Cele News

နေပြည်တော်က ဟိုတယ်တစ်ခုမှာ သရဲအခြောက်ခံလိုက်ရပုံကို ကြက်သီးထဖွယ် ပြောပြလိုက်တဲ့ ဆောင်းဝတ်ရည်မေ

MRTV-4 ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း နာမည်ကြီးလူသိများလာခဲ့တဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေ ကိုတော့ အားလုံးပဲသိကြမှာပါပဲနော်။

အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းတဲ့သူမကိုတော့ ပရိသတ်အားလုံးရဲ့ ချစ်ခင်အားပေးခံခဲ့ရပါတယ်။

MRTV-4 မှရိုက်ကူးတင်ဆက်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေမှာ သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲတော်တော် များများဟာ ပရိသတ်တွေကြား အောင်မြင်ခဲ့ပါတယ်။

ဒီကနေ့မှာ ဆောင်းဝတ်ရည်မေ ဟာ အမုန်းမှသည် ဇာတ်လမ်းတွဲရိုက်ကူးရင်း နေပြည်တော်ဟိုတယ်တစ်ခုမှာ သရဲခြောက်ခံလိုက်ရတဲ့အကြောင်း ထိတ်လန့်စွာ ပြောပြလိုက်ပါတယ်။

” သူများတွေသရဲခြောက်ခံရကြောင်းပြောနေကြလို့ကိုယ်လည်းပြောပြဦးမယ်… ကိုယ်ပဲ သရဲခြောက်ခံရတာလား.. အဲ့ညကလက်ဖက်တွေစားအိပ်လို့ သွေးလေခြောက်ချားပြီး ဘီလူးစီးတာလားပဲ

( အမေကတော့ အဲ့လိုပြောတာပဲ ) ။ ဘဝမှာ ပထမဆုံး ဘုရားစားပါမေ့တာပဲ။ ( အရေးအသားမကောင်းရင် ခွင့်လွှတ် ) မနက်ကျပြန်ဖျတ်မယ် နှစ်ကအတော်ကြာပြီ အမုန်းမှသည်ရိုက်တုန်းကပေါ့ ..

နေပြည်တော်ကHotelတစ်ခု့မှာတည်းရတာ အဲ့မှာနေတာလည်း လအတော်ကြာပြီ တစ်ခါမှမဖြစ်ဘူး.. အဲ့တစ်ရက်ပဲကြုံတာ။ ဖြစ်ချင်တော့အဲ့နေ့ကညအိပ်ခါနီး သားအမိနှစ်ယောက် လက်ဖက်တွေစားပြီး

ရုပ်ရှင်ကြည့် အိပ်သွားရော။ အိပ်ပျော်သွားတော့ အိပ်မက်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်နေရတယ်အိပ်နေတာကို ။ အိပ်မက်ထဲမှာလည်း ကိုယ်က အိပ်မက်ပြန်မက်နေသလိုဖြစ်နေတာ..

ကိုယ့်ကုတင်းမျက်စောင်းထိုးနားမှာ ဗီဒိုတစ်ခု့ရှိတယ် ..အဲ့နားမှာ တစ်ယောက်ယောက်ရပ်နေပြီး ကိုယ့်ကိုယ်ကြည့်နေတာ ခံစားနေရတယ်။ တစ်ယောက်ယောက်ရှိနေတာကိုလည်းသိနေတယ်.. ( ဒါတွေအားလုံးကို အိပ်မက်ရဲ့အိပ်မက်ထဲမှာပဲမြင်နေသလိုမက်တာ)

အမေက ဟိုဘက်ကုတင်မှာ အိပ်နေတယ်.. အမေ့ကို အိပ်မက်ထဲမှာ လှမ်းခေါ်တယ် အမေ.. အမေ နဲ့ အသံကလုံးဝမထွက်ဘူး.. ခေါ်လို့မရဘူး။ အဲ့ ရပ်ကြည့်နေတဲ့ဟာကြီးက ကိုယ့်အနားတဖြည်းဖြည်းနဲ့ တိုးလာတာကို သိနေတယ် အမေ့ကို အိပ်မက်ထဲမှာခေါ်နေတာ လုံးဝကိုမရတာ…

