ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။
လူတိုင်းကချစ်ခင်ကြရတဲ့ ကိုပေါက်ကြီးကတော့ ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်တဲ့အပြင် ဇာတ်ကားတွေကိုလဲ ဖန်တီးရိုက်ကူးနိုင်တဲ့
ဒါရိုက်တာ တစ်ဦးလဲဖြစ်တာကြောင့် ပရိသတ်ချစ်ခင်အားပေးမှု့များစွာကို ရရှိထားသူကြီးတစ်ဦးလဲဖြစ်ပါတယ်နော်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သတ်ပြီး အမှန်တရားကိုချစ်မြတ်နိုးသူပီပီ ပြည်သူတွေဘက်နေ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။
ကိုပေါက် ဟာ အခုချိန်ထိ တော်လှန်ရေးဟာ ကိုယ်နဲ့မဆိုင်သလို နေထိုင်နေကြတဲ့ အနုပညာရှင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။
” ပြည်သူကျွေးတဲ့ ထမင်းကိုစား ပြည်သူအားပေးလို့ နေရာရလာတဲ့ အနုပညာရှင်များကို သတင်းစကားလေးပါးချင်ပါတယ်။ ချစ်လို့ ခင်လို့ ပြောတာနော်။
အထူးသဖြင့် ခင်ဗျားတို့ကို အားပေးနေတဲ့ ပြည်သူတွေ၊ အထူးသဖြင့် ခင်ဗျားတို့ရဲ့ ဇာတ်ကားတွေကို ငှါးကြည့်၊ဝယ်ကြည့်၊ရုပ်ရှင်ရုံထဲအထိ ရောက်အောင်အားပေး၊ခင်ဗျားတို့ကိုထိရင် မခံဘဲ ပြန်ကာဘာလုပ်ပေး၊
ခင်ဗျားတို့ရဲ့ကောင်းသတင်းတွေ တဆင့်စကားတဆင့်နားကြားအောင် သယ်ဆောင်ပေးခဲ့တဲ့ သူတွေ အခု အာဏာရှင်က သတ်နေတာနော်။ အများကြီးပဲ။
ခင်ဗျားတို့ရဲ့ ညီအရွယ် ညီမအရွယ် သားသမီးအရွယ် ဦးလေးအရွယ် အဖိုးအဖွားအရွယ် အားလုံးကိုသတ်နေတာနော်။ဒါကို သိသလား။ မသိချင်ဟန်ဆောင်နေတာလား။
ခင်ဗျားတို့တွေပါးစပ်က ကျေးဇူးရှင်တွေ ကျေးဇူးရှင်တွေလို့ ခဏခဏ ပြောတာ ကျနော်ကြားခဲ့ရတယ်။ တကယ် ကျေးဇူးရှင်လို့သတ်မှတ်ခဲ့တာလား။
စားကောင်းရုံ ကြားကောင်းရုံ ပြောခဲ့တာလား။ ခင်ဗျားတို့အစား ကျနော် ပြည်သူကိုအားနာတယ်။
ခင်ဗျားတို့ကိုလည်း ကျနော် ချစ်တယ်ခင်တယ်။ ပြီးတော့ သံယောဇဉ်မပြတ်သေးဘူး။ ဒါက အနုပညာသမားဆိုတဲ့ခေါင်းစဉ်နဲ့ဖြစ်တဲ့ ချစ်ခြင်းတရားပါ။
အဲ့ဒီတော့ ပြောချင်တာက တော်လှန်ရေးကို ဆက်မပါနိုင်တော့ လို့လည်း ကျနော်တို့ အပြစ်မပြောဘူး။ ရှေ့မထွက်ကြလို့လည်း ဖောင်းထုတဲ့အထဲ ကျနော်မပါခဲ့ဘူး။
