ပရိသတ်ကြီးရေ The Voice Myanmar မှာဒိုင်အဖြစ်ပါဝင်ခဲ့ပြီးတော့ ဟစ်ဟော့ပ်လောကမှာ နာမည်ကြီးလူသိများတဲ့ အဆိုတော် ရန်ရန်ချမ်း ကိုတော့ အားလုံးပဲသိကြမှာပါ။
သူကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးလဲဖြစ်ပါတယ်။
ဒါကြောင့် ရန်ရန်ချမ်း ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီးနောက် ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ရန်ရန်ချမ်း ကတော့ မိသားစုနဲ့အတူ တိမ်းရှောင်နေပြီး ဘေးကင်းရာကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လဲ အမိမြေဖြစ်တဲ့ မြန်မာနိုင်ငံကို နေ့တိုင်းလွမ်းနေရပြီးတော့ ယခုနေထိုင်နေတဲ့ နေရာဒေသမှာ လုံးဝမပျော်ရွှင်တဲ့အကြောင်းကို
” အမိမြေပြန်မရသေးရင်တောင် ထိုင်းလောက်ပြန်နေချင်တယ်ဒီမှာတစ်ရက်မှမပျော်ဘူး….. အတည်ပြောတာ” လို့ ရန်ရန်ချမ်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်.
ပရိသတ်ကြီးရေ အဆိုတော် ရန်ရန်ချမ်း နဲ့အတူ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းများအားလုံး ဘေးကင်းကျန်းမာစွာနဲ့ အမိမြေမှာ ပြန်လည်ဆုံစည်းနိုင်ကြပါစေ။
သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။
လက်ရှိနေထိုင်နေတဲ့နေရာမှာ မပျော်တာကြောင့် ထိုင်းမှာ သွားရောက်နေထိုင်ချင်အကြောင်း ရင်ဖွင့်လိုက်တဲ့ ရန်ရန်ချမ်း