Cele News

လူပီသချင်လို့ လွတ်မြောက်နယ်မြေမှာ နေထိုင်နေတာလို့ ဒဲ့ပြောလိုက်တဲ့ လူရွှင်တော် ပိုးလေး

ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူငယ်ချင်းညီအစ်ကိုလို ချစ်ခင်ရတဲ့အဖွဲ့ဝင် ငါးယောက်နဲ့ ဖွဲ့စည်းထားပါတယ်။

ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံရပြီးနောက် မိသားစုနဲ့ခွဲခွာပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာဆိုရင် အတော်လေးကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။

တောထဲမှာ အခက်အခဲတွေများစွာရှိပေမယ့်လဲ သူတို့ရဲ့တော်လှန်ရေးစိတ်ဓာတ်တွေဟာ အခုချိန်ထိခိုင်မာနေဆဲပဲဖြစ်ပါတယ်။

ပြည်သူချစ်အနုပညာရှင်များဖြစ်ကြတဲ့ ဟားငါးကောင်အဖွဲ့ကတော့ အမှန်တရားအတွက် လွတ်မြောက်နယ်မြေမှာ တိုက်ပွဲဝင်နေပါတယ်။

ဒါအပြင် အားတဲ့အချိန်လေးတွေမှာလဲ ပြည်သူတွေအမောပြေစေဖို့ ဟာသပျက်လုံးတွေနဲ့လဲ တင်ဆက်ပေးတတ်ပါသေးတယ်။

သူတို့ချစ်တဲ့အနုပညာကို စွန့်လွှတ်ပြီး တော်လှန်ရေးအတွက် ကြိုးစားနေတဲ့ စိတ်ဓာတ်လေးတွေဟာ အရမ်းကိုလေးစားစရာကောင်းပါတယ်။

လူရွှင်တော် ပိုးလေး ကတော့ မကြာခင်လူရွှင်တော်ဝတ်စုံ ပြန်လည်ဝတ်ဆင်ခွင့်ရတော့မှာကြောင့် ပျော်နေတဲ့အကြောင်းကို သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ‌ရေးသားထားတာကို တွေ့ရပါတယ်။

” ဟီးဟီးဟားဟား လီးလီးလားလားလုပ်တဲ့သူတွေကို ကျွန်တော်တို့က ပြောတော့ မင်းတို့တွေက ကိုယ့်ဘက်ပါအောင်မလုပ်ပဲနဲ့ သွေးခွဲနေကြတာလို့ ပြောခဲ့သူတွေ ခင်ဗျားတို့ ခုတွေ့ပြီနော်။

ကျွန်တော်တို့က ပျော်လို့တောထဲလာနေကြတာမဟုတ်ဘူး။ ခင်ဗျားတို့လိုပဲ မြို့ပေါ်မှာ ကိုယ့်မိသားစုနဲ့ကိုယ် ခင်ဗျားတို့လိုပဲပျော်ချင်တာပေါ့ဗျာ။

ဒါပေမယ့် ကျွန်တော်တို့က လူဗျ လူပီသချင်တယ်။ကျွန်တော်ပြောချင်တာကို လူပီသတဲ့သူတွေပဲ နားလည်လိုက်မယ်” လို့ လူရွှင်တော် ပိုးလေး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

လူပီသခ်င္လို႔ လြတ္ေျမာက္နယ္ေျမမွာ ေနထိုင္ေနတာလို႔ ဒဲ့ေျပာလိုက္တဲ့ လူ႐ႊင္ေတာ္ ပိုးေလး

ပရိသတ္ႀကီးေရ ဟားငါးေကာင္အဖြဲ႕ ဟာဆိုရင္ေတာ့ အမွန္တရားကို ခ်စ္ျမတ္ႏိုးတဲ့ သူငယ္ခ်င္းညီအစ္ကိုလို ခ်စ္ခင္ရတဲ့အဖြဲ႕ဝင္ ငါးေယာက္နဲ႔ ဖြဲ႕စည္းထားပါတယ္။

ပုဒ္မ ၅၀၅ ကနဲ႔ တရားစြဲဆိုခံရၿပီးေနာက္ မိသားစုနဲ႔ခြဲခြာၿပီး လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတာဆိုရင္ အေတာ္ေလးၾကာျမင့္ေနၿပီပဲ ျဖစ္ပါတယ္။

ေတာထဲမွာ အခက္အခဲေတြမ်ားစြာရွိေပမယ့္လဲ သူတို႔ရဲ႕ေတာ္လွန္ေရးစိတ္ဓာတ္ေတြဟာ အခုခ်ိန္ထိခိုင္မာေနဆဲပဲျဖစ္ပါတယ္။

ျပည္သူခ်စ္အႏုပညာရွင္မ်ားျဖစ္ၾကတဲ့ ဟားငါးေကာင္အဖြဲ႕ကေတာ့ အမွန္တရားအတြက္ လြတ္ေျမာက္နယ္ေျမမွာ တိုက္ပြဲဝင္ေနပါတယ္။

ဒါအျပင္ အားတဲ့အခ်ိန္ေလးေတြမွာလဲ ျပည္သူေတြအေမာေျပေစဖို႔ ဟာသပ်က္လုံးေတြနဲ႔လဲ တင္ဆက္ေပးတတ္ပါေသးတယ္။

သူတို႔ခ်စ္တဲ့အႏုပညာကို စြန႔္လႊတ္ၿပီး ေတာ္လွန္ေရးအတြက္ ႀကိဳးစားေနတဲ့ စိတ္ဓာတ္ေလးေတြဟာ အရမ္းကိုေလးစားစရာေကာင္းပါတယ္။

လူ႐ႊင္ေတာ္ ပိုးေလး ကေတာ့ မၾကာခင္လူ႐ႊင္ေတာ္ဝတ္စုံ ျပန္လည္ဝတ္ဆင္ခြင့္ရေတာ့မွာေၾကာင့္ ေပ်ာ္ေနတဲ့အေၾကာင္းကို သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ‌ေရးသားထားတာကို ေတြ႕ရပါတယ္။

” ဟီးဟီးဟားဟား လီးလီးလားလားလုပ္တဲ့သူေတြကို ကြၽန္ေတာ္တို႔က ေျပာေတာ့ မင္းတို႔ေတြက ကိုယ့္ဘက္ပါေအာင္မလုပ္ပဲနဲ႔ ေသြးခြဲေနၾကတာလို႔ ေျပာခဲ့သူေတြ ခင္ဗ်ားတို႔ ခုေတြ႕ၿပီေနာ္။

ကြၽန္ေတာ္တို႔က ေပ်ာ္လို႔ေတာထဲလာေနၾကတာမဟုတ္ဘူး။ ခင္ဗ်ားတို႔လိုပဲ ၿမိဳ႕ေပၚမွာ ကိုယ့္မိသားစုနဲ႔ကိုယ္ ခင္ဗ်ားတို႔လိုပဲေပ်ာ္ခ်င္တာေပါ့ဗ်ာ။

ဒါေပမယ့္ ကြၽန္ေတာ္တို႔က လူဗ် လူပီသခ်င္တယ္။ကြၽန္ေတာ္ေျပာခ်င္တာကို လူပီသတဲ့သူေတြပဲ နားလည္လိုက္မယ္” လို႔ လူ႐ႊင္ေတာ္ ပိုးေလး ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။