Cele News

တော်လှန်ရေးအတွက် အရေးကြီးတာကို ဦးစားပေးပြီး လုပ်သင့်ကြောင်း တိုက်တွန်းလိုက်တဲ့ မင်းမော်ကွန်း

ပရိသတ်တိုင်း ချစ်ခင်ရတဲ့ ပြည်သူချစ်သရုပ်ဆောင် မင်းသားချော အကယ်ဒမီ မင်းမော်ကွန်း ကတော့ ဆယ်စုနှစ်တစ်ခုကြာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး ပရိသတ်အားပေးချစ်ခင်မှု့ကို အပြည့်အဝရရှိထားတဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်လဲ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာကြောင့် အားလုံးကချစ်ခင်အားပေးရတဲ့ ပြည်သူကချစ်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

မင်းမော်ကွန်း ကတော့ စစ်ကောင်စီမှ ၅၀၅ က ဖြင့်တရားစွဲဆိုခံရပြီးနောက် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေမှာ အဆင်ပြေအောင်နေထိုင်ရင်း တော်လှန်ရေးအတွက် အခြားအနုပညာရှင်တွေနဲ့အတူ အစွမ်းကုန်ကြိုးစားနေတာကို တွေ့ရပါတယ်။

” ဆူတစ်လှည့်ချော့တစ်လှည့်တော့ပြောရမှာပဲလေ ပွဲတွေကသိပ်စောက်ရေးကြီးနေလို့လားဟ မမများနဲ့ပွဲကမယ်မှာ ထောက်ပံ့ပေးကြပါခင်ညာ

လိမ္မာပါတယ်နော် တစ်ယောက်ငါးသောင်းဆို လူအယောက်သောင်းခြောက်ထောင်ဆိုပြည့်ပြီ ငါးသောင်းမနိုင်ရင်နိုင်သလောက်လှူ ပိုတတ်နိုင်တဲ့သူကပိုလှူ

ကျွန်တော်တို့ ရဲဘော်တွေအတွက် အရေးကြီးလို့ပြောနေတာ” လို့ မင်းမော်ကွန်း ဟာ ပြည်သူတွေအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

ကဲ…ပရိသတ်ကြီးရေ မမများနဲ့ပွဲကမယ် မှာ ပါဝင်ကြဖို့ တော်လှန်ရေးအတွက် အထောက်အပံ့တွေရရှိအောင် ပါဝင်လိုက်ကြပါအုန်းနော်။

ေတာ္လွန္ေရးအတြက္ အေရးႀကီးတာကို ဦးစားေပးၿပီး လုပ္သင့္ေၾကာင္း တိုက္တြန္းလိုက္တဲ့ မင္းေမာ္ကြန္း

ပရိသတ္တိုင္း ခ်စ္ခင္ရတဲ့ ျပည္သူခ်စ္သ႐ုပ္ေဆာင္ မင္းသားေခ်ာ အကယ္ဒမီ မင္းေမာ္ကြန္း ကေတာ့ ဆယ္စုႏွစ္တစ္ခုၾကာ ဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးထားၿပီး ပရိသတ္အားေပးခ်စ္ခင္မႈ႕ကို အျပည့္အဝရရွိထားတဲ့ မင္းသားေခ်ာတစ္လက္ျဖစ္ပါတယ္။

လက္ရွိမွာဆိုရင္လဲ အမွန္တရားအတြက္ ျပည္သူေတြနဲ႔အတူ ရပ္တည္ခဲ့တာေၾကာင့္ အားလုံးကခ်စ္ခင္အားေပးရတဲ့ ျပည္သူကခ်စ္တဲ့ အႏုပညာရွင္တစ္ဦးအျဖစ္ ဆက္လက္ရပ္တည္ေနပါတယ္။

မင္းေမာ္ကြန္း ကေတာ့ စစ္ေကာင္စီမွ ၅၀၅ က ျဖင့္တရားစြဲဆိုခံရၿပီးေနာက္ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမမွာ အဆင္ေျပေအာင္ေနထိုင္ရင္း ေတာ္လွန္ေရးအတြက္ အျခားအႏုပညာရွင္ေတြနဲ႔အတူ အစြမ္းကုန္ႀကိဳးစားေနတာကို ေတြ႕ရပါတယ္။

” ဆူတစ္လွည့္ေခ်ာ့တစ္လွည့္ေတာ့ေျပာရမွာပဲေလ ပြဲေတြကသိပ္ေစာက္ေရးႀကီးေနလို႔လားဟ မမမ်ားနဲ႔ပြဲကမယ္မွာ ေထာက္ပံ့ေပးၾကပါခင္ညာ

လိမၼာပါတယ္ေနာ္ တစ္ေယာက္ငါးေသာင္းဆို လူအေယာက္ေသာင္းေျခာက္ေထာင္ဆိုျပည့္ၿပီ ငါးေသာင္းမႏိုင္ရင္ႏိုင္သေလာက္လႉ ပိုတတ္ႏိုင္တဲ့သူကပိုလႉ

ကြၽန္ေတာ္တို႔ ရဲေဘာ္ေတြအတြက္ အေရးႀကီးလို႔ေျပာေနတာ” လို႔ မင္းေမာ္ကြန္း ဟာ ျပည္သူေတြအားလုံးကို တိုက္တြန္းလိုက္ပါတယ္။

ကဲ…ပရိသတ္ႀကီးေရ မမမ်ားနဲ႔ပြဲကမယ္ မွာ ပါဝင္ၾကဖို႔ ေတာ္လွန္ေရးအတြက္ အေထာက္အပံ့ေတြရရွိေအာင္ ပါဝင္လိုက္ၾကပါအုန္းေနာ္။