ယောက်ကျားပီသပြီး ချောမောခန့်ညားတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားချောတစ်လက်ဖြစ်တဲ့ ဒေါင်း ကိုတော့ အားလုံးပဲ ချစ်ကြမှာပါပဲနော်။
ဒေါင်း ဟာ သဘာဝဆန်ဆန် သရုပ်ဆောင်ချက်တွေကြောင့် အချိန်တိုအတွင်း အောင်မြင်လာခဲ့တဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။
သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတိုင်းဟာလဲ ပရိသတ်ကြား အရမ်းနာမည်ကြီးခဲ့ပြီး အားလုံးကတစ်ခဲနက်အားပေးခဲ့ရတဲ့ ဇာတ်ကားတွေ ဖြစ်ခဲ့တာပါ။
အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအပေါ်မှာလဲ မင်းသားချော ဒေါင်း ဟာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပါတယ်။
ဒါကြောင့်လဲ စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခဲ့တဲ့အပြင် မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်တဲ့အထိ ရှိခဲ့ပါတယ်။
ဒါပေမယ့်လဲ ဒေါင်း ဟာ သူ့ရဲ့တော်လှန်ရေးခရီးလမ်းကို နောက်မဆုတ်ပဲ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဆက်လက်ချီတတ်နေဆဲပါပဲ။
ဒီကနေ့မှာတော့ မင်းသား ဒေါင်း ရဲ့ ငယ်ဘဝ ရှားပါးဓာတ်ပုံလေးတစ်ပုံကို ချစ်တဲ့ပရိသတ်ကြီးအတွက် မျှဝေပေးချင်ပါတယ်။
ကဲ…ပရိသတ်ကြီးရေ ဒေါင်း ရဲ့ ငယ်ဘဝဓာတ်ပုံလေးကို သဘောကျရဲ့လား??? သဘောကျရင် ကောမန့်မှာ ဒေါင်း ကို ချစ်တဲ့အကြောင်းတွေ ပြောလို့ရပါပြီနော်။
အချိန်တိုင်း စောင့်မျှော်အားပေးနေတဲ့ စာဖတ်ပရိသတ်တွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
အမှန်တရားကိုချစ်မြတ်နိုးတဲ့ ပြည်သူ့အချစ်တော် မင်းသား ဒေါင်း ရဲ့ ရှားပါးငယ်ဘဝ ဓာတ်ပုံလေး