Cele News

တော်လှန်ရေးအောင်မြင်တဲ့ အချိန်ထိ ဆက်လက်ချီတတ်သွားမယ်လို့ ကတိပေးလိုက်တဲ့ မောင်မောင်အေး

မောင်မောင်အေး လို့ဆိုလိုက်ရင်တော့ ကတုံးနဲ့အသံပါဝါအားကောင်းကောင်းနဲ့ လူတိုင်းကငေးနေရလောက်အောင် စကားပြောကောင်းတဲ့လူပဲဖြစ်ပါတယ်။

အနုပညာလောကမှာ နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ အစီစဉ်တင်ဆက်သူ မောင်မောင်အေး ကတော့ သရုပ်ဆောင်သိပ်မလုပ်ပေမယ့်လည်း ပရိသတ်တိုင်းနဲ့မစိမ်းတဲ့ဆယ်လီတစ်ယောက်ပါပဲ။

အစီအစဥ်တင်ဆက်တဲ့နေရာမှာလဲ ဟာသလေးတွေနှောပြီး ပြောဆိုတတ်တဲ့အပြင် ချစ်ဖို့ကောင်းတဲ့ အပြုအမှုလေးတွေတေကြာင့် ပရိသတ်တွေအားလုံးက ချစ်ခင်နေကြရတာပါ။

ဒါအပြင် မောင်မောင်အေး ဟာ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်နေသူလဲ ဖြစ်ပါတယ်။

ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပြည်သူနဲ့အတူ လမ်း‌ပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး တော်လှန်ဖို့နေရာတိုင်းကနေ အစွမ်းကုန်ကြိုးစားခဲ့တာပါ။

အဲ့လိုတိုက်ပွဲဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာပါ။

ဒီကနေ့မှာလဲ တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ချီတတ်မည်ဖြစ်ကြောင်း ထပ်မံ အဓိဌာန်ပြုလိုက်ပါတယ်။

“သစ္စာအဓိဋ္ဌာန်ပြုပါသည် တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွတ်အလေးပြုပါသည်။

တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်။ တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်း တို့သည် ဤမြေ၌ တည်ပါစေသတည်း။

တရားတဲ့သူသာ နိုင်ကြေးဟေ့ …”လို့ မောင်မောင်အေး ဟာ သူ့ရဲလူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

တော်လှန်ရေးအတွက် အဓိဌာန်တွေကို အခြားသောအနုပညာရှင်အသီးသီး ကလဲ သူတို့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကိုလဲ တွေ့ရပါတယ်။

ေတာ္လွန္ေရးေအာင္ျမင္တဲ့ အခ်ိန္ထိ ဆက္လက္ခ်ီတတ္သြားမယ္လို႔ ကတိေပးလိုက္တဲ့ ေမာင္ေမာင္ေအး

ေမာင္ေမာင္ေအး လို႔ဆိုလိုက္ရင္ေတာ့ ကတုံးနဲ႔အသံပါဝါအားေကာင္းေကာင္းနဲ႔ လူတိုင္းကေငးေနရေလာက္ေအာင္ စကားေျပာေကာင္းတဲ့လူပဲျဖစ္ပါတယ္။

အႏုပညာေလာကမွာ နာမည္ႀကီးတစ္ေယာက္ျဖစ္တဲ့ အစီစဥ္တင္ဆက္သူ ေမာင္ေမာင္ေအး ကေတာ့ သ႐ုပ္ေဆာင္သိပ္မလုပ္ေပမယ့္လည္း ပရိသတ္တိုင္းနဲ႔မစိမ္းတဲ့ဆယ္လီတစ္ေယာက္ပါပဲ။

အစီအစဥ္တင္ဆက္တဲ့ေနရာမွာလဲ ဟာသေလးေတြေႏွာၿပီး ေျပာဆိုတတ္တဲ့အျပင္ ခ်စ္ဖို႔ေကာင္းတဲ့ အျပဳအမႈေလးေတြေတၾကာင့္ ပရိသတ္ေတြအားလုံးက ခ်စ္ခင္ေနၾကရတာပါ။

ဒါအျပင္ ေမာင္ေမာင္ေအး ဟာ အမွန္တရားအတြက္ ျပည္သူေတြနဲ႔အတူ တိုက္ပြဲဝင္ေနသူလဲ ျဖစ္ပါတယ္။

ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ ျပည္သူနဲ႔အတူ လမ္း‌ေပၚထြက္ ဆႏၵျပပြဲေတြမွာ ဦးေဆာင္ပါဝင္ခဲ့ၿပီး ေတာ္လွန္ဖို႔ေနရာတိုင္းကေန အစြမ္းကုန္ႀကိဳးစားခဲ့တာပါ။

အဲ့လိုတိုက္ပြဲဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရၿပီး ေဘးလြတ္ရာကို တိမ္းေရွာင္ေနရတာပါ။

ဒီကေန႔မွာလဲ ေတာ္လွန္ေရးပန္းတိုင္ေရာက္သည္အထိ ခ်ီတတ္မည္ျဖစ္ေၾကာင္း ထပ္မံ အဓိဌာန္ျပဳလိုက္ပါတယ္။

“သစၥာအဓိ႒ာန္ျပဳပါသည္ ေတာ္လွန္ေရးတြင္ ျမင့္ျမတ္စြာရင္းႏွီးေပးဆပ္ခဲ့ၾကသူအေပါင္းတို႔၏ ေက်းဇူးဂုဏ္ကို ဦးၫြတ္အေလးျပဳပါသည္။

ေတာ္လွန္ေရးပန္းတိုင္ေရာက္သည္အထိ ဆက္လက္ခ်ီတက္ပါမည္ဟု သစၥာအဓိ႒ာန္ျပဳပါသည္။ တရားမွ်တ လြတ္လပ္ျခင္းႏွင့္ တန္းတူညီမွ်ျခင္း တို႔သည္ ဤေျမ၌ တည္ပါေစသတည္း။

တရားတဲ့သူသာ ႏိုင္ေၾကးေဟ့ …”လို႔ ေမာင္ေမာင္ေအး ဟာ သူ႔ရဲလူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။

ေတာ္လွန္ေရးအတြက္ အဓိဌာန္ေတြကို အျခားေသာအႏုပညာရွင္အသီးသီး ကလဲ သူတို႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကိုလဲ ေတြ႕ရပါတယ္။