Cele News

လွတ်မြောက်နယ်မြေမှာ ရှင်သန်ဖို့အတွက် မဖြစ်မနေ ကြိုးစားရုန်းကန်နေရတဲ့ ထားထက်ထက်

ပရိသတ်ကြီးရေ အလှမယ် ထားထက်ထက် ကတော့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

သူမကတော့ လက်ရှိမှာဆိုရင်တော ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ပြည်သူတွေကိုကာကွယ်ဖို့ စစ်သင်တန်းတတ်ရောက်နေပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှု့ကို အများဆုံးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ထားထက်ထက် ဟာဖခင်ကွယ်လွန်တဲ့နောက်ဆုံးအချိန်ကိုတောင် တွေ့ခွင့်မရခဲ့ပါဖူး။

အလှမယ် ထားထက်ထက် ဟာဖခင်ကွယ်လွန်သွားတာ ၈ လပြည့်မှာ အခုလိုပဲရေးသားလာခဲ့ပါတယ်။ ” ရှင်သန်ဖို့အတွက် ကြိုးစားနေရတာမဟုတ်ပဲ ရှင်သန်နေလို့ မဖြစ်မနေ ရုန်းကန်နေရတာမျိုး ထုတ်ပြောဖို့အတွက်တောင် သိပ်ပင်ပန်းလွန်းနေလို့ ထုတ်မပြောနိုင်ပေမယ့်

ရင်ထဲမှာတော့ ဝမ်းနည်းနာကျင်စရာနဲ့ ပင်ပန်းစရာတွေက အပြည့်ပဲ… သူ့ကျန်းမာရေးကြောင့် အလုပ်ကိစ္စကလွဲရင် ခရီးသိပ်မသွားဖြစ်တဲ့ အဖေ့ကို အပန်းဖြေခရီးသွားဖို့နဲ့ ဗုဒ္ဓဂါယာသွားဖို့ တော်တော်ညှိနှိုင်းပြောခဲ့ရတာ…ဗုဒ္ဓဂါယာသွားမယ်ဆိုပြီး ကတိပေးထားတာ မတည်နိုင်ခဲ့ဘူး

အသက်တွေကြီးလာ ၊ ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်လာတဲ့အခါမှာ ငယ်ငယ်တုန်းကလို မိသားစုလိုက် ခရီးသွားဖို့ဆိုတာ မလွယ်ကူတော့ အပန်းဖြေခရီး လှတဲ့နေရာတခုသွားဖြစ်အောင်မနည်းစီစဉ်ခေါ်ခဲ့ရတာ…

အဖေနဲ့ အတူတူသွားရတဲ့ နောက်ဆုံးခရီးဖြစ်ခဲ့ရလိမ့်မယ်လို့ မထင်ခဲ့ဘူး…ခရီးတောက်လျှောက် ကိုယ်ကနေမကောင်းဖြစ် လမ်းလျှောက်ဖို့တောင် အားမရှိ ပင်ပန်းလွန်းနေတော့

အဖေနဲ့ကိုယ်နဲ့ ၂ ယောက်ထဲ ဖြည်းဖြည်းချင်း နောက်ဆုံးကနေ လမ်းလျှောက်ရင်း…..ဖေ ….. သမီးရဲ့ life က ဖေနဲ့တူတယ်ထင်တယ် ၊ ပင်ပန်းလွန်းတယ် ဘယ်အရာမှ လွယ်လွယ်မရ အရမ်းခက်ခဲတယ် ဆိုတော့ …

ဘာဖြစ်လို့လဲတဲ့…အခုဆိုပဲကြည့်လေ သမီးကအလုပ်ကိစ္စ ၊ ရိုက်ကူးရေးနဲ့ပဲ ခရီးသွားဖြစ်တာများတယ်။ ဘာအလုပ်မှမပါပဲ အေးဆေး အပန်းဖြေခရီး အခုမှထွက်ဖြစ်တာ ၊ အဲ့ဒါကိုအခု လမ်းလျှောက်ရတာတောင် မလျှောက်နိုင်အောင် နေမကောင်းဖြစ်နေတော့ ပျော်ရတာထက် ပင်ပန်းရတာပါပဲ…..

သူများတွေအတွက် မြင်သမျှ တွေ့သမျှ လှပနေတဲ့ တောင်တွေ ၊ ပင်လယ်တွေနဲ့ ဘာလီကျွန်းလိုနေရာက သမီးအတွက်တော့ ဘာမှမလှနိုင် ၊ မောပန်းပြီး ပင်ပန်းစရာကြီးကိုဖြစ်လို့ ၊ နောက်တခါဘယ်တော့မှမသွားချင်လောက်အောင်ပဲ ဆိုတော့ မျက်နှာကိုသေချာကြည့်ပြီး ရီတယ်… ပြန်မရတော့မယ့် အမှတ်တရပဲ…..

