Cele News

လက်ရှိဖြစ်နေတဲ့ မြန်မာပြည်ရဲ့ အခြေအနေကို စိတ်မကောင်းစွာ ပြောပြခဲ့တဲ့ လူရွှင်တော် ပိုးလေး

ဟားငါးကောင် အဖွဲ့ဝင်လူရွှင်တော်တစ်ဦးဖြစ်တဲ့ လူရွှင်တော် ပိုးလေး ကိုတော့ သဘင်ကိုချစ်တဲ့ ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်။

ရင်ဘတ်ချင်းတူ လူရွှင်တော်ညီအစ်ကိုငါးယောက်နဲ့ ဖွဲ့စည်းထားပြီး ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဖွဲ့တစ်ဖွဲ့လဲ ဖြစ်ပါတယ်။

ဆန်းပြားတဲ့ပြက်လုံးတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးနေကျဖြစ်တဲ့ သူတို့အဖွဲ့ရဲ့ပြက်လုံးတွေကိုတော့ ပရိသတ်တိုင်းလွမ်းနေမိမှာ အမှန်ပါပဲနော်။

ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲကြိုးစားနေရတဲ့ သူတို့အတွက် ချစ်တဲ့ပရိသတ်ကြီးက ဂုဏ်ယူဝမ်းမြောက်နေရပါတယ်။

ပိုးလေး ဟာ တော်လှန်ရေးအတွက် စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပြီး အချိန်တိုင်းနီးပါး တော်လှန်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ပရိသတ်တွေက ပိုမိုချစ်ခင်နေကြပြီး လေးစားဂုဏ်ယူစွာနဲ့ အားပေးနေကြတာကို တွေ့ရပါတယ်။

လူရွှင်တော် ပိုးလေး ဟာ သွေးအေးနေတဲ့ လူအချို့နဲ့ လူမှု့ကွန်ယက်ပေါ်က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောလိုက်ပါတယ်။

” ဟုတ်တယ်ဗျ ကျွန်တော်ခုချိန်ထိမအိပ်ပဲ တွေးနေတာ သူများတွေပြောတဲ့ ငါ ***မ နိုင်ငံဆိုတာ ပိုပြီးထင်ပေါ်လာတယ်။

တကယ်ပဲ ငါ *** မ နိုင်ငံ” လို့ ပိုးလေး ဟာ သူရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

တစ်ချိန်က ဗိုလ်ချုပ်ပြောခဲ့တဲ့ မိန့်ခွန်းလိုပဲ မြန်မာပြည်ကြီးဟာဆိုရင်တော့ ***ာသည်လိုနိုင်ငံတော်ကြီး ဖြစ်နေတာကို စိတ်မကောင်းစွာ တွေ့နေရပါတယ်။

အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊ မြန်မာပြည်ကြီး အမြန်ဆုံး ပြန်လည်ငြိမ်းချမ်းပါစေ။











