ပရိသတ်ကြီးရေ ” သူပြန်လာမယ်လို့ နင်ထင်နေတာလား ဒါဆိုရင်အဖြေဟာ လုံးဝအမှား” ဆိုတဲ့ အဲ့ဒီသီချင်းလေးကို နားထောင်ဖူးတယ်ဆိုရင် အဆိုတော် ယွန်းမြတ်သူ ကို အားလုံးပဲ သိကြမယ်ထင်ပါတယ်။
“နင်လမ်းတွေ့ခဲ့ရင်” သီချင်းနဲ့ နာမည်ကြီး လူသိများလာခဲ့တဲ့ သူမကတော့မကြာသေးခင်ကမှ ချစ်သူနဲ့ရွှေလက်တွဲသွားတာပဲ ဖြစ်ပါတယ်။
အဆိုတော် ယွန်းမြတ်သူ ကတော့ ဖမ်းဆီးခံထားရတဲ့ ပိုပိုကို အမြန်ဆုံးပြန်လည်လွတ်မြောက်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။
အဆိုတော် ပိုပို ဟာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ လပေါင်းများစွာကြာမြင့်ခဲ့ပြီး အခြားအနုပညာရှင်တွေနဲ့အတူ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။
ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အနုပညာရှင်တွေထဲမှာ ပိုပို မပါဝင်ခဲ့တာကြောင့် ချစ်တဲ့ပရိသတ်တွေက စိတ်မကောင်းဖြစ်နေတာပါ။
အဆိုတော် ယွန်းမြတ်သူ ကတော့ ပိုပို နဲ့ပတ်သက်ပြီး ” မပိုရေ စောင့်နေမယ်ဗျို့ အယွန်းကိုအမြဲမေးတဲ့အမ ကျန်းမာစွာနဲ့ ပြန်ဆုံချင်နေပီ We Love U ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
အဆိုတော် ယွန်းမြတ်သူ ရဲ့ ပိုစ်အောက်မှာတော့ မလွတ်မြောက်သေးတဲ့ အဆိုတော် ပိုပို အတွက် ပရိသတ်တွေရဲ့ ဆုတောင်းစကားလေးတွေကို တွေ့ရပါတယ်။
ပိုပိုလဲ အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
မလွတ်မြောက်သေးတဲ့ အဆိုတော် ပိုပို နဲ့ အမြန်ဆုံး ပြန်ဆုံချင်နေပြီဆိုတဲ့ အဆိုတော် ယွန်းမြတ်သူ