Cele News

တပ်ပိုင်ပစ္စည်းတွေကို ကြော်ငြာပေးနေတဲ့ မိတ်ဆွေဟောင်းတွေရဲ့ ဓာတ်ပုံတွေကို ‌ထုတ်ဖော်ပြသလိုက်တဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်း ကတော့ ဆယ်စုနှစ်တစ်ခုထဲက ပရိသတ်တွေကြားမှာ နာမည်ကြီးကျော်ကြားလာခဲ့တဲ့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသားတစ်လက်ထဲမှာ အပါအဝင်ဖြစ်ပါတဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။

 

 

 

ဒါအပြင် အရွယ်တင်နုပျိုလွန်းတာကြောင့် ပရိသတ်တွေအားလုံးက ချစ်ခင်စွာနဲ့ ” ကိုကြာနု” လို့ တင်စားခေါ်ကြပါသေးတယ်။

 

 

 

ကိုကျော် ဟာ ရုပ်ရှင်ကားတွေမှာ အကောင်းမွန်ဆုံး နဲ့အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားပါတယ်။

 

 

 

မင်းသား မင်းမော်ကွန်း ဟာ မြန်မာပြည်သူတွေကို အနုပညာရှင်တချို့နဲ့ ပတ်သက်ပြီးတော့ အခုလို အသိပေးစကားတစ်ခု ပြောလိုက်ပါတယ်။

 

 

 

 

” စပါပြီ ဘာပုဂ္ဂိုလ်ရေးမှမပါ ပါဘူး စစ်တပ်ပိုင် ပစ္စည်းများကိုကြေငြာပေးနေတဲ့ ကျွန်တော့် ရဲ့မိတ်ဆွေဟောင်းများကို ဂုဏ်ပြုခြင်းဖြစ်ပါတယ် စစ်ဖိနပ်အောက်ဆက်ပျော်ကြပါစေ

 

 

 

 

Post ဖျက်ပေးဖို့လုံးဝလုံးဝအစီအစဉ်မရှိပါ” လို့ မင်းမော်ကွန်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ဓာတ်ပုံနဲ့အတူ ရေးသားထားတာကို တွေ့ရပါတယ်။

 

 

တယ်လီနော မြန်မာ ကနေ နာမည်ပြောင်းထားတဲ့ စစ်တပ်ပိုင်ဆက်သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်တဲ့ ATOM ရဲ့ မြှားပြိုင်ပွဲမှာ ပါဝင်ထားတဲ့ အနုပညာရှင်တွေကတော့

 

ရဲလေး၊အေးငြိမ်းဖြူ၊မေမြင့်မိုရ်၊ယွန်းမြတ်သူ၊ကောင်းမြတ်စံ၊ဘောလုံးသမား ကျော်မင်းဦး တို့ပဲ ဖြစ်ပါတယ်။

 

 

 

ကဲ…ပရိသတ်ကြီးရေ မင်းမော်ကွန်း ပြောတဲ့ အထက်ပါ အနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

 

 









