Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယျဥ်ပြိုင်ရင်း တစ်စတစ်စနာမည်ကြီးလာခဲ့တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ် မူးလာ ကိုတော့ ပရိသတ်တိုင်း မှတ်မိကြအုန်းမယ်ထင်ပါတယ်။
ထူးခြားတဲ့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ရော့ခ်သီချင်းတွေ သီဆိုရတာကို ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင်အားပေးမူ့ကို ရရှိထားပါတယ်။
မူးလာ ကိုတော့ အခုချိန်ထိအားပေး နှစ်သက်နေတဲ့ ပရိသတ်တွေ အများကြီးပါပဲ။ သူ့ကိုအားပေးကြတဲ့ ပရိသတ်တွေကို ချစ်စနိုးနဲ့ ” မူးလာ ရဲ့ မူလီလေး” တွေလို့ ခေါ်တတ်ပါသေးတယ်။
အဆိုတော် မူးလာ ဟာ လက်ရှိမှာ အမှန်တရားအတွက် လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပါ။ ဒါပေမယ့်လဲ ချစ်တဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်ပဲ သူ့ရဲ့လှုပ်ရှားမူ့လေးတွေကို လူမူ့ကွန်ယက်မှာတစ်ဆင့် တင်ပေးနေတာကြောင့် မူလီလေးတွေ စိတ်အေးကြရပါတယ်။
မူးလာ ကတော့ ပရိသတ်တွေကို သွေးမအေးဖို့ သတိပေးနေတဲ့အပြင် ချစ်တဲ့ပြည်သူတွေကို ကျန်းမာရေးဂရုစိုက်ဖို့ အမြဲတမ်းသတိပေးနေတာလဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ချစ်တဲ့ပရိသတ် မူလီလေးတွေအတွက် အမှတ်တရ တတ်တူးလေး ထိုးလိုက်ပါတယ်။ ” MOOLER is for MooLies ကျွန်တော်က အမြဲ မူလီတွေအတွက်ပဲရှင်သန်ဆဲပါ ” လို့ တတ်တူးဓာတ်ပုံလေးနဲ့အတူ စာသားလေးကို တွဲတင်ထားတာကို တွေ့ရပါတယ်နော်။
အဆိုတော် မူးလာ ကတော့ ချစ်တဲ့ပရိသတ်တွေအတွက် အမြဲတမ်းရှင်သန်နေတာပါတဲ့။ ချစ်တဲ့ မူလီလေးတွေကလဲ မူးလာကို ချစ်ကြမယ်လို့ ထင်ပါတယ်နော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ပြည်သူတွေအတွက်ပဲ သီးသန့်ရှင်သန်နေတဲ့အကြောင်းကို လုပ်ရပ်တစ်ခုနဲ့ သက်သေပြလိုက်တဲ့ မူးလာ