Cele News

လွတ်မြောက်နယ်မြေကနေ သားဖြစ်သူရဲ့မွေးနေ့လေးကို ဆုတောင်းပေးလိုက်တဲ့ ဖေဖေ ကိုပေါက်

မြန်မာ့ရုပ်ရှင်လောက ရဲ့ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကိုပေါက် ကတော့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ပင် ဖြစ်ပါတယ်။

ကိုပေါက် ဟာ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့တဲ့အပြင် တော်လှန်ရေးအတွက် အစွမ်းကုန်ပါဝင်ခဲ့ပါတယ်။

ဒါကြောင့်လဲ စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခဲ့တာကြောင့် မိသားစုနဲ့မြို့ပြကြီးကို ခွဲခွာပြီးတော့ လွတ်မြောက်နယ်မြေကို တိမ်းရှောင်နေရပါတယ်။

ဒါရိုက်တာ ကိုပေါက် ကတော့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ နေထိုင်နေရင်း အဝေးတစ်နေရာကနေ သားဖြစ်သူမွေးနေ့ကို ဆုတောင်းပေးလိုက်ပါတယ်။

” သားသားရေ ကိုကြီးသော်မွေးနေ့မှာပျော်ရွှင်ပါစေ။ သားသားအဆင်ပြေပါစေ။ သားသားကျန်းမာပါစေ။ သားသားဘေးရန်ကင်းပါစေ။

ဖေဖေမော့ကြည့်ရတဲ့ သားကြီး ဖြစ်ပါစေ။ ရန်သူမျိုး ၅ ပါးရန်က ကင်းဝေးပါစေ။ မေမေ့ကိုလည်း စောင့်ရှောက်နိုင်ပါစေ။ ညီလေးကိုလည်း ကာကွယ်နိုင်ပါစေ။

ချစ်တဲ့ အဝေးရောက်ဖေဖေ” လို့ ကိုပေါက် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ဒါရိုက်တာ ကိုပေါက် ဟာ မိသားစုနဲ့ဝေးရာမှာ နေထိုင်နေရပေမယ့် သားဖြစ်သူရဲ့မွေးနေ့လေးကို ဆုတောင်းပေးခဲ့တာပါ။

သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပြီး မိသားစုနဲ့အတူ အမြန်ဆုံးပေါင်းစည်းနေထိုင်နိုင်ကြပါစေ။

လြတ္ေျမာက္နယ္ေျမကေန သားျဖစ္သူရဲ႕ေမြးေန႔ေလးကို ဆုေတာင္းေပးလိုက္တဲ့ ေဖေဖ ကိုေပါက္

ျမန္မာ့႐ုပ္ရွင္ေလာက ရဲ႕ နာမည္ႀကီးဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ ကိုေပါက္ ကေတာ့ အမွန္တရားကို ခ်စ္ျမတ္ႏိုးတဲ့ အႏုပညာရွင္ေတြထဲမွာ တစ္ဦးအပါအဝင္ပင္ ျဖစ္ပါတယ္။

ကိုေပါက္ ဟာ အမွန္တရားအတြက္ ျပည္သူေတြနဲ႔အတူ လမ္းမေပၚထြက္ ဆႏၵျပခဲ့တဲ့အျပင္ ေတာ္လွန္ေရးအတြက္ အစြမ္းကုန္ပါဝင္ခဲ့ပါတယ္။

ဒါေၾကာင့္လဲ စစ္ေကာင္စီဘက္ကေန ပုဒ္မ ၅၀၅ က နဲ႔တရားစြဲဆိုခဲ့တာေၾကာင့္ မိသားစုနဲ႔ၿမိဳ႕ျပႀကီးကို ခြဲခြာၿပီးေတာ့ လြတ္ေျမာက္နယ္ေျမကို တိမ္းေရွာင္ေနရပါတယ္။

ဒါ႐ိုက္တာ ကိုေပါက္ ကေတာ့ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေနထိုင္ေနရင္း အေဝးတစ္ေနရာကေန သားျဖစ္သူေမြးေန႔ကို ဆုေတာင္းေပးလိုက္ပါတယ္။

” သားသားေရ ကိုႀကီးေသာ္ေမြးေန႔မွာေပ်ာ္႐ႊင္ပါေစ။ သားသားအဆင္ေျပပါေစ။ သားသားက်န္းမာပါေစ။ သားသားေဘးရန္ကင္းပါေစ။

ေဖေဖေမာ့ၾကည့္ရတဲ့ သားႀကီး ျဖစ္ပါေစ။ ရန္သူမ်ိဳး ၅ ပါးရန္က ကင္းေဝးပါေစ။ ေမေမ့ကိုလည္း ေစာင့္ေရွာက္ႏိုင္ပါေစ။ ညီေလးကိုလည္း ကာကြယ္ႏိုင္ပါေစ။

ခ်စ္တဲ့ အေဝးေရာက္ေဖေဖ” လို႔ ကိုေပါက္ ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။

ဒါ႐ိုက္တာ ကိုေပါက္ ဟာ မိသားစုနဲ႔ေဝးရာမွာ ေနထိုင္ေနရေပမယ့္ သားျဖစ္သူရဲ႕ေမြးေန႔ေလးကို ဆုေတာင္းေပးခဲ့တာပါ။

သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကၿပီး မိသားစုနဲ႔အတူ အျမန္ဆုံးေပါင္းစည္းေနထိုင္ႏိုင္ၾကပါေစ။