Celebrity

ဇေယျာသော် မတရားဖမ်းဆီးခံနေရတာ ၈ လ ရှိပြီလို့ ပြည်သူတွေကို အသိပေးလိုက်တဲ့ ရန်ရန်ချမ်း

ပရိသတ်ကြီးရေ The Voice Myanmar မှာဒိုင်အဖြစ်ပါဝင်ခဲ့ပြီးတော့ ဟစ်ဟော့ပ်လောကမှာ နာမည်ကြီးလူသိများတဲ့ အဆိုတော် ရန်ရန်ချမ်း ကတော့

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် ရန်ရန်ချမ်း ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ရန်ရန်ချမ်း ကတော့ မိသားစုနဲ့အတူ တိမ်းရှောင်နေပြီး ဘေးကင်းရာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

အဆိုတော် ရန်ရန်ချမ်း ကတော့ အမှန်တရားဘက်တော်သားတစ်ဦးလဲဖြစ် သူငယ်ချင်းလဲဖြစ်တဲ့ အက်ဆစ်အဖွဲ့ဝင် ဇေယျာသော် ဖမ်းဆီးခံရတာ ၈ လရှိပြီဆိုတဲ့အကြောင်းကို အသိပေးလိုက်ပါတယ်။

ဇေယျာသော် ကတော့ လက်ရှိမှာ ဖမ်းဆီးခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူလဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ မတရားဖမ်းဆီးခံထားရတဲ့ ဇေယျာသော်ကို အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ ဆုတောင်းစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။







