Cele News

အမှန်တရားဘက်တော်သားတစ်ဦးဖြစ်တဲ့ ဟားငါး‌ကောင် လူရွှင်တော် တိုင်းကျော် ရဲ့မွေးနေ့

ပရိသတ်ကြီးရေ ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပျက်လုံးတွေနဲ့ တင်ဆက်နေတဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။

ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အာဏာစသိမ်းတဲ့အချိန်ကစပြီး အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ အစောဆုံးရပ်တည်ခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊ပိုးလေး၊တိုးကျော် အစရှိတဲ့အဖွဲ့ဝင်ငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

အမှန်တရားဘက်တော်သားတွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ တတ်ညီလက်ညီနဲ့ အာဏာရှင်ကိုတွန်းလှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အငြိမ့်ဇာတ်ခုံမှာ ကပြဖျော်ဖြေရုံတင်မက ရုပ်ရှင်ဇာတ်ကားတွေထဲမှာလဲ ဟာသသရုပ်ဆောင်မနေနဲ့ သရုပ်ဆောင်ကြပါသေးတယ်နော်။

ဟာသရုပ်ဆောင်အဖြစ်သရုပ်ဆောင်ရာမှာလဲ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဖွဲ့တစ်ခုလဲ ဖြစ်ပါတယ်။

ဒီကနေ့ကတော့ အမှန်တရားဘက်တော်သားတစ်ဦးဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော် တိုင်းကျော် ရဲ့ ၄၅ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လိုင်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့မွေးနေ့မှစပြီး လိုချင်နေတဲ့ ဒီမိုကရေစီပန်းတိုင်ကို အမြန်ဆုံးရောက်ရှိပြီး တိုက်ပွဲတိုင်အောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။