ထသွားဖို့ကြိုးစားတယ် မရဘူး တစ်ကိုယ်လုံးလေးနေသလိုခံစားရတာ.. မသိရင်အောက်ပိုင်းသေတဲ့လူလိုပဲ ခြေထောက်တွေ လုံးဝရွေ့မရဘူး လူရဲ့ လှုပ်ရှားမှု့တွေက အရမ်းနှေးကွေးနေတာ။ ရပ်ကြည့်နေတဲ့ဟာကြီးကလည်း ကိုယ့်နားကို တဖြည်းဖြည်းရောက်လာပြီး အိပ်ယာဘေးကိုရောက်လာတဲ့ထိ

အနားလာတာ.. ကိုယ့်မှာ အိပ်မက်ထဲလောင်နေပြီ.. မသိရင် တကယ်ကြီးအပြင်မှာ ကိုယ့်အနားမှာ ရောက်နေသလိုခံစားရတာ.. တကယ်ဖြစ်ပျက်နေသလိုပဲ။ အဲ့ရပ်ကြည့်နေတာက ကိုယ့်ကို အသံမထွက်နိုင်မလှုပ်နိုင်မှန်းသိလို့ ရီသလိုလုပ်ပြီး အနားကို ပိုပိုတိုးလာတာ..

နောက်ဆုံးမှ သူမျက်နှာနားရောက်ခါနီးမှ ကိုယ့်မှာ ရုတ်တရက်လန့်နိုးသွားပြီး.. အမေ့ကို လှမ်းကြည့်ပြီး အမေ့ကုတင်ပေါ်တက်ပြေးပြီး အမေ့ဘေးအိပ်ရတယ်… အမေက ဘုရားစားဆိုပြီး ပြန်အိပ်လိုက်ပြောလို့.. ဘုရားစားတောင် ဩကာသပြီးရင် ဘာဆက်လာလည်းတောင် မမှတ်မိတော့ပဲ

ပါးစပ်ကမထွက်နိုင်ပဲမေ့တဲ့ထိဖြစ်သွားတာ .. အဲ့ဘီရိုနားတောင်ကိုယ့်မှာ မကြည့်ရဲဘူး ။ ဘေးကနေရပ်ကြည့်နေတာ မြင်နေရတဲ့ feelingက အဆိုးဆုံးပဲ ။ လန့်နိုးသွားမှ အိပ်မက်ထဲမြင်ရတာသိတာ။ မဟုတ်ရင်အပြင်မှာတကယ်ဖြစ်နေသလိုကြီး….

အဲ့နောက်ပိုင်းကစပြီး အဲ့လိုထပ်ဖြစ်မှာ အရမ်းကြောက်ပဲ ။ ( အဲ့တစ်ခါဖြစ်ပြီးထဲက အခု့ထိ ဘယ်လိုအိပ်အိပ်ဘာမှကိုထပ်မကြုံရတော့ဘူး ဘာမှဖြစ်တော့ဘူး )”လို့သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ေနျပည္ေတာ္က ဟိုတယ္တစ္ခုမွာ သရဲအေျခာက္ခံလိုက္ရပုံကို ၾကက္သီးထဖြယ္ ေျပာျပလိုက္တဲ့ ေဆာင္းဝတ္ရည္ေမ

MRTV-4 ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးရင္း နာမည္ႀကီးလူသိမ်ားလာခဲ့တဲ့ သ႐ုပ္ေဆာင္ ေဆာင္းဝတ္ရည္ေမ ကိုေတာ့ အားလုံးပဲသိၾကမွာပါပဲေနာ္။