ငယ်ငယ်ကတည်းက ဘဝကိုပင်ပင်ပန်းပန်း ရိုးရိုးသားသားနဲ့ ရုန်းကန်ပြီး ကြီးပြင်းလာရတဲ့အဖေက သူ့ဘဝဘယ်လောက်ခက်ခဲပင်ပန်းလဲ ၊ လူတွေဘယ်လောက်အနိုင်ကျင့်တာ နှိမ်တာခံခဲ့ရလဲ ဆိုတဲ့ ကြုံဆုံခဲ့ရတဲ့ ဇာတ်ကြောင်းတွေအများကြီးပြောပြခဲ့ဖူးပေမယ့် သားသမီးတွေရှေ့မှာ ငိုတာ တခါမှမမြင်ဖူးခဲ့ဘူး…

သိပ်ကိုခံနိုင်ရည်ရှိပြီး လူတိုင်းအပေါ်ကောင်း ၊ သည်းခံတတ်ပြီး သဘောထားပြည့်ဝတဲ့ အဖေ နေ့တိုင်း သတိရတယ်…နေ့တိုင်း မေတ္တာပို့တယ်…နေ့တိုင်း လွမ်းတယ်…” လို့ ထားထက်ထက် ဟာသူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ စိတ်မကောင်းစွာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာတောင် နောက်ဆုံးအချိန်ထိ မတွေ့လိုက်ရတာကြောင့် ထားထက်ထက် ဟာ အခုအချိန်ထိ ခံစားနေရတာပဲ ဖြစ်ပါတယ်။

ဖခင်ချစ်သမီးဖြစ်တဲ့ ထားထက်ထက် ရဲ့ ဆုံးရှုံးမူ့ဟာ အရမ်းကိုကြီးမားလွန်းတာပဲ ဖြစ်ပါတယ်။

လြတ္ေျမာက္နယ္ေျမမွာ ရွင္သန္ဖို႔အတြက္ မျဖစ္မေန ႀကိဳးစား႐ုန္းကန္ေနရတဲ့ ထားထက္ထက္

ပရိသတ္ႀကီးေရ အလွမယ္ ထားထက္ထက္ ကေတာ့ ခိုင္မာတဲ့စိတ္ဓာတ္နဲ႔ အာဏာရွင္ကို တြန္းလွန္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။

သူမကေတာ့ လက္ရွိမွာဆိုရင္ေတာ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ျပည္သူေတြကိုကာကြယ္ဖို႔ စစ္သင္တန္းတတ္ေရာက္ေနၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈ႕ကို အမ်ားဆုံးရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနတဲ့ ထားထက္ထက္ ဟာဖခင္ကြယ္လြန္တဲ့ေနာက္ဆုံးအခ်ိန္ကိုေတာင္ ေတြ႕ခြင့္မရခဲ့ပါဖူး။

အလွမယ္ ထားထက္ထက္ ဟာဖခင္ကြယ္လြန္သြားတာ ၈ လျပည့္မွာ အခုလိုပဲေရးသားလာခဲ့ပါတယ္။ ” ရွင္သန္ဖို႔အတြက္ ႀကိဳးစားေနရတာမဟုတ္ပဲ ရွင္သန္ေနလို႔ မျဖစ္မေန ႐ုန္းကန္ေနရတာမ်ိဳး ထုတ္ေျပာဖို႔အတြက္ေတာင္ သိပ္ပင္ပန္းလြန္းေနလို႔ ထုတ္မေျပာႏိုင္ေပမယ့္

ရင္ထဲမွာေတာ့ ဝမ္းနည္းနာက်င္စရာနဲ႔ ပင္ပန္းစရာေတြက အျပည့္ပဲ… သူ႔က်န္းမာေရးေၾကာင့္ အလုပ္ကိစၥကလြဲရင္ ခရီးသိပ္မသြားျဖစ္တဲ့ အေဖ့ကို အပန္းေျဖခရီးသြားဖို႔နဲ႔ ဗုဒၶဂါယာသြားဖို႔ ေတာ္ေတာ္ညႇိႏႈိင္းေျပာခဲ့ရတာ…ဗုဒၶဂါယာသြားမယ္ဆိုၿပီး ကတိေပးထားတာ မတည္ႏိုင္ခဲ့ဘူး

အသက္ေတြႀကီးလာ ၊ ကိုယ့္အလုပ္နဲ႔ကိုယ္ျဖစ္လာတဲ့အခါမွာ ငယ္ငယ္တုန္းကလို မိသားစုလိုက္ ခရီးသြားဖို႔ဆိုတာ မလြယ္ကူေတာ့ အပန္းေျဖခရီး လွတဲ့ေနရာတခုသြားျဖစ္ေအာင္မနည္းစီစဥ္ေခၚခဲ့ရတာ…

