ပန်ဆယ်လို ကတော့ ခံဝန်ထိုးပြီး လွတ်မြောက်လာခဲ့တဲ့ အနုပညာရှင်တစ်ဦးနဲ့ ပတ်သက်ပြီးတော့ အခုလိုပဲ ပြောပြလာခဲ့ပါတယ်။
ခံဝန်ထိုးပြီး ရပ်တန့်သွားလို့ အပြစ်မတင်ခဲ့ဘူး။ Normalize လုပ်ပြလို့ စိတ်နာတာ။
နိုင်ငံပြင်ပကို အပေါ်လမ်းကပြေးပြီး လွတ်မြောက်သွားကြတာလည်း ဝမ်းသာတယ်။ နေ့စိမ့်နိုင်ကြတာကို စိတ်နာတာ။
ခံဝန်ထိုးပြီးပဲ လွတ်လွတ်၊ ဒီအတိုင်းပဲ လွတ်လာ လွတ်လာ လွတ်မြောက်လာသူတစ်ယောက်ချင်းစီတိုင်းအတွက် ဝမ်းသာသည်။
ပေးဆပ်ခဲ့ရမှုအတွက် အမြဲသတိတရရှိတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်ရတာလည်း နားလည်တယ်။ လိုအပ်တာထက်ပိုပြီး ပျော်ရွှင်ပြနေတာကို နားမလည်တာ။
ခံယူချက်နဲ့ ရပ်တည်ခဲ့တာမဟုတ်လား။ ခံယူချက်နဲ့ ထောင်ထဲမှာ ပေးဆပ်ခဲ့တာ မဟုတ်လား။
အလှဓါတ်ပုံတွေ၊ တိရိစ္ဆာန်ပုံတွေ တင်ဖို့လောက်နဲ့ ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်သွားတာ မတန်လိုက်တာ လို့
ပန်ဆယ်လို ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ခံဝန်ထိုးပြီး ရပ်တန့်သွားလို့ အပြစ်မတင်ခဲ့ဘူး လိုအပ်တာထက်ပိုပြီး ပျော်ရွှင်ပြနေလို့ စိတ်နာတာဆိုတဲ့ ပန်ဆယ်လို