Cele News

ဖော်ကာ ရဲ့မွေးနေ့ကို ရခိုင်လိုထူးထူးခြားခြား ဆုတောင်းပေးလိုက်တဲ့ အဆိုတော် ညီမင်းခိုင်

ဘယ်လို ငြိမ်းသက်ရမလဲ တေးသီချင်းဖြင့် ယောက်ကျားလေးပရိတ်သတ်ကြားထဲမှာကော မိန်းကလေးပရိတ်သတ်တွေကပါ ကြိုက်နှစ်သက်တဲ့ ရော့ခ် အဆိုတော် ဖော်ကာ ကိုတော့ အားလုံးပဲသိကြမှာပါ။

နာမည်ကြီး ရော့ကာ အဆိုတော် ဖြစ်တဲ့ အဆိုတော် ဖော်ကာ ကတော့ စိတ်မကောင်းစွာပဲ ကြွေလွှင့်သွားခဲ့ပြီဖြစ်တဲ့ အဆိုတော် ရေမွန် နဲ့ဆိုးတူကောင်းဖက်သူငယ်ချင်းတွေပါ။

သူတို့သူငယ်ချင်းနှစ်ဦးဟာ သီချင်းတွေများစွာလည်း အတူတူ ဆိုခဲ့ပြီး ပရိသတ်ချစ်ခင်ရတဲ့ နာမည်ကြီး ရော့ကာ အဆိုတော်တွေဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး band တစ်ခုဖြစ်တဲ့ wanted ရဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ဖော်ကာဟာ အောင်မြင်နေတဲ့အဆိုတော်တစ်ဦးဖြစ်တဲ့အပြင် အောင်မြင်တဲ့ မိသားစု တစ်စုကိုလည်း ထူထောင်ထားနိုင်ပါသေးတယ်။

သားလေးတစ်ယောက် ဖေဖေ ဖြစ်နေပြီဖြစ်တဲ့ ဖော်ကာ ဟာ အသံပါဝါကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဆွဲဆောင်ထားနိုင်တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့ကတော့ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပါတဲ့ အဆိုတော် ဖော်ကာ ရဲ့ ၃၆ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။

ဖော်ကာကိုတော့ ၁၉၈၆ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဦးဘဖြူနှင့်ဒေါ်ဦးခင်အေးတို့မှ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ထိန်မင်းဇော် ပဲ ဖြစ်ပါတယ်။

အဆိုတော် ဖော်ကာ ရဲ့မွေးနေ့ကို သူငယ်ချင်းဖြစ်သူ အဆိုတော် ညီမင်းခိုင် က အခုလိုပဲ ဆုတောင်းစကားပြောလာခဲ့ပါတယ်။

” Happy_Birthday_ဂျက်ချေအဖ…ဆန္ဒနန့်ဘဝ_ရက်ပြတ်တစ်ထပ်တည်းကျပါလီ…” လို့ အဆိုတော် ဖော်ကာ ရဲ့မွေးနေ့အတွက် ညီမင်းခိုင် ဟာ သူရဲ့လူမှု့ကွန်ယက်ပေါ်ကနေ ဆုတောင်းစကားပြောထားတာကို တွေ့ရပါတယ်။

ကဲ….ပရိသတ်ကြီးရေ ဒီနေ့မှာကျရောက်တဲ့ အဆိုတော် ဖော်ကာ ရဲ့မွေးနေ့အတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

အချိန်တိုင်းဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

ေဖာ္ကာ ရဲ႕ေမြးေန႔ကို ရခိုင္လိုထူးထူးျခားျခား ဆုေတာင္းေပးလိုက္တဲ့ အဆိုေတာ္ ညီမင္းခိုင္

ဘယ္လို ၿငိမ္းသက္ရမလဲ ေတးသီခ်င္းျဖင့္ ေယာက္က်ားေလးပရိတ္သတ္ၾကားထဲမွာေကာ မိန္းကေလးပရိတ္သတ္ေတြကပါ ႀကိဳက္ႏွစ္သက္တဲ့ ေရာ့ခ္ အဆိုေတာ္ ေဖာ္ကာ ကိုေတာ့ အားလုံးပဲသိၾကမွာပါ။

