ပရိသတ်ကြီးရေ အလှမယ်လေး ထားထက်ထက် ကတော့ လက်ရှိမှာတော့ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်နော်။
သူမဟာ အမှန်တရားအတွက် ကြိုးကြိုးစားစားနဲ့ ကျရာတာဝန်ကို ထမ်းဆောင်ရင်းအာဏာရှင်ကို တွန်းလှန်နေသူလေးတစ်ယောက်လဲ ဖြစ်ပါတယ်။
ဒါကြောင့်လဲ သူမကိုချစ်တဲ့ ပရိသတ်တွေကဟာ သူမကိုလုံခြုံဘေးကင်းစေဖို့ အမြဲတမ်းဆုတောင်းပေးနေကြတာလဲ ဖြစ်ပါတယ်နော်။
အလှမယ်ဖြစ်ပေမယ့် ယောက်ကျားလေးရဲဘော်တွေနဲ့ ရင်ဘောင်တန်းပြီး တာဝန်ထမ်းဆောင်နေတာကြောင့် အားလုံးကလေးစားအားကျနေကြတာပဲဖြစ်ပါတယ်။
အလှမယ် ထားထက်ထက် ဟာရန်ကုန်ကပြည်သူတွေကို သွေးမအေးဖို့ သူမဖေ့ဘွတ်အကောင့်မှတစ်ဆင့် မေတ္တာရပ်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာ ဆယ်လကျော်နီးပါး ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ဆယ်လကျော်ကြာမြင့်ခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့လက်ရှိအနေထားဟာ အခြေအနေတွေပိုမိုဆိုးရွားလာခဲ့ပါတယ်။
အလှမယ် ထားထက်ထက်ဟာ ရန်ကုန်မှာနေထိုင်တဲ့ ပြည်သူတွေကို သွေးမအေးကြဖို့ တောင်းဆိုလိုက်တဲ့အကြောင်းကို ” သို့ … ရန်ကုန် နေ့တိုင်း သွေးပူနေရဖို့ နေ့တိုင်း ကျဆုံးပေးနေရတဲ့ အဖြစ်မျိုး ရောက်အောင် တွန်းမပို့ပါနဲ့ လို့ မေတ္တာရပ်ခံ လိုက်ပါတယ်…” လို့
သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ဝေဖန်အကြံပေးချက်လေးတွေကို ကောမန့်မှာ ရေးသားပေးခဲ့ပါအုန်းနော်။
အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ရန်ကုန်က ပြည်သူတွေကို သွေးမအေးဖို့ လွတ်မြောက်နယ်မြေကနေ မေတ္တာရပ်ခံလိုက်တဲ့ ထားထက်ထက်