Cele News

တော်လှန်ရေးကြီးကို လုံးဝမရပ်တန့်လိုက်နဲ့လို့ ပြည်သူတွေကို တိုက်တွန်းလိုက်တဲ့ မင်းသား ဒေါင်း

ဒေါင်း ကတော့ သူ့ရဲ့ ထူးခြားလှတဲ့ နာမည်နဲ့ လိုက်ဖက်အောင် မျက်လုံး၊ မျက်ခုံးကောင်းကောင်းနဲ့ ခန့်ညားတဲ့ ရုပ်သွင်ကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

 

 

ယောက်ျားပီသတဲ့ အသွင်အပြင်တွေနဲ့ မိန်းကလေးပရိသတ် အများအပြား ပိုင်ဆိုင်ထားတဲ့ ‌ဒေါင်း ဟာ လက်ရှိအချိန်ထိလဲ ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ထားပါသေးတယ်။

 

 

 

 

ဒေါင်း ဟာ ကျရာဇာတ်ရုပ်ကို သဘာဝကျကျနဲ့ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် အချိန်တိုတိုအတွင်း နာမည်ရလာခဲ့တဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။

 

နွေဦးတော်လှန်ရေးစတင်ချိန်ထဲက ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး အခုချိန်ထိတိုင်အောင် တော်လှန်ရေးအတွက် ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။

 

 

 

 

တော်လှန်ရေး ဟာဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း သွေးအေးသွားကြသူတွေများနေတာကြောင့် ကျန့်ကြာနေရပါတယ်။

 

 

ဒါကြောင့်လဲ အမှန်တရားဘက်တော်သားတွေရဲ့ တန်ဖိုးရှိတဲ့အသက်များစွာ ပေးဆပ်နေရတာကြောင့် သွေးမအေးနောက်မဆုတ်ကြဖို့ လိုအပ်နေပါပြီ။

 

 

 

 

ဒါအပြင် စစ်ကောင်စီကို ထောက်ခံနေတဲ့ အနုပညာရှင်တွေကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချဖို့လိုအပ်နေတာလဲ ဖြစ်ပါတယ်။

 

ဒီကနေ့မှာတော့ မင်းသား ဒေါင်း ဟာ တော်လှန်ရေး နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ စကားတစ်ခွန်းပြောလိုက်ပါတယ်။

 

 

 

 

” တော်လှန်ရေးသွေးသစ်ပြန်စတင်ပြီ အာဏာရှင်မပြိုလဲသရွေ့ လုံးဝမရပ်တန့်ကြေး” လို့ မင်းသားဒေါင်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

 

ကဲ…ပရိသတ်ကြီးရေ တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် ရရာနေရာကနေ ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

 

 




 

 

 




 

 

 




 

 

 

