သရုပ်ဆောင် အလှမယ်လေး ထားထက်ထက် ကတော့ပြည်သူတွေအားလုံးကချစ်ရတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။
အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ခဲ့တာကြောင့်လဲ ပိုမိုချစ်ခင်အားပေးကြရပြန်ပါတယ်။
သူမ ဟာ လက်ရှိမှာခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ တာဝန်ထမ်းဆောင်နေပြီး ကျရာတာဝန်တွေကို ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေရင်း ချစ်ရတဲ့ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပေမယ့် နောက်ဆုံးအနေနဲ့ လိုက်ပါနှုတ်ဆက်ခွင့် မရရှိခဲ့ပါဘူး။
ပရိသတ်ကြီးရေ အလှမယ်လေး ထားထက်ထက် ကတော့ သူရဲ့ခံစားချက်အချို့နဲ့ပတ်သတ်ပြီး အခုလိုပဲ ရင်ဖွင့်ရေးသားလာပါတယ်။
” တချို့ သူငယ်ချင်းတွေက ထောင်ထဲမှာ…တချို့ သူငယ်ချင်းတွေက တောထဲမှာ…တချို့ သူငယ်ချင်းတွေက ရှောင်ပြေးပုန်းနေကြရမှာ…တချို့ သူငယ်ချင်းတွေက ကောင်းကင်ပေါ်မှာ…
တချို့ သူငယ်ချင်းတွေက ပုံမှန်အတိုင်း ဖြစ်နေကြပြီ။ တချို့ သူငယ်ချင်းတွေက ပုံမှန်ဖြစ်အောင် ကြိုးစားနေကြပြီ။တချို့ သူငယ်ချင်းတွေက ပုံမှန်မဖြစ်သလိုနဲ့ ပုံမှန်အတိုင်း လမ်းကြောင်းပေါ် လျှောက်နေကြပြီ။
တချို့ သူငယ်ချင်းတွေက ပုံမှန်အတိုင်း ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ပြီ…..ဒါ ကိုယ့်အနီးနားက ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ Facebook ပေါ်မှာ မြင်နေတွေ့နေရတာပဲ ရှိသေးတယ် ၊
တခြားမမြင်ရ မတွေ့ရပဲ ခုလို အဖြစ်မျိုးတွေ ကြုံတွေ့နေရတာတွေ အများကြီး ရှိနေတယ်…သူတို့တွေ အားလုံးကို မေ့ထားပြီး ဘယ်လိုပျော်နိုင်ပါ့မလဲ” လို့ သူမသူငယ်ချင်းတွေနဲ့ပတ်သတ်ပြီး ခံစားတွေကို ရင်ဖွင့်ထားတာကို တွေ့ရပါတယ်နော်။
ပရိသတ်ကြီးရေ သူငယ်ချင်းအားလုံးကိုမေ့ပြီး မပျော်နိုင်သေးဘူးလို့ ရင်ဖွင့်လိုက်ပါတယ်။
သူငယ်ချင်းတွေအတွက် ခံစားနေရတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ထားထက်ထက် အတွက်အားပေးစကားလေးတွေကို ကောမန့်မှာ ပြောပေးခဲ့ပါအုန်းနော်။
ဖြစ်ပျက်နေတဲ့ ဒုက္ခတွေအားလုံးကိုမေ့ထားပြီး ဘယ်လိုပျော်နိုင်မှာလဲလို့ မေးခွန်းထုတ်လိုက်တဲ့ ထားထက်ထက်