အမှန်တရားကို အသက်ကိုထက်ပိုချစ်တဲ့ ပြည်သူ့အချစ်တော် ဖြိုးဇေယျာသော် ရဲ့ ဘဝအကြောင်း
၁၉၉၉ /၂၀၀၀ ပြည့်နှစ်များမှာ ပရိတ်သတ်ဆီသို့ Hip Hop ဂီတကို လူငယ်တွေကြားထဲ ရဲရဲဝံ့ဝံ့ official ချပြခဲ့တဲ့ လူငယ်အဖွဲ့တစ်ဖွဲ့ ပေါ်ခဲ့တယ် Acid တဲ့………အဖွဲ့ဝင်တွေကအခု 505(က)နဲ့ တိမ်းရှောင် နေရတဲ့
ရန်ရန်ချမ်း၊နွဲ့ယဉ်ဝင်းရဲ့သားမက် သံသာဝင်းရဲ့ ခင်ပွန်း အနဂ္ဂ၊ ရုတ်တရက်ဆုံးပါးသွားတဲ့ Acidic တဖြစ်လည်း ကိုဟိန်းဇော် နဲ့ အခု လတ်တလောမှာ မတရား ကြိုးပေးကွက် မျက်ခံလိုက်ရတဲ့ NLD အမတ် ကိုဖြိုးဇေယျာသော် တို့ပါဝင်ပါတယ်
၂၀၁၂ ခုနှစ်တွင် နိုင်ငံရေး လောကသို့ ဝင်ရောက်လာပြီး ပါတီမှ ပေးအပ်တဲ့ တာဝန်များ ကို ဆက်တိုက် လုပ်ကိုင် ဆောင်ရွက်ခဲ့ပါတယ် ကိုဖြိုးဇေယျာသော် သည် ၁၉၈၁ ခုနှစ်ဖွားဖြစ်ပြီး ကွယ်လွန် ကျဆုံးသည့်အချိန်တွင် ၄၂ နှစ် သာရှိပါသေးတယ်
စာအဓိက နဲ့ ဘွဲ့ ရခဲ့ပြီး ဖခင်ဖြစ်သူမှာ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ မြသော် နှင့် မိခင် မှာ ဒေါက်တာဒေါ်ခင်ဝင်းမေ ဖြစ်ပါတယ်
မွေးချင်းအစ်မတယောက်ရှိပါတယ် ဇနီးသည်မသဇင်ညွန့်အောင်မှာ လည်း ယနေ့ထိ ပြည်သူ့တာဝန်ထမ်းဆောင်ရင်း ပါရမီဖြည့်ဖက် ကောင်းအဖြစ် ရပ်တည်လျက်ရှိပါတယ်
ပညာတတ် အသိုင်းအဝိုင်းကောင်းမှာ အေးအေးချမ်းချမ်းနေနို်ပေမယ့် တိုင်းပြည်အတွက်အဆုံးထိ ပေးဆပ်သွားတဲ့ ကိုဖြိုးဇေယျာသော်အတွက် ဂုဏ်ယူစွာ ဖော်ပြပေးလိုက်ပါတယ်
ပညာတတ် အသိုင်းအဝိုင်းကောင်းမှာ အေးအေးချမ်းချမ်းနေနိုပေမယ့် တိုင်းပြည်အတွက်အဆုံးထိ ပေးဆပ်သွားတဲ့ ကိုဖြိုးဇေယျာသော်အတွက် ဂုဏ်ယူစွာ ဖော်ပြပေးလိုက်ပါတယ်