အၿပဳံးခ်ိဳခ်ိဳေလးကို ပိုင္ဆိုင္ထားၿပီး ခ်စ္ဖို႔ေကာင္းတဲ့သူမကိုေတာ့ ပရိသတ္အားလုံးရဲ႕ ခ်စ္ခင္အားေပးခံခဲ့ရပါတယ္။

MRTV-4 မွ႐ိုက္ကူးတင္ဆက္ခဲ့တဲ့ ဇာတ္လမ္းတြဲေတြမွာ သူမပါဝင္သ႐ုပ္ေဆာင္တဲ့ ဇာတ္လမ္းတြဲေတာ္ေတာ္ မ်ားမ်ားဟာ ပရိသတ္ေတြၾကား ေအာင္ျမင္ခဲ့ပါတယ္။

ဒီကေန႔မွာ ေဆာင္းဝတ္ရည္ေမ ဟာ အမုန္းမွသည္ ဇာတ္လမ္းတြဲ႐ိုက္ကူးရင္း ေနျပည္ေတာ္ဟိုတယ္တစ္ခုမွာ သရဲေျခာက္ခံလိုက္ရတဲ့အေၾကာင္း ထိတ္လန႔္စြာ ေျပာျပလိုက္ပါတယ္။

” သူမ်ားေတြသရဲေျခာက္ခံရေၾကာင္းေျပာေနၾကလို႔ကိုယ္လည္းေျပာျပဦးမယ္… ကိုယ္ပဲ သရဲေျခာက္ခံရတာလား.. အဲ့ညကလက္ဖက္ေတြစားအိပ္လို႔ ေသြးေလေျခာက္ခ်ားၿပီး ဘီလူးစီးတာလားပဲ

( အေမကေတာ့ အဲ့လိုေျပာတာပဲ ) ။ ဘဝမွာ ပထမဆုံး ဘုရားစားပါေမ့တာပဲ။ ( အေရးအသားမေကာင္းရင္ ခြင့္လႊတ္ ) မနက္က်ျပန္ဖ်တ္မယ္ ႏွစ္ကအေတာ္ၾကာၿပီ အမုန္းမွသည္႐ိုက္တုန္းကေပါ့ ..

ေနျပည္ေတာ္ကHotelတစ္ခု႔မွာတည္းရတာ အဲ့မွာေနတာလည္း လအေတာ္ၾကာၿပီ တစ္ခါမွမျဖစ္ဘူး.. အဲ့တစ္ရက္ပဲႀကဳံတာ။ ျဖစ္ခ်င္ေတာ့အဲ့ေန႔ကညအိပ္ခါနီး သားအမိႏွစ္ေယာက္ လက္ဖက္ေတြစားၿပီး

႐ုပ္ရွင္ၾကည့္ အိပ္သြားေရာ။ အိပ္ေပ်ာ္သြားေတာ့ အိပ္မက္ထဲမွာ ကိုယ့္ကိုယ္ကိုယ္ျပန္ျမင္ေနရတယ္အိပ္ေနတာကို ။ အိပ္မက္ထဲမွာလည္း ကိုယ္က အိပ္မက္ျပန္မက္ေနသလိုျဖစ္ေနတာ..

ကိုယ့္ကုတင္းမ်က္ေစာင္းထိုးနားမွာ ဗီဒိုတစ္ခု႔ရွိတယ္ ..အဲ့နားမွာ တစ္ေယာက္ေယာက္ရပ္ေနၿပီး ကိုယ့္ကိုယ္ၾကည့္ေနတာ ခံစားေနရတယ္။ တစ္ေယာက္ေယာက္ရွိေနတာကိုလည္းသိေနတယ္.. ( ဒါေတြအားလုံးကို အိပ္မက္ရဲ႕အိပ္မက္ထဲမွာပဲျမင္ေနသလိုမက္တာ)

