မြန်မာ့ရုပ်ရှင်လောက ရဲ့ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကိုပေါက် ကတော့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ပင် ဖြစ်ပါတယ်။
ကိုပေါက် ဟာ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့တဲ့အပြင် တော်လှန်ရေးအတွက် အစွမ်းကုန်ပါဝင်ခဲ့ပါတယ်။
ဒါကြောင့်လဲ စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခဲ့တာကြောင့် မိသားစုနဲ့မြို့ပြကြီးကို ခွဲခွာပြီးတော့ လွတ်မြောက်နယ်မြေကို တိမ်းရှောင်နေရပါတယ်။
ဒါရိုက်တာ ကိုပေါက် ကတော့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ နေထိုင်နေရင်း အဝေးတစ်နေရာကနေ မိသားစုကိုလွမ်းနေတာကို တွေ့ရပါတယ်။
ဒါရိုက်တာ ကိုပေါက် ကတော့ လွတ်မြောက်နယ်မြေမှာ ယူထားရတဲ့တာဝန်တွေကို အခုလိုပဲပြောပြလိုက်ပါတယ်။
” အာဇာနည်နေ့မှာ မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက် ဟိုးရှေးရှေးမှ စ ၍ယနေ့ထက်တိုင် ကြိုးစားခဲ့သူ မှတ်တမ်းဝင်အာဇာနည်များရော
မှတ်တမ်းမဝင် အာဇာနည်များရော၊ အမေ့ခံ အညတရသူရဲကောင်းများအားလုံးကို ဦးညွတ်အလေးပြုပါသည်။
ကျနော်ကတော့ ကျရာတာဝန်ယူရင်း သာမန်လက်ထောက်ရဲဘော်အဖြစ် တကယ်တန်းမလွတ်မြောက်သေးတဲ့ အများခေါ်ကြတဲ့လွတ်မြောက်နယ်မြေမှာ
ထမင်းချက်ဖို့လည်း ဝန်မလေးသလို ဆံပင်ညှပ်ပေးဖို့လည်း မငြင်းခဲ့ဘူး။ ကျနော်သည် ဒီနွေဦးတော်လှန်ရေးမှာ သာမန်လက်ထောက်ရဲဘော်တစ်ယောက်မျှသာ….” လို့ ရေးသားထားပါတယ်။
ကဲ…ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေမှာ ယူထားရတဲ့ ဒါရိုက်တာ ကိုပေါက် ရဲ့ တာဝန်တွေကို သိလောက်ပြီ ထင်ပါပြီနော်။
အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။
လြတ္ေျမာက္နယ္ေျမမွာ ယူထားရတဲ့တာဝန္ေတြကို ေျပာျပလိုက္တဲ့ ဒါ႐ိုက္တာ ကိုေပါက္
ျမန္မာ့႐ုပ္ရွင္ေလာက ရဲ႕ နာမည္ႀကီးဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ ကိုေပါက္ ကေတာ့ အမွန္တရားကို ခ်စ္ျမတ္ႏိုးတဲ့ အႏုပညာရွင္ေတြထဲမွာ တစ္ဦးအပါအဝင္ပင္ ျဖစ္ပါတယ္။
ကိုေပါက္ ဟာ အမွန္တရားအတြက္ ျပည္သူေတြနဲ႔အတူ လမ္းမေပၚထြက္ ဆႏၵျပခဲ့တဲ့အျပင္ ေတာ္လွန္ေရးအတြက္ အစြမ္းကုန္ပါဝင္ခဲ့ပါတယ္။
ဒါေၾကာင့္လဲ စစ္ေကာင္စီဘက္ကေန ပုဒ္မ ၅၀၅ က နဲ႔တရားစြဲဆိုခဲ့တာေၾကာင့္ မိသားစုနဲ႔ၿမိဳ႕ျပႀကီးကို ခြဲခြာၿပီးေတာ့ လြတ္ေျမာက္နယ္ေျမကို တိမ္းေရွာင္ေနရပါတယ္။
ဒါ႐ိုက္တာ ကိုေပါက္ ကေတာ့ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေနထိုင္ေနရင္း အေဝးတစ္ေနရာကေန မိသားစုကိုလြမ္းေနတာကို ေတြ႕ရပါတယ္။
ဒါ႐ိုက္တာ ကိုေပါက္ ကေတာ့ လြတ္ေျမာက္နယ္ေျမမွာ ယူထားရတဲ့တာဝန္ေတြကို အခုလိုပဲေျပာျပလိုက္ပါတယ္။
” အာဇာနည္ေန႔မွာ ျမန္မာႏိုင္ငံလြတ္ေျမာက္ေရးအတြက္ ဟိုးေရွးေရွးမွ စ ၍ယေန႔ထက္တိုင္ ႀကိဳးစားခဲ့သူ မွတ္တမ္းဝင္အာဇာနည္မ်ားေရာ
မွတ္တမ္းမဝင္ အာဇာနည္မ်ားေရာ၊ အေမ့ခံ အညတရသူရဲေကာင္းမ်ားအားလုံးကို ဦးၫြတ္အေလးျပဳပါသည္။
က်ေနာ္ကေတာ့ က်ရာတာဝန္ယူရင္း သာမန္လက္ေထာက္ရဲေဘာ္အျဖစ္ တကယ္တန္းမလြတ္ေျမာက္ေသးတဲ့ အမ်ားေခၚၾကတဲ့လြတ္ေျမာက္နယ္ေျမမွာ
ထမင္းခ်က္ဖို႔လည္း ဝန္မေလးသလို ဆံပင္ညႇပ္ေပးဖို႔လည္း မျငင္းခဲ့ဘူး။ က်ေနာ္သည္ ဒီေႏြဦးေတာ္လွန္ေရးမွာ သာမန္လက္ေထာက္ရဲေဘာ္တစ္ေယာက္မွ်သာ….” လို႔ ေရးသားထားပါတယ္။
ကဲ…ပရိသတ္ႀကီးေရ လြတ္ေျမာက္နယ္ေျမမွာ ယူထားရတဲ့ ဒါ႐ိုက္တာ ကိုေပါက္ ရဲ႕ တာဝန္ေတြကို သိေလာက္ၿပီ ထင္ပါၿပီေနာ္။
အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ေတြကို ေက်းဇူးအထူးတင္ရွိပါတယ္။