Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်မြောက်မြားစွာရရှိခဲ့ပြီး ဂီတလောကမှာနာမည်ရလာခဲ့တဲ့ ကရင်တိုင်းရင်းသားအဆိုတော် စောခရစ်မူးလာ ကိုတော့ ပရိသတ်တိုင်းသိကြလိမ့်မယ်ထင်ပါတယ်။
ရော့ခ်သီချင်းတွေကိုအဓိက သီဆိုပြီးတော့ ဆံပင်ရှည်ရှည်လေးနဲ့ မိန်းကလေးပရိသတ်တွေကို ဆွဲဆောင်နိုင်လွန်းသူတစ်ဦးလဲဖြစ်ပါတယ်။
မူးလာ ဟာလက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ ကျရာတာဝန်ကို ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မူးလာ ကတစ်ခါတစလေ အိမ်နဲ့အမေ့ကိုလွမ်းတဲ့အကြောင်းကို ရေးသားလေ့ရှိတာကြောင့် ပရိသတ်တွေ စိတ်မကောင်းဖြစ်ကြရပါတယ်။
အာဏာသိမ်းတာကိုလက်မခံတဲ့ ပြည်သူအချို့နဲ့ အနုပညာရှင်တွေဟာဆိုရင် လွတ်မြောက်နယ်မြေမှာ ခိုလှုံရင်း တော်လှန်ဖို့ကြိုးစားနေကြတာပဲဖြစ်ပါတယ်။
အစားအသောက်၊အနေအထိုင်ခက်ခဲကြမ်းတမ်းလွန်းတဲ့ လွတ်မြောက်နယ်မြေ ကတော့လူတိုင်းအတွက် အဆင်ပြေချောမွေ့ကြလိမ့်မယ်မထင်ပါတယ်နော်။
အခုဆိုရင် မိုးတွေရွာလွန်းတာကြောင့် အအေးဓာတ်ကတော့ သိသိသာသာတိုးလာတာကြောင့် တောထဲမှာနေထိုင်တဲ့ အမှန်တရားဘက်တော်သားတွေအတွက်တော့ အေးမြတဲ့ဒဏ်ကိုအစွမ်းကုန်ခံစားနေရပါပြီ။
ဒီအကြောင်းနဲ့ပတ်သတ်ပြီး မူးလာ ဟာ ” မေးခိုက်အောင် အေးတဲ့ တော်လှန်ရေး” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကိုပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
အဆိုတော် စောခရစ် မူးလာ နဲ့အတူ အမှန်တရားအတွက်ကြိုးစားနေတဲ့လူအချို့ကတော့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ အအေးဒဏ်ကို ခံစားနေရတာကြောင့် ပရိသတ်တွေကလဲ စိတ်မကောင်းဖြစ်နေကြရပါတယ်။
မူးလာ အတွက်အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားပေးခဲ့ပါအုန်းနော်။
တောထဲမှာ မေးခိုက်အောင် အေးလွန်းတယ်ဆိုတဲ့ အဆိုတော် မူးလာ