အေမက ဟိုဘက္ကုတင္မွာ အိပ္ေနတယ္.. အေမ့ကို အိပ္မက္ထဲမွာ လွမ္းေခၚတယ္ အေမ.. အေမ နဲ႔ အသံကလုံးဝမထြက္ဘူး.. ေခၚလို႔မရဘူး။ အဲ့ ရပ္ၾကည့္ေနတဲ့ဟာႀကီးက ကိုယ့္အနားတျဖည္းျဖည္းနဲ႔ တိုးလာတာကို သိေနတယ္ အေမ့ကို အိပ္မက္ထဲမွာေခၚေနတာ လုံးဝကိုမရတာ…

ထသြားဖို႔ႀကိဳးစားတယ္ မရဘူး တစ္ကိုယ္လုံးေလးေနသလိုခံစားရတာ.. မသိရင္ေအာက္ပိုင္းေသတဲ့လူလိုပဲ ေျခေထာက္ေတြ လုံးဝေ႐ြ႕မရဘူး လူရဲ႕ လႈပ္ရွားမႈ႕ေတြက အရမ္းေႏွးေကြးေနတာ။ ရပ္ၾကည့္ေနတဲ့ဟာႀကီးကလည္း ကိုယ့္နားကို တျဖည္းျဖည္းေရာက္လာၿပီး အိပ္ယာေဘးကိုေရာက္လာတဲ့ထိ

အနားလာတာ.. ကိုယ့္မွာ အိပ္မက္ထဲေလာင္ေနၿပီ.. မသိရင္ တကယ္ႀကီးအျပင္မွာ ကိုယ့္အနားမွာ ေရာက္ေနသလိုခံစားရတာ.. တကယ္ျဖစ္ပ်က္ေနသလိုပဲ။ အဲ့ရပ္ၾကည့္ေနတာက ကိုယ့္ကို အသံမထြက္ႏိုင္မလႈပ္ႏိုင္မွန္းသိလို႔ ရီသလိုလုပ္ၿပီး အနားကို ပိုပိုတိုးလာတာ..

ေနာက္ဆုံးမွ သူမ်က္ႏွာနားေရာက္ခါနီးမွ ကိုယ့္မွာ ႐ုတ္တရက္လန႔္ႏိုးသြားၿပီး.. အေမ့ကို လွမ္းၾကည့္ၿပီး အေမ့ကုတင္ေပၚတက္ေျပးၿပီး အေမ့ေဘးအိပ္ရတယ္… အေမက ဘုရားစားဆိုၿပီး ျပန္အိပ္လိုက္ေျပာလို႔.. ဘုရားစားေတာင္ ဩကာသၿပီးရင္ ဘာဆက္လာလည္းေတာင္ မမွတ္မိေတာ့ပဲ

ပါးစပ္ကမထြက္ႏိုင္ပဲေမ့တဲ့ထိျဖစ္သြားတာ .. အဲ့ဘီ႐ိုနားေတာင္ကိုယ့္မွာ မၾကည့္ရဲဘူး ။ ေဘးကေနရပ္ၾကည့္ေနတာ ျမင္ေနရတဲ့ feelingက အဆိုးဆုံးပဲ ။ လန႔္ႏိုးသြားမွ အိပ္မက္ထဲျမင္ရတာသိတာ။ မဟုတ္ရင္အျပင္မွာတကယ္ျဖစ္ေနသလိုႀကီး….

အဲ့ေနာက္ပိုင္းကစၿပီး အဲ့လိုထပ္ျဖစ္မွာ အရမ္းေၾကာက္ပဲ ။ ( အဲ့တစ္ခါျဖစ္ၿပီးထဲက အခု႔ထိ ဘယ္လိုအိပ္အိပ္ဘာမွကိုထပ္မႀကဳံရေတာ့ဘူး ဘာမွျဖစ္ေတာ့ဘူး )”လို႔သူမရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။