Cele

တော်လှန်ရေးမှာ မတော်တဆကျဆုံးသွားခဲ့ရင် သားဖြစ်သူကို ဆက်လက်တိုက်ပွဲဝင်ခိုင်းမယ် ဆိုတဲ့ လူရွှင်တော် ပိုးလေး

ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော် ပိုးလေး ကိုတော့ ဟာသကိုကြိုက်နှစ်သက်သူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။

ဟားငါးကောင်အဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။

လက်ရှိမှာ ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး ကျရာတာဝန်တွေကို ထမ်းဆောင်နေပါတယ်။

လူရွှင်တော် ပိုးလေး ဟာ တော်လှန်ရေးအတွက် အားကြိုးမာန်တတ်ပါဝင်နေပြီးတော့ အာဏာရှင်ကို မောင်ထုတ်ဖို့အတွက် ကြိုးစားနေတာကို တွေ့ရပါတယ်။

မကြာသေးခင်ရက်ပိုင်းလောက်ကလဲ သူ့ရဲ့မိသားစုကို လွတ်မြောက်နယ်မြေကို အောင်မြင်စွာ ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။

ပိုးလေး ဟာ တော်လှန်ရေးမှာ မတော်တဆကျဆုံးသွားခဲ့ရင် သူ့ရဲ့မျိုးဆက်ဖြစ်တဲ့ သားဖြစ်သူကို ဆက်လက်တိုက်ပွဲဝင်ခိုင်းမယ်လို့

ရင်တွင်းခံစားချက်တွေကို အခုလိုပဲ ထုတ်ဖော်ပြောကြား လိုက်ပါတယ် “ဒီပွဲမပြီးခင် ကျုပ်သေသွားခဲ့ရင် အာဏာရှင်တွေကို ကျုပ်သား ဆက်တိုက်ဖို့ ခုထဲက

အာဏာရူးတွေ ဘယ်လောက်ယုတ်မာလဲဆိုတာကို ခေါင်းထဲရိုက်သွင်းပေးထားတယ်” လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။

ပရိသတ်ကြီးရေ တော်လှန်ရေးအတွက် ခိုင်မာစိတ်ဓာတ်တဲ့ တိုက်ပွဲဝင်နေကြတဲ့သူတွေ အားလုံးဟာ အရမ်းကို လေးစားစရာကောင်းလွန်းပါတယ်။

ဒါကြောင့် ကျရာနေရာကနေ တိုက်ပွဲဝင်နေကြသူတွေ အားလုံးအတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။










