celebrity news

လွတ်မြောက်နယ်မြေက PDF ပြည်သူ့ရဲဘော်တွေနဲ့ မကြာခင်ပြန်ဆုံကြမယ်လို့ ပြောလိုက်တဲ့ မင်းမော်ကွန်း

မင်းသား မင်းမော်ကွန်း ကတော့ တစ်ခေတ်တခါထဲက အောင်မြင်ကျော်ကြား လူကြိုက်များ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

နုပျိုလွန်းတာကြောင့် ” သွားသေးသေးလေးနဲ့ ကိုကြာနု” လို့ တောင် ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြပါသေးတယ်။

မင်းမော်ကွန်း ဟာ “နှလုံးလှ လူမိုက်” ကားနဲ့အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။

မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းမော်ကွန်း ဟာလက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာပါ။

ဒါကြောင့်လဲ ဘေးကင်းရာ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ တိမ်းရှောင်ပြီးနောက် နှစ်နှစ်နီးပါးခက်ခက်ခဲနေထိုင်ခဲ့ရပါတယ်။

အခုလက်ရှိအချိန်မှာတော့ မင်းသား မင်းမော်ကွန်း ဟာ သြစတေးလျနိုင်ငံကို ရောက်ရှိနေပြီး တော်လှန်ရေးအတွက် ထောက်ပို့တပ်သားအဖြစ် တာဝန်ယူထားပါတယ်။

နိုင်ငံရပ်ခြားကို ရောက်ရှိသွားတဲ့ မင်းမော်ကွန်း ကတော့ တော်လှန်ရေးအတွက် လိုအပ်နေတဲ့ လက်နက်ရိက္ခာတွေ ပိုမိုရအောင် ထောက်ပံ့ပေးနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒါအပြင် နွေဦးတော်လှန်ရေးကြီး အောင်မြင်မယ်ဆိုတာ ယုံကြည်တယ်လို့လဲ ပြည်သူတွေကို ပြောပြသွားပါသေးတယ်။

သူဟာ ဓမ္မနဲ့အဓမ္မမှာ အားနည်းနေတဲ့ ဓမ္မဘက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့တဲ့အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

ဒါကြောင့်လဲ အားပေးတဲ့ပရိသတ်တွေက အရမ်းကိုဂုဏ်ယူလေးစား ချစ်ခင်အား‌ပေးရကျိုးနပ်ခဲ့ကြပါတယ်။

မင်းသား မင်းမော်ကွန်း ကတော့ လွတ်မြောက်နယ်မြေမှာ ကျန်ရစ်ခဲ့တဲ့ ပြည်သူ့ရဲဘော်တွေနဲ့ မကြာခင်ပြန်ဆုံမယ်လို့ ကတိပေးလိုက်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ” ငါပြန်လာပြန်ဆုံချင်တာ စရောက်ထဲကကွာ ငါ့ညီတွေင့ါရဲဘော်တွေနဲ့ ပြန်တွေ့မယ်ခဏပဲ ” လို့ ရေးသားထားပါတယ်။

လြတ္ေျမာက္နယ္ေျမက PDF ျပည္သူ႔ရဲေဘာ္ေတြနဲ႔ မၾကာခင္ျပန္ဆုံၾကမယ္လို႔ ေျပာလိုက္တဲ့ မင္းေမာ္ကြန္း

မင္းသား မင္းေမာ္ကြန္း ကေတာ့ တစ္ေခတ္တခါထဲက ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ား ေအာင္ျမင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။

ႏုပ်ိဳလြန္းတာေၾကာင့္ ” သြားေသးေသးေလးနဲ႔ ကိုၾကာႏု” လို႔ ေတာင္ ပရိသတ္ေတြက ခ်စ္စႏိုးေခၚေဝၚၾကပါေသးတယ္။

မင္းေမာ္ကြန္း ဟာ “ႏွလုံးလွ လူမိုက္” ကားနဲ႔အမ်ိဳးသားဇာတ္ေဆာင္ဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရွိခဲ့ပါတယ္။

ျမန္မာျပည္ရဲ႕ ထိပ္တန္းမင္းသားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္တဲ့ မင္းေမာ္ကြန္း ဟာလက္ရွိမွာ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရတာပါ။

ဒါေၾကာင့္လဲ ေဘးကင္းရာ လြတ္ေျမာက္နယ္ေျမကို မိသားစုနဲ႔အတူ တိမ္းေရွာင္ၿပီးေနာက္ ႏွစ္ႏွစ္နီးပါးခက္ခက္ခဲေနထိုင္ခဲ့ရပါတယ္။

အခုလက္ရွိအခ်ိန္မွာေတာ့ မင္းသား မင္းေမာ္ကြန္း ဟာ ၾသစေတးလ်ႏိုင္ငံကို ေရာက္ရွိေနၿပီး ေတာ္လွန္ေရးအတြက္ ေထာက္ပို႔တပ္သားအျဖစ္ တာဝန္ယူထားပါတယ္။

ႏိုင္ငံရပ္ျခားကို ေရာက္ရွိသြားတဲ့ မင္းေမာ္ကြန္း ကေတာ့ ေတာ္လွန္ေရးအတြက္ လိုအပ္ေနတဲ့ လက္နက္ရိကၡာေတြ ပိုမိုရေအာင္ ေထာက္ပံ့ေပးႏိုင္ေအာင္ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

ဒါအျပင္ ေႏြဦးေတာ္လွန္ေရးႀကီး ေအာင္ျမင္မယ္ဆိုတာ ယုံၾကည္တယ္လို႔လဲ ျပည္သူေတြကို ေျပာျပသြားပါေသးတယ္။

သူဟာ ဓမၼနဲ႔အဓမၼမွာ အားနည္းေနတဲ့ ဓမၼဘက္က ျပတ္ျပတ္သားသား ရပ္တည္ခဲ့တဲ့အႏုပညာရွင္ တစ္ဦးျဖစ္ပါတယ္။

ဒါေၾကာင့္လဲ အားေပးတဲ့ပရိသတ္ေတြက အရမ္းကိုဂုဏ္ယူေလးစား ခ်စ္ခင္အား‌ေပးရက်ိဳးနပ္ခဲ့ၾကပါတယ္။

မင္းသား မင္းေမာ္ကြန္း ကေတာ့ လြတ္ေျမာက္နယ္ေျမမွာ က်န္ရစ္ခဲ့တဲ့ ျပည္သူ႔ရဲေဘာ္ေတြနဲ႔ မၾကာခင္ျပန္ဆုံမယ္လို႔ ကတိေပးလိုက္ပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ” ငါျပန္လာျပန္ဆုံခ်င္တာ စေရာက္ထဲကကြာ ငါ့ညီေတြင့ါရဲေဘာ္ေတြနဲ႔ ျပန္ေတြ႕မယ္ခဏပဲ ” လို႔ ေရးသားထားပါတယ္။