အဆင်ပြေသလိုနေပါ။ ရပါတယ်။ ဟီးဟီးဟားဟား သာသာယာယာလေးတွေ နေချင်သပ ဆိုရင်လည်း ကိုယ့်လူနဲ့ကိုယ် အိမ်ထဲမှာ နေလို့ရပါတယ်။ ဘယ်သူမှ မသိဘူးပေါ့။
ဘုရားဖူး သွားချင်လည်းသွားပါ။ ဘားထိုင် ကလပ် သွားချင်လည်းသွားပါ ရပါတယ်။ ဒါပေမယ့် online ပေါ်ကနေတော့ အရွဲ့မတိုက်ကြပါနဲ့လို့ ပြောချင်တာပါ။
တိတ်တိတ်နေခြင်းဖြင့် တော်လှန်ရေးကိုထောက်ခံပေးပါ။တောထဲမှာရော မြို့ပေါ်မှာပါ အသက် အိုးအိမ် ခြေလက်အင်္ဂါစွန့်ပြီး တော်လှန်ရေးအောင်ဖို့ ကြိုးစားနေသူတွေရင်ထဲကို
ခဏလောက် အလည်လာပြီး ကိုယ်ချင်စာစိတ်နဲ့ငါဆိုရင်ဘယ်လိုနေမလဲလို့ ခဏလေးပဲဝင်ကြည့်ပေးဖို့ ဖိတ်ခေါ်ချင်တယ်။
အထူးသဖြင့် လူစိတ် ရှ်ိဖို့ပါ။ ကျနော် အဆင်ပြေပါတယ်ခင်ဗျားတို့အဆင်မပြေမှာပဲ စိုးတာ”လို့ ကိုပေါက် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
ေတာ္လွန္ေရးဟာ ကိုယ္နဲ႔မဆိုင္သလို ေနထိုင္ေနၾကတဲ့ အႏုပညာရွင္ေတြကို ျပတ္ျပတ္သားသား စကားတစ္ခြန္းေျပာလိုက္တဲ့ ကိုေပါက္
ပရိသတ္ႀကီးေရ ဒါ႐ိုက္တာ ကိုေပါက္ ကေတာ့ ပရိသတ္ေတြနဲ႔မစိမ္းတဲ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။
လူတိုင္းကခ်စ္ခင္ၾကရတဲ့ ကိုေပါက္ႀကီးကေတာ့ ဇာတ္ကားေတြမွာ က်ရာဇာတ္႐ုပ္ကို အေကာင္းဆုံး အပိုင္ႏိုင္ဆုံး သ႐ုပ္ေဆာင္ႏိုင္တဲ့အျပင္ ဇာတ္ကားေတြကိုလဲ ဖန္တီး႐ိုက္ကူးႏိုင္တဲ့
ဒါ႐ိုက္တာ တစ္ဦးလဲျဖစ္တာေၾကာင့္ ပရိသတ္ခ်စ္ခင္အားေပးမႈ႕မ်ားစြာကို ရရွိထားသူႀကီးတစ္ဦးလဲျဖစ္ပါတယ္ေနာ္။
ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေနေတြနဲ႔ ပတ္သတ္ၿပီး အမွန္တရားကိုခ်စ္ျမတ္ႏိုးသူပီပီ ျပည္သူေတြဘက္ေန ျပတ္ျပတ္သားသားရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးလဲျဖစ္ပါတယ္။
ကိုေပါက္ ဟာ အခုခ်ိန္ထိ ေတာ္လွန္ေရးဟာ ကိုယ္နဲ႔မဆိုင္သလို ေနထိုင္ေနၾကတဲ့ အႏုပညာရွင္ေတြကို ေမတၱာရပ္ခံလိုက္ပါတယ္။
” ျပည္သူေကြၽးတဲ့ ထမင္းကိုစား ျပည္သူအားေပးလို႔ ေနရာရလာတဲ့ အႏုပညာရွင္မ်ားကို သတင္းစကားေလးပါးခ်င္ပါတယ္။ ခ်စ္လို႔ ခင္လို႔ ေျပာတာေနာ္။
