Cele News

အောင်မြင်မှု့တွေကိုထားခဲ့ပြီး တော်လှန်ရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ မင်သား ဒေါင်း နဲ့ မင်းမော်ကွန်း

ပရိသတ်ကြီးရေ တော်လှန်ရေးအတွက် အောင်မြင်မှု့တွေကို စွန့်ခဲ့ပြီး ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ကျရာတာဝန်တွေကို ထမ်းဆောင်နေကြတဲ့ နယ်ပယ်အသီးအသီးက အနုပညာရှင်များစွာ ရှိပါတယ်။

 

 

အဲ့ဒီအထဲကမှ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားချောတစ်လက်ဖြစ်တဲ့ မင်းသားချောနှစ်ယောက်ကို ဖော်ပြပေးချင်ပါတယ်နော်။

သူတို့နှစ်ဦးကတော့ ပြည်သူ့အချစ်တော်တွေဖြစ်ကြတဲ့ မင်းသား မင်းမော်ကွန်း နဲ့ မင်းသား ဒေါင်း တို့ပဲ ဖြစ်ပါတယ်။

 

 

တစ်ခေတ်တခါကတည်းက နာမည်ကြီးကျော်ကြားခဲ့တဲ့ အကယ်ဒမီ မင်းသား မင်းမော်ကွန်း ကတော့ ပရိသတ်တွေအားပေးချစ်ခင်ခဲ့ရတဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။

 

 

“နှလုံးလှလူမိုက်”ဆိုတဲ့ ဇာတ်ကားနဲ့အကယ်ဒမီဆုကြီးကို ရရှိခဲ့တာဖြစ်ပြီး အခုချိန်မှာလဲ အမှန်တရားကိုချစ်မြတ်နိုးတဲ့ အမှန်တရားဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်လျှက်ရှိပါတယ်။

နောက်မင်းသားချောတစ်လက်ကတော့ အားလုံးကချစ်ကြတဲ့ ပြည်သူ့အချစ်တော် ဒေါင်း ပဲ ဖြစ်ပါတယ်နော်။

 

 

ဒေါင်း ဟာ ထူးခြားတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အချိန်တိုအတွင်း ပရိသတ်တွေ ရင်ထဲကိုရောက်ရှိလာခဲ့ပြီး

ယောက်ကျားပီသာတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် မိန်းကလေးပရိသတ်အသည်းစွဲ မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။

 

 

ဒါအပြင် အမှန်တရားဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့ပြီး လက်ရှိအချိန်မှာ အောင်မြင်မှု့တွေကို စွန့်လွှတ်ပြီး လွတ်မြောက်နယ်မြေမှာ တာဝန်ထမ်းဆောင်နေပါတယ်။

 

 

ကဲ….ပရိသတ်ကြီးရေ အမှန်တရားကို ချစ်မြတ်နိုးတဲ့ မင်းသားနှစ်လက် လွတ်မြောက်နယ်မြေမှာ ဘေးကင်းကျန်းမာစေဖို့ ဆုတောင်းစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။










