celebrity news

အလုပ်လုပ်သူတိုင်း ဝင်ငွေရစေရမယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ စကားကို ‌လှောင်ရယ်လိုက်တဲ့ လူရွှင်တော် ပိုးလေး

ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော် ပိုးလေး ကိုတော့ ဟာသကိုကြိုက်နှစ်သက်သူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။

ဟားငါးကောင်းအဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ကို လူရွှင်တော် တိုင်းကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော်၊တိုးကျော် အစရှိတဲ့ လူရွှင်တော်ငါးဦးနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။

လက်ရှိမှာ ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

လူရွှင်တော် ပိုးလေး ကတော့ သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ အခုလိုပဲရေးသားလာခဲ့ပါတယ်။

“မအလရဲ့သမိုင်းဝင်စကား အလုပ် လုပ်သူတိုင်း ဝင်ငွေရစေရမယ် ဟာဟ” လို့ စစ်ကောင်စီဘက်က ပြောခဲ့တဲ့ စကားကို လှောင်ပြောင်ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။