အေဖနဲ႔ အတူတူသြားရတဲ့ ေနာက္ဆုံးခရီးျဖစ္ခဲ့ရလိမ့္မယ္လို႔ မထင္ခဲ့ဘူး…ခရီးေတာက္ေလွ်ာက္ ကိုယ္ကေနမေကာင္းျဖစ္ လမ္းေလွ်ာက္ဖို႔ေတာင္ အားမရွိ ပင္ပန္းလြန္းေနေတာ့

အေဖနဲ႔ကိုယ္နဲ႔ ၂ ေယာက္ထဲ ျဖည္းျဖည္းခ်င္း ေနာက္ဆုံးကေန လမ္းေလွ်ာက္ရင္း…..ေဖ ….. သမီးရဲ႕ life က ေဖနဲ႔တူတယ္ထင္တယ္ ၊ ပင္ပန္းလြန္းတယ္ ဘယ္အရာမွ လြယ္လြယ္မရ အရမ္းခက္ခဲတယ္ ဆိုေတာ့ …

ဘာျဖစ္လို႔လဲတဲ့…အခုဆိုပဲၾကည့္ေလ သမီးကအလုပ္ကိစၥ ၊ ႐ိုက္ကူးေရးနဲ႔ပဲ ခရီးသြားျဖစ္တာမ်ားတယ္။ ဘာအလုပ္မွမပါပဲ ေအးေဆး အပန္းေျဖခရီး အခုမွထြက္ျဖစ္တာ ၊ အဲ့ဒါကိုအခု လမ္းေလွ်ာက္ရတာေတာင္ မေလွ်ာက္ႏိုင္ေအာင္ ေနမေကာင္းျဖစ္ေနေတာ့ ေပ်ာ္ရတာထက္ ပင္ပန္းရတာပါပဲ…..

သူမ်ားေတြအတြက္ ျမင္သမွ် ေတြ႕သမွ် လွပေနတဲ့ ေတာင္ေတြ ၊ ပင္လယ္ေတြနဲ႔ ဘာလီကြၽန္းလိုေနရာက သမီးအတြက္ေတာ့ ဘာမွမလွႏိုင္ ၊ ေမာပန္းၿပီး ပင္ပန္းစရာႀကီးကိုျဖစ္လို႔ ၊ ေနာက္တခါဘယ္ေတာ့မွမသြားခ်င္ေလာက္ေအာင္ပဲ ဆိုေတာ့ မ်က္ႏွာကိုေသခ်ာၾကည့္ၿပီး ရီတယ္… ျပန္မရေတာ့မယ့္ အမွတ္တရပဲ…..

ငယ္ငယ္ကတည္းက ဘဝကိုပင္ပင္ပန္းပန္း ႐ိုး႐ိုးသားသားနဲ႔ ႐ုန္းကန္ၿပီး ႀကီးျပင္းလာရတဲ့အေဖက သူ႔ဘဝဘယ္ေလာက္ခက္ခဲပင္ပန္းလဲ ၊ လူေတြဘယ္ေလာက္အႏိုင္က်င့္တာ ႏွိမ္တာခံခဲ့ရလဲ ဆိုတဲ့ ႀကဳံဆုံခဲ့ရတဲ့ ဇာတ္ေၾကာင္းေတြအမ်ားႀကီးေျပာျပခဲ့ဖူးေပမယ့္ သားသမီးေတြေရွ႕မွာ ငိုတာ တခါမွမျမင္ဖူးခဲ့ဘူး…

သိပ္ကိုခံႏိုင္ရည္ရွိၿပီး လူတိုင္းအေပၚေကာင္း ၊ သည္းခံတတ္ၿပီး သေဘာထားျပည့္ဝတဲ့ အေဖ ေန႔တိုင္း သတိရတယ္…ေန႔တိုင္း ေမတၱာပို႔တယ္…ေန႔တိုင္း လြမ္းတယ္…” လို႔ ထားထက္ထက္ ဟာသူမရဲ႕လူမူ႔ကြန္ယက္ေပၚမွာ စိတ္မေကာင္းစြာ ေရးသားထားတာကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ ဖခင္ျဖစ္သူ ကြယ္လြန္သြားခဲ့တာေတာင္ ေနာက္ဆုံးအခ်ိန္ထိ မေတြ႕လိုက္ရတာေၾကာင့္ ထားထက္ထက္ ဟာ အခုအခ်ိန္ထိ ခံစားေနရတာပဲ ျဖစ္ပါတယ္။

ဖခင္ခ်စ္သမီးျဖစ္တဲ့ ထားထက္ထက္ ရဲ႕ ဆုံးရႈံးမူ႔ဟာ အရမ္းကိုႀကီးမားလြန္းတာပဲ ျဖစ္ပါတယ္။