Cele News

လူစိတ်မရှိတဲ့ လုပ်ရပ်တွေကို တာဝန်ယူရမယ်လို့ ပြတ်ပြတ်သားသားပြောလိုက်တဲ့ ဒေါင်း

ပရိသတ်ကြီးရေ… မင်းသား ဒေါင်း ကတော့ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပြီးတော့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့အပြင်

ယောက်ကျားပီသတဲ့ ရုပ်ရည်သွင်ပြင်ရှိတာကြောင့် ပျိုမေတို့ချစ်ခင်အားပေးရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

ဒေါင်း ကတော့ ပရိသတ်ကြီးနဲ့အတူတူ အမှန်တရားဘက်က အမြဲတမ်းရပ်တည်နေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

မင်းသားချော ဒေါင်း ဟာပြည်သူတွေနဲ့ဘက်နဲ့ရပ်တည်ခဲ့တာကြောင့် လက်ရှိမှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံထားရပါတယ်။

” စကစ ရဲ့ရက်စက်ယုတ်ညံ့ခြင်းက တမင်သက်သက် ပြည်သူတွေရဲ့ဘဝတွေကို ဖျက်ဆီးခြင်းပဲခင်ဗျားတို့ရဲ့ရက်စက်ယုတ်ညံ့ခြင်းကို တော်လှန်ရေးကြောင့် ပြည်တွင်းစစ်ကြောင့်လို့ ဘယ်တော့မှကာကွယ်ဖို့မကြိုးစားနဲ့

​ပြည်သူကိုခြိမ်းခြောက်ပြဖို့ မကြိုးစားနဲ့နိုင်ငံတကာကလဲ ခင်ဗျားတို့ယုတ်ညံ့ခြင်းကို ခွဲခြားသိတယ် ပြည်သူတွေက ခင်ဗျားတို့ထက် အသိဉာဏ်ရှိတယ် အခြေခံလူစိတ်ရှိကြတယ် ကျုပ်ပြောတာ (အခြေခံလူစိတ်နော်)

ခင်ဗျာတို့မှာ အဲ့အဆင့်တောင်မရှိကြတော့ဘူး လူစိတ်မရှိတဲ့ခင်ဗျားတို့လုပ်ရပ်ကို ခင်ဗျားတို့ တာဝန်ယူရမယ် ” လို့ ဒေါင်း ဟာသူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ အခုလိုပဲရေးသားထားပါတယ်။

မြန်မာပြည်ကြီး အာဏာရှင်ဘေးမှ အမြန်ဆုံးကင်းဝေးပါစေလို့ Cele Only မှဆုတောင်းပေးလိုက်ရပါတယ်။









မြန်မာပြည်ကြီး အာဏာရှင်ဘေးမှ အမြန်ဆုံးကင်းဝေးပါစေလို့  ဆုတောင်းပေးလိုက်ရပါတယ်။