမာမန်းဝင်း က ဆက်လက်ပြီး ဟာသသရုပ်ဆောင်အဖြစ် ပရိသတ်တွေကို ဖျော်ဖြေခဲ့ပါတယ်။

လူရွှင်တော်ကြီး ဦးမန်းဝင်း ဟာ ကိုဗစ်တတိယလှိုင်းမှာ ကျောက်ကပ်ရောဂါနဲ့ ချစ်တဲ့မိသားစုနဲ့ ပရိသတ်တွေကို ခွဲခွာသွားခဲ့တာပါ။

ဒီကနေ့မှာ သရုပ်ဆောင် ဟေမာမန်းဝင်း ကတော့ ကွယ်လွန်သူဖခင်ကြီးကို သတိရလွန်းလို့ ဝမ်းနည်းနေတဲ့အကြောင်းကို အခုလိုပဲရေးသားလာခဲ့ပါတယ်။

” ဖေဖေသာရှိရင်ဟေမာဈေးရောင်းနေတာကြည့်ပီလက်ခုပ်လေးတီးပီအားပေးနေမယ်ဆိုတာသမီးယုံတယ်ငပေါမကြီးဆိုပီစနေမှာ

အခုတော့သမီးတယောက်ထဲရုန်းနေရပီးဖေဖေရေ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။








