ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် မင်းသားချော ဇာဏ်ခီ ကတော့ အနုပညာကိုဘက်စုံတော်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
ရိုက်ကူးတင်ဆက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းဟာလဲ ပရိသတ်တွေကြားထဲမှာ နာမည်ကြီးကျော်ကြား လူကြိုက်များခဲ့ကြပါတယ်။
မင်းသား ဇာဏ်ခီ မှာတော့အရမ်းကိုနားလည်လွန်းတဲ့ ပါရမီဖြည့်ဘက်ဇနီးသည် ဒါရိုက်တာ ခရစ်တီနားခီ နဲ့အတူ ဘဝကိုဖြတ်သန်းရင်း ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးကိုပိုင်ဆိုင်ထားပါတယ်။
ဇာဏ်ခီ ကတော့ သူလေးစားကြည်ညိုရတဲ့ အမျိုးသမီးကြီးတစ်ယောက်နဲ့ ပတ်သတ်ပြီး ပြည်သူတွေကို အသိပေးထားပါတယ်။
ရုပ်ရှင်မင်းသားချော ဇာဏ်ခီ ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သတ်ပြီး သတင်းလေးတွေကို အမြဲတမ်းမျှဝေပေးနေသူလဲဖြစ်ပါတယ်။
နေပြည်တော်အချုပ်ထောင်မှာ နေထိုင်နေရတဲ့ အမေစု ဟာ လက်ရှိမှာ မိုးမလုံလေမလုံတဲ့ နေရာမှာနေထိုင်နေရပြီး စားရေးသောက်ရေးကိုလဲ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။
အမေစုရဲ့ ကျန်းမာရေးမှာ ကောင်းမွန်နေပုံရသော်လည်း မူလကပင် သွယ်လျသည့် ခန္ဓာကိုယ်ပိုင်ရှင်မှာ ယခင်ကထက် သိသိသာသာ ပိန်သွားပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဇာဏ်ခီ က” စိတ်မကောင်းမဖြစ်နဲ့.. လုပ်စရာရှိတာလုပ်ပါ.. အမေလည်းသူလုပ်စရာရှိတာလုပ်နေတယ်..
ဘာမှမလုပ်ပဲနဲ့စိတ်မကောင်းဖြစ်နေရင်တော့အပိုပဲ” လို့ ဇာဏ်ခီ ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
မိုးမလုံလေမလုံတဲ့ဒဏ်ကို ခံစားနေတဲ့ အမေစုအတွက် စိတ်မကောင်းမဖြစ်ကြဘဲ လုပ်စရာရှိတာဆက်လုပ်ကြပါဆိုတဲ့ ဇာဏ်ခီ