Cele News

အားလုံးပဲနားလည်မှုလွဲသွားရင် တောင်းပန်ပါတယ်ဆိုတဲ့ သရုပ်ဆောင် မအေးသောင်း

ချစ်စနိုးနဲ့ “ပေါက်စီ” လို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချော မအေးသောင်း ကတော့ ပရိတ်ပေါင်းများစွာရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးတစ်ဦး ဖြစ်ပါတယ်။

 

သူမကတော့ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်။

 

 

 

 

ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး သူမရဲ့အိမ်ကို ပစ်ကာ နိုင်ငံရပ်ခြားကို တိမ်းရှောင်နေရတာပါ။

 

မအေးသောင်း ဟာ အများပြည်သူ စိတ်မကောင်းဖြစ်နေချိန်မှာ လွန်ခဲ့တဲ့နှစ်က အလှဓာတ်ပုံဖေ့ဘွတ်မန်မိုရီတစ်ခုကို ပြန်လည်ရှဲခဲ့ပြီး

 

 

 

 

ပရိသတ်တွေရဲ့ကောမန့်တွေကိုလဲ ရိုင်းစိုင်းစွာ ပြန်လည်ဖြေကြားခဲ့တာကြောင့် မင်းမော်ကွန်း ရဲ့ ရှုတ်ချခြင်းကို ခံခဲ့ရပြီး ဖေ့ဘွတ် Follower တွေလဲ ဆက်တိုက်ကျဆင်းခဲ့ပါတယ်။

 

 

 

 

ဒါကြောင့် မအေးသောင်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှတစ်ဆင့် ပြည်သူတွေအားလုံးကို တောင်းပန်စကားပြောကြားလိုက်ပါတယ်။

 

“အနာဂါတ်ကိုပြောင်းလဲဖို့အတွက် ပစ္စုပ္ပန်ကိုအရင် ပြောင်းလဲဖို့လိုတာပေါ့နော်…..” ဆိုတဲ့ ပို့စ်လေးကိုပြန်ရှဲမိတာမို့ နားလည်မှုလွဲသွားရင် အားလုံးစိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။

 

 

 

 

ကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်နေတာမို့ ပြန်ပြောမိတာကိုလည်းနားလည်ပေးပါရှင့်” လို့ အေးသောင်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

 

 

 

 

အားလုံးပဲနားလည္မႈလြဲသြားရင္ ေတာင္းပန္ပါတယ္ဆိုတဲ့ သ႐ုပ္ေဆာင္ မေအးေသာင္း

 

ခ်စ္စႏိုးနဲ႔ “ေပါက္စီ” လို႔ ခ်စ္စႏိုးေခၚၾကတဲ့ မင္းသမီးေခ်ာ မေအးေသာင္း ကေတာ့ ပရိတ္ေပါင္းမ်ားစြာရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထားသူေလးတစ္ဦး ျဖစ္ပါတယ္။

 

သူမကေတာ့ အမွန္တရားအတြက္ ျပည္သူေတြနဲ႔အတူ တိုက္ပြဲဝင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးလဲ ျဖစ္ပါတယ္။

 

ဒါေၾကာင့္လဲ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရၿပီး သူမရဲ႕အိမ္ကို ပစ္ကာ ႏိုင္ငံရပ္ျခားကို တိမ္းေရွာင္ေနရတာပါ။

 

 

မေအးေသာင္း ဟာ အမ်ားျပည္သူ စိတ္မေကာင္းျဖစ္ေနခ်ိန္မွာ လြန္ခဲ့တဲ့ႏွစ္က အလွဓာတ္ပုံေဖ့ဘြတ္မန္မိုရီတစ္ခုကို ျပန္လည္ရွဲခဲ့ၿပီး

ပရိသတ္ေတြရဲ႕ေကာမန႔္ေတြကိုလဲ ႐ိုင္းစိုင္းစြာ ျပန္လည္ေျဖၾကားခဲ့တာေၾကာင့္ မင္းေမာ္ကြန္း ရဲ႕ ရႈတ္ခ်ျခင္းကို ခံခဲ့ရၿပီး ေဖ့ဘြတ္ Follower ေတြလဲ ဆက္တိုက္က်ဆင္းခဲ့ပါတယ္။

 

 

 

ဒါေၾကာင့္ မေအးေသာင္း ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွတစ္ဆင့္ ျပည္သူေတြအားလုံးကို ေတာင္းပန္စကားေျပာၾကားလိုက္ပါတယ္။

“အနာဂါတ္ကိုေျပာင္းလဲဖို႔အတြက္ ပစၥဳပၸန္ကိုအရင္ ေျပာင္းလဲဖို႔လိုတာေပါ့ေနာ္…..” ဆိုတဲ့ ပို႔စ္ေလးကိုျပန္ရွဲမိတာမို႔ နားလည္မႈလြဲသြားရင္ အားလုံးစိတ္အေႏွာင့္အယွက္ျဖစ္သြားရင္ ေတာင္းပန္ပါတယ္။

ကိုယ္တိုင္လည္းစိတ္မေကာင္းျဖစ္ေနတာမို႔ ျပန္ေျပာမိတာကိုလည္းနားလည္ေပးပါရွင့္” လို႔ ေအးေသာင္း ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။