ရော့ခ်သီချင်းကောင်းများစွာကို သီဆိုထားတဲ့ ရော့လ်ဂီတဘုရင်ကြီး ဇော်ဝင်းထွဋ် ကိုတော့ ယောက်ကျားလေးပရိသတ်တိုင်း မသိသူမရှိလောက်အောင် နာမည်ကြီးကျော်ကြားပါတယ်။
ဂီတလောကမှာ ဦးညီ လို့ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်ကြီး ဇော်ဝင်းထွဋ် ကတော့ နွေဦးတော်လှန်ရေးမှာလဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။
ဇော်ဝင်းထွဋ်ရဲ့သားဖြစ်သူ အဆိုတော် အီတိုး ကို အကြမ်းဖက်မှုများတွင် ပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံထားရတာ ၁ နှစ်နီးပါးရှိခဲ့ပါ ဖြစ်ပါတယ်။
သားဖြစ်သူ အဆိုတော် အီတိုး ကို အကြမ်းဖက်တပ်ဖွဲ့ဝင်များက ၂၀၂၁၊ စက်တင်ဘာ ၈ ရက်၊ ညပိုင်းမှာ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်မှာ ဖမ်းဆီးခံတာပါ။
အဆိုတော် အီတိုး အပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦးကို လက်လုပ်မိုင်းတွေ့ရှိမှု့နှင့် ပတ်သက်ပြီး စွဲချက်တင်ခဲ့ပါတယ်။
ဒါပေမယ့်လဲ အီတိုးနဲ့အတူ တွေ့ရှိရတဲ့ လက်နက်ပစ္စည်းများမှာ သူ့ရဲ့ပစ္စည်းများ မဟုတ်ဘဲ ပစ္စည်းပိုင်ရှင်ပေါ်ပေါက်ခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅ က နဲ့ပဲ တရားစွဲဆိုခံရတာပါ။
ပရိသတ်ကြီးရေ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရတဲ့ အဆိုတော် အီတိုး အတွက် ဆုတောင်းစကားလေးတွေ ကောမန့်မှာ ရေးသားးသွားပေးခဲ့ပါအုန်းနော်။
ပုဒ်မ ၅၀၅ က နဲ့ ထောင်ဒဏ်နှစ်ရှည်ချခံလိုက်ရတဲ့ ရော့ခ်ဂီတဘုရင်ကြီး ဇော်ဝင်းထွဋ် ရဲ့ သားလေး အီတိုး