နာမည္ႀကီး ေရာ့ကာ အဆိုေတာ္ ျဖစ္တဲ့ အဆိုေတာ္ ေဖာ္ကာ ကေတာ့ စိတ္မေကာင္းစြာပဲ ေႂကြလႊင့္သြားခဲ့ၿပီျဖစ္တဲ့ အဆိုေတာ္ ေရမြန္ နဲ႔ဆိုးတူေကာင္းဖက္သူငယ္ခ်င္းေတြပါ။

သူတို႔သူငယ္ခ်င္းႏွစ္ဦးဟာ သီခ်င္းေတြမ်ားစြာလည္း အတူတူ ဆိုခဲ့ၿပီး ပရိသတ္ခ်စ္ခင္ရတဲ့ နာမည္ႀကီး ေရာ့ကာ အဆိုေတာ္ေတြျဖစ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

နာမည္ႀကီး band တစ္ခုျဖစ္တဲ့ wanted ရဲ႕ အဆိုေတာ္တစ္ဦးျဖစ္တဲ့ ေဖာ္ကာဟာ ေအာင္ျမင္ေနတဲ့အဆိုေတာ္တစ္ဦးျဖစ္တဲ့အျပင္ ေအာင္ျမင္တဲ့ မိသားစု တစ္စုကိုလည္း ထူေထာင္ထားႏိုင္ပါေသးတယ္။

သားေလးတစ္ေယာက္ ေဖေဖ ျဖစ္ေနၿပီျဖစ္တဲ့ ေဖာ္ကာ ဟာ အသံပါဝါေကာင္းေကာင္းနဲ႔ ပရိတ္သတ္ကို ဆြဲေဆာင္ထားႏိုင္တဲ့ အဆိုေတာ္ေကာင္းတစ္ေယာက္ျဖစ္ပါတယ္။

ဒီကေန႔ ၾသဂုတ္လ ၂ ရက္ေန႔ကေတာ့ ရခိုင္တိုင္းရင္းသားတစ္ဦးျဖစ္ပါတဲ့ အဆိုေတာ္ ေဖာ္ကာ ရဲ႕ ၃၆ ႏွစ္ျပည့္ေမြးေန႔ပဲ ျဖစ္ပါတယ္။

ေဖာ္ကာကိုေတာ့ ၁၉၈၆ ခုႏွစ္ ဩဂုတ္လ ၂ ရက္ေန႔မွာ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕၊ ဦးဘျဖဴႏွင့္ေဒၚဦးခင္ေအးတို႔မွ ေမြးဖြားခဲ့ၿပီး အမည္ရင္းမွာ ထိန္မင္းေဇာ္ ပဲ ျဖစ္ပါတယ္။

အဆိုေတာ္ ေဖာ္ကာ ရဲ႕ေမြးေန႔ကို သူငယ္ခ်င္းျဖစ္သူ အဆိုေတာ္ ညီမင္းခိုင္ က အခုလိုပဲ ဆုေတာင္းစကားေျပာလာခဲ့ပါတယ္။

” Happy_Birthday_ဂ်က္ေခ်အဖ…ဆႏၵနန႔္ဘဝ_ရက္ျပတ္တစ္ထပ္တည္းက်ပါလီ…” လို႔ အဆိုေတာ္ ေဖာ္ကာ ရဲ႕ေမြးေန႔အတြက္ ညီမင္းခိုင္ ဟာ သူရဲ႕လူမႈ႕ကြန္ယက္ေပၚကေန ဆုေတာင္းစကားေျပာထားတာကို ေတြ႕ရပါတယ္။

ကဲ….ပရိသတ္ႀကီးေရ ဒီေန႔မွာက်ေရာက္တဲ့ အဆိုေတာ္ ေဖာ္ကာ ရဲ႕ေမြးေန႔အတြက္ ဆုေတာင္းစကားေလးေတြကို ေကာမန႔္မွာ ေရးသားသြားေပးခဲ့ပါအုန္းေနာ္။

အခ်ိန္တိုင္းဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္၊သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။