မြန်မာ့အသံရဲ့ ညစဥ် ၈ နာရီသတင်းမှာ ကျမ်းမာတော်မူကြပါစခင်ဗျာ ဆိုတဲ့ အသံပါဝါကောင်းကောင်းနဲ့ ဒီလူကြီးကို မှတ်မိကြသေးရဲ့လား ။
မြန်မာပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပြီး အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်တာကြောင့် CDM ကို အစောဆုံးပြုလုပ်ခဲ့သူလဲ ဖြစ်ပါတယ်။
ဒါကြောင့်လဲ မိသားစုရဲ့စွန့်လွှတ်ခြင်းကိုခံရပြီး လက်ရှိမှာ မိသားစုနဲ့ဝေးရာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာတာဝန်တွေကို ထမ်းဆောင်နေတာပါနော်။
လွတ်မြောက်နယ်မြေကို သွားရောက်ခဲ့တာကြောင့် မိသာစုနဲ့ မိတ်ဆွေတွေက ဖယ်ကျဥ်ခဲ့ပြီး အရာရာခက်ခဲ ကြမ်းတမ်းနေပေမယ့်လဲ တော်လှန်ရေးအတွက် စိတ်ဓာတ်ကတော့ ခိုင်မာပြတ်သားနေဆဲပဲ ဖြစ်ပါတယ်။
သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပေမယ့်လဲ ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်ရှိနေပါတယ်။
ဒါကြောင့်လဲ စိုးရိမ်စိတ်ပူပြီး ချစ်ပေးကြတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေအတွက် စိတ်အေးရပြန်ပါတယ်။
ဦးကျော် ဟာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေပေမယ့် နူးညံ့တဲ့နှလုံးသားပိုင်ရှင်ဖြစ်တာကြောင့် တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတစ်ဦးလဲဖြစ်ပါတယ်။
ဒါအပြင် တိုက်ပွဲမထွက်ရတဲ့အချိန်တွေမှာလဲ လွတ်မြောက်နယ်မြေမှာနေထိုင်နေတဲ့ ကလေးတွေကို စာသင်ပေးနေပါသေးတယ်။
ဦးကျော်သက်လင်း ဟာ တော်လှန်ရေးအတွက် စတေးမှု့တွေတိုင်းဟာ နာကျင်စရာပဲဆိုတဲ့အကြောင်းကို သူ့ရဲလူမှု့ကွန်ယက်ပေါ်မှာ
” ဘယ်လိုစတေးမှုမျိုးမဆို နာကျင်စရာပါပဲ။ ဒါပေမယ့် ဘာအတွက်စတေးရသလဲဆိုတာကပဲ အရေးပါတာပါ” လို့ ရေးသားထားပါတယ်။
အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊မြန်မာပြည်ကြီး အမြန်ဆုံးပြန်လည်ငြိမ်းချမ်းပါစေ။
ဘယ်လိုကျဆုံးမှု့ပဲဖြစ်ဖြစ် တော်လှန်ရေးအတွက် ပေးဆပ်မှု့တိုင်းဟာ နာကျင်စရာပဲဆိုတဲ့ ဦးကျော်သက်လင်း