မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ မင်းမော်ကွန်း ကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ မင်းသားချောတစ်လက် ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ အချစ်များစွာကို ဟိုးယခင်တည်းက သိမ်းပိုက်ရရှိထားသူတစ်ဦးဖြစ်ပြီး အခုလက်ရှိအချိန်ထိ အားလုံးရဲ့အချစ်တွေကို ရရှိနေဆဲပဲ ဖြစ်ပါတယ်။
မင်းမော်ကွန်း ဟာ အသက်ကြီးလာလေ သူ့ရဲ့ရုပ်ရှင်ဟာ တစ်နေ့တစ်ခြား နုပျိုလာတာကြောင့်လဲ ပရိသတ်တွေအားလုံးက ကိုကြာနုလို့လဲ ချစ်စနိုးခေါ်တတ်ကြပါသေးတယ်။
ဒါအပြင် အမှန်တရားကိုလဲ ချစ်မြတ်နိုးသူဖြစ်တာကြောင့် ပြည်သူတွေနဲ့တစ်သားထဲ ပြတ်သားစွာ ရပ်တည်ခဲ့ပြီး သွေးမအေးသွားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံထားရပြီး တိမ်းရှောင်နေရပေမယ်လဲ တော်လှန်ရေးအတွက် ယနေ့အချိန်ထိတိုင် ကြိုးစားတော်လှန်နေဆဲပါပဲ။
မင်းသား မင်းမော်ကွန်း ကတော့ တော်လှန်ရေးမှာ ကိုယ့်ထက်အနစ်နာခံသူတွေကို တွေ့တိုင်း မျက်နှာပူတယ်လို့ ရင်ဖွင့်လိုက်ပါတယ်။
” ကိုယ့်ထက်အနစ်နာခံသူတွေနဲ့တွေ့တိုင်းမျက်နှာပူတုန်းပါ” လို့ မင်းမော်ကွန်း ဟာ သူ့ရဲလူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မင်းမော်ကွန်း နဲ့အတူ ပြည်သူ့ရဲ့ဘော်တွေအတွက် အားပေးစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။
ကိုယ့်ထက်အနစ်နာခံသူတွေနဲ့ တွေ့တိုင်းမျက်နှာပူမိတယ်လို့ ရင်ဖွင့်လိုက်တဲ့ မင်းသား မင်းမော်ကွန်း