ပရိသတ်ကြီးရေ မြန်မာ့ဇာတ်သဘင်လောကရဲ့ နာမည်ကြီးလူရွှင်တော်အဖွဲ့တစ်ခုဖြစ်တဲ့ ဟားငါးကောင် အဖွဲ့ကိုတော့ အားလုံးပဲကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။
ဟားငါးကောင်အဖွဲ့ဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာဟာ ၂ နှစ်နီးပါး ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။
မိသားစုနဲ့ခွဲခွာနေရပေမယ့်လဲ တော်လှန်ရေးအောင်နိုင်ဖို့အတွက် ကြိုးစားတော်လှန်နေတာကို တွေ့ရပါတယ်။
ဟားငါးကောင် လူရွှင်တော်အဖွဲ့ဝင် တစ်ဦးချင်းစီတိုင်းမှာ အာဏာရှင်ပြုတ်ကျဖို့အတွက် ကြိုးစားတော်လှန်နေတဲ့ တူညီတဲ့စိတ်ဓာတ် ကိုယ်စီရှိကြပါတယ်။
ဒါကြောင့်လဲ သူတို့ငါးဦးဟာ ညီအစ်ကိုအရင်းတွေလို ချစ်ခင်ကြပြီး လွတ်မြောက်နယ်မြေမှာလဲ အတူတကွနေထိုင်နေကြတာကိုလဲ တွေ့ရပါတယ်။
လူရွှင်တော် တိုင်းကျော် ဟာ သူ့ရဲ့အသက် ၃၃ နှစ်ပြည့်မွေးနေ့ကို လွတ်မြောက်နယ်မြေမှာပဲ တော်လှန်ရေးရဲဘော်တွေနဲ့အတူ ဖြတ်သန်းခဲ့ပြီး မွေးနေ့ဆုတောင်းကိုလဲ ထူးထူးခြားခြားတောင်းခဲ့ပါတယ်။
အဲ့ဒီဆုတောင်းလေးကတော့ တော်လှန်ရေးအောင်မှ အငြိမ့်စင်ပေါ်ပြန်တတ်မယ်လို့ ကတိပြုခဲ့ပြီး ကရမယ်လို့ ယုံကြည်ကြောင်းကို
” တော်လှန်ရေးအောင်တဲ့တနေ့ ၊ အငြိမ့်စင်ပေါ် ပြန်ရောက်မဲ့လူရွှင်တော်မို့ ၊ အငြိမ့်စစ်စစ် ကချင်တယ် ၊ ကရတော့မယ်လို့လဲ ယုံကြည်တယ်. . .. … ” လို့ တိုင်းကျော် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ တော်လှန်ရေးအောင်မှ အငြိမ့်ပြန်ကမယ့် ဟားငါးကောင် လူရွှင်တော် တိုင်းကျော် အတွက် အားပေးစကားလေးတွေ ကောမန့်မှာ ပြောပေးခဲ့အုန်းနော်။
မြန်မာပြည်ကြီး အာဏာရှင်ဘေးမှ အမြန်ဆုံးကင်းဝေးပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီပန်းတိုင်ကို အမြန်ဆုံးရောက်ရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
တော်လှန်ရေးအောင်မှ လူရွှင်တော်ဝတ်စုံဝတ်ပြီး ပျော်ပျော်ကြီး အငြိမ့်ပြန်ကတော့မယ်လို့ ကြွေးကြော်လိုက်တဲ့ တိုင်းကျော်