ခွန်းဆင့်နေခြည် ကတော့ ဗီဒီယိုလောကခေတ် တစ်ခေတ်ထတဲ့အချိန်ခါတုန်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။
သူမဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာမှာလည်း အနုအကြမ်းမရွေးပဲ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ကြောင့် နယ်ပရိသတ်တွေနဲ့ မြို့ပရိသတ်တွေပါ ပိုင်ဆိုင်ထားနိုင်ခဲ့တာပါနော်။
ဒါအပြင်သူမဟာ ဝါရင့်ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်း ရဲ့တပည့်တစ်ဦးလည်းဖြစ်တာကြောင့် သရုပ်ဆောင်ပိုင်းက ပြောစရာမရှိအောင်ကောင်းလွန်းတာပဲဖြစ်ပါတယ်။
လက်ရှိမှာရုပ်ရှင်ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးခြင်းမရှိတော့ဘဲ နယူးယောက်မှာ နေထိုင်ပါတယ်။
ခွန်းဆင့် ကတော့ သူများနိုင်ငံမှာနေရတာ အရမ်းအထီးကျန်တယ်လို့ ရင်ဖွင့်လာပါတယ်။
” သူများနိုင်ငံမှာနေရတာအရမ်းအထီးကျန်တယ် ဒါပေမဲ့ပျော်အောင်ကြိုးစားပြီးနေရတာပေါ့ တစ်ယောက်ထဲ စားလိုက် အိပ်လိုက် ကစားလိုက် ဘဝကိုက အထီးကျန်ဖို့ဖြစ်လာသလိုပဲ
အသက်ရှင်နေသ၍မသေဖို့ကြိုးစားနေရအုံးမှာပဲ လူ့ဘဝဆိုတာဒါပါပဲ•••” ဆိုပြီး ခွန်းဆင့်နေခြည် ဟာ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
ခွန်းဆင့်နေခြည်ကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကံတရားအတိုင်းပဲ ဆက်လျှောက်မယ်လို့ ဆိုလာပါတယ်။
အချစ်ရေးနဲ့ပတ်သက်လာရင် အရမ်းတည်ငြိမ်တဲ့ မင်းသမီးချောကတော့ သရုပ်ဆောင် ခွန်းဆင့်နေခြည်ပါပဲ။
ပရိသတ်ကြီးရေ မိမိနိုင်ငံကနေ ထွက်ခွာပြီး တိုင်းတစ်ပါးမှာ နေထိုင်ရတဲ့ ခံစားချက်ကိုတော့ ပြည်ပရောက်ပရိသတ်တွေ သိလိမ့်မယ်ထင်ပါတယ်။
ဒါကြောင့် တစ်ယောက်ထဲ အထီးကျန်နေတဲ့ ခွန်းဆင့်နေခြည်အတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားခဲ့ပါအုန်းနော်။
အချိန်ပေးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
တိုင်းတစ်ပါးမှာ နေထိုင်ရတာ အရမ်းအထီးကျန်တယ်ဆိုတဲ့ မင်းသမီး ခွန်းဆင့်နေခြည်