ပရိသတ်ကြီးရေ The Voice Myanmar မှာဒိုင်အဖြစ်ပါဝင်ခဲ့ပြီးတော့ ဟစ်ဟော့ပ်လောကမှာ နာမည်ကြီးလူသိများတဲ့ အဆိုတော် ရန်ရန်ချမ်း ကိုတော့ အားလုံးပဲသိကြမှာပါနော်။
သူကတော့ မြန်မာ့ဟစ်ဟော့လောကကို စတင်ခဲ့တဲ့ အက်ဆစ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သီချင်းကောင်းများစွာနဲ့ ပရိသတ်တွေကြား နာမည်ကြီးခဲ့သူဖြစ်ပါတယ်။
ဒါအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။
ဒါကြောင့် ရန်ရန်ချမ်း ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတာပဲဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာပြည်နဲ့ဝေးရာဖြစ်တဲ့ နိုင်ငံရပ်ခြားကို ရောက်ရှိနေပြီး မြန်မာပြည်ကိုအရမ်းလွမ်းနေတယ်လို့လဲ ရင်ဖွင့်ထားပါသေးတယ်။
” ခွေးတွေဘက်ခြမ်းကကောင်တွေကိုတစ်ခုပြောပြမယ် ငါတို့တစ်ခါတစ်လေငြီးကြတယ်ဆိုတာကိုယ်မြေကိုယ့်ရေကိုလွမ်းလို့ကွ ကျန်တာအကုန်အဆင်ပြေတယ်
ဒီမှာကိုယ့်လူမျိုးတွေအများကြီးပဲ အပ်တိုကနေဒုံးပျံအထိကြိုက်တာပြောအကုန်ဖြစ်အောင်ကူညီကြတယ် ။ ဒီကောင်တွေဒုက္ခရောက်နေမှာပဲဆိုပြီးပျော်မနေကြနဲ့
မင်းတို့ကိုနှိပ်ကွတ်ဖို့စက္ကန့်မလပ်တွေးနေတယ်ဆိုတာမမေ့နဲ့” လို့ ရန်ရန်ချမ်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
နိုင်ငံရပ်ခြားမှာ နေထိုင်နေရပေမယ့် အဆင်ပြေနေတဲ့အကြောင်း မနာလိုသူတွေသိအောင် ပြောပြလိုက်တဲ့ ရန်ရန်ချမ်း