အထူးသျဖင့္ ခင္ဗ်ားတို႔ကို အားေပးေနတဲ့ ျပည္သူေတြ၊ အထူးသျဖင့္ ခင္ဗ်ားတို႔ရဲ႕ ဇာတ္ကားေတြကို ငွါးၾကည့္၊ဝယ္ၾကည့္၊႐ုပ္ရွင္႐ုံထဲအထိ ေရာက္ေအာင္အားေပး၊ခင္ဗ်ားတို႔ကိုထိရင္ မခံဘဲ ျပန္ကာဘာလုပ္ေပး၊
ခင္ဗ်ားတို႔ရဲ႕ေကာင္းသတင္းေတြ တဆင့္စကားတဆင့္နားၾကားေအာင္ သယ္ေဆာင္ေပးခဲ့တဲ့ သူေတြ အခု အာဏာရွင္က သတ္ေနတာေနာ္။ အမ်ားႀကီးပဲ။
ခင္ဗ်ားတို႔ရဲ႕ ညီအ႐ြယ္ ညီမအ႐ြယ္ သားသမီးအ႐ြယ္ ဦးေလးအ႐ြယ္ အဖိုးအဖြားအ႐ြယ္ အားလုံးကိုသတ္ေနတာေနာ္။ဒါကို သိသလား။ မသိခ်င္ဟန္ေဆာင္ေနတာလား။
ခင္ဗ်ားတို႔ေတြပါးစပ္က ေက်းဇူးရွင္ေတြ ေက်းဇူးရွင္ေတြလို႔ ခဏခဏ ေျပာတာ က်ေနာ္ၾကားခဲ့ရတယ္။ တကယ္ ေက်းဇူးရွင္လို႔သတ္မွတ္ခဲ့တာလား။
စားေကာင္း႐ုံ ၾကားေကာင္း႐ုံ ေျပာခဲ့တာလား။ ခင္ဗ်ားတို႔အစား က်ေနာ္ ျပည္သူကိုအားနာတယ္။
ခင္ဗ်ားတို႔ကိုလည္း က်ေနာ္ ခ်စ္တယ္ခင္တယ္။ ၿပီးေတာ့ သံေယာဇဥ္မျပတ္ေသးဘူး။ ဒါက အႏုပညာသမားဆိုတဲ့ေခါင္းစဥ္နဲ႔ျဖစ္တဲ့ ခ်စ္ျခင္းတရားပါ။
အဲ့ဒီေတာ့ ေျပာခ်င္တာက ေတာ္လွန္ေရးကို ဆက္မပါႏိုင္ေတာ့ လို႔လည္း က်ေနာ္တို႔ အျပစ္မေျပာဘူး။ ေရွ႕မထြက္ၾကလို႔လည္း ေဖာင္းထုတဲ့အထဲ က်ေနာ္မပါခဲ့ဘူး။
အဆင္ေျပသလိုေနပါ။ ရပါတယ္။ ဟီးဟီးဟားဟား သာသာယာယာေလးေတြ ေနခ်င္သပ ဆိုရင္လည္း ကိုယ့္လူနဲ႔ကိုယ္ အိမ္ထဲမွာ ေနလို႔ရပါတယ္။ ဘယ္သူမွ မသိဘူးေပါ့။
ဘုရားဖူး သြားခ်င္လည္းသြားပါ။ ဘားထိုင္ ကလပ္ သြားခ်င္လည္းသြားပါ ရပါတယ္။ ဒါေပမယ့္ online ေပၚကေနေတာ့ အ႐ြဲ႕မတိုက္ၾကပါနဲ႔လို႔ ေျပာခ်င္တာပါ။
တိတ္တိတ္ေနျခင္းျဖင့္ ေတာ္လွန္ေရးကိုေထာက္ခံေပးပါ။ေတာထဲမွာေရာ ၿမိဳ႕ေပၚမွာပါ အသက္ အိုးအိမ္ ေျခလက္အဂၤါစြန္႔ၿပီး ေတာ္လွန္ေရးေအာင္ဖို႔ ႀကိဳးစားေနသူေတြရင္ထဲကို
ခဏေလာက္ အလည္လာၿပီး ကိုယ္ခ်င္စာစိတ္နဲ႔ငါဆိုရင္ဘယ္လိုေနမလဲလို႔ ခဏေလးပဲဝင္ၾကည့္ေပးဖို႔ ဖိတ္ေခၚခ်င္တယ္။
အထူးသျဖင့္ လူစိတ္ ရွ္ိဖို႔ပါ။ က်ေနာ္ အဆင္ေျပပါတယ္ခင္ဗ်ားတို႔အဆင္မေျပမွာပဲ စိုးတာ”လို႔ ကိုေပါက္ ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။