Cele News

ကြိုက်နှစ်သက်ရတဲ့ နာမည်ကြီးမင်းသမီးတစ်ဦးရဲ့ နာမည်ကို ပြောပြခဲ့ဖူးတဲ့ အဆိုတော် မူးလာ

Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်မြောက်မြားစွာရရှိခဲ့ပြီး ဂီတလောကမှာနာမည်ရလာခဲ့တဲ့ ကရင်တိုင်းရင်းသားအဆိုတော် စောခရစ်မူးလာ ကိုတော့ ပရိသတ်တိုင်းသိကြလိမ့်မယ်ထင်ပါတယ်။

ရော့ခ်သီချင်းတွေကိုအဓိက သီဆိုပြီးတော့ ဆံပင်ရှည်ရှည်လေးနဲ့ မိန်းကလေးပရိသတ်တွေကို ဆွဲဆောင်နိုင်လွန်းသူတစ်ဦးလဲဖြစ်ပါတယ်။

မူးလာ ဟာလက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ ကျရာတာဝန်ကို ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်အာဏာမသိမ်းခဲ့စဥ်က မူးလာ ဟာ မြန်မာရုပ်ရှင်လောကထဲ ခြေဆန့်ချင်ခဲ့ပြီး တွဲဖက်ရိုက်ကူးခြင်းဆုံး မင်းသမီးတစ်ယောက်ရဲ့ နာမည်ကို ပြောပြခဲ့ပါတယ်။

မူးလာ ဟာ အနုပညာလောကထဲကို ဝင်ရောက်ချင်ခဲံတာဟာ မင်းသားဖြစ်ချင်လို့မဟုတ်ပဲ သရုပ်ဆောင်ကောင်းတစ်ယောက်သာ ဖြစ်ချင်ခဲ့ပါတယ်။

သူရိုက်ချင်ခဲ့တဲ့ ကာရိုက်တာတွေကတော့ ဇာတ်နာတဲ့ဇာတ်လမ်းတွေနဲ့ လူကြမ်း၊ဗီလိန် ဇာတ်ရုပ်တွေ၊သူတောင်စားအခန်းတွေ နဲ့

သူများအလုပ်ချင်တဲ့ စုတ်စုတ်ပြတ်ပြတ်အခန်းတွေမှာ သရုပ်ဆောင်ချင်ခဲ့တာပါ။ မင်းသားလို ကျော့ကျော့မော့မော့ သရုပ်မဆောင်ချင်ဘဲ သဘာဝကျကျပဲ သရုပ်ဆောင်ချင်ခဲ့ပါတယ်။

သူအကြိုက်ဆုံး မင်းသမီးကတော့ ပိုင်ဖြိုးသု ဖြစ်ပြီး သူမရဲ့ အိုက်တင်တွေကို အရမ်းကိုကြိုက်နှစ်သက်ခဲ့ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။

ခံယူချက်ချင်းတူညီတဲ့ အနုပညာ‌မောင်နှမနှစ်ဦး တော်လှန်ရေးကြီး အောင်မြင်တဲ့အခါ အတူတကွဇာတ်ကားကောင်းများစွာကို ဖန်တီးရိုက်ကူးနိုင်ကြပါစေ။

ပရိသတ်ကြီးရေ မြန်မာနိုင်ငံကို စစ်အာဏာသိမ်းခဲ့တာဆိုရင်တော့ ၂ နှစ်ကျော်ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။

အာဏာသိမ်းတာကိုလက်မခံတဲ့ ပြည်သူအချို့နဲ့ အနုပညာရှင်တွေဟာဆိုရင် လွတ်မြောက်နယ်မြေမှာ ခိုလှုံရင်း တော်လှန်ဖို့ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

အစားအသောက်၊အနေအထိုင်ခက်ခဲကြမ်းတမ်းလွန်းတဲ့ လွတ်မြောက်နယ်မြေ ကတော့လူတိုင်းအတွက် အဆင်ပြေချောမွေ့ကြလိမ့်မယ် မထင်ပါဘူးနော်။

ႀကိဳက္ႏွစ္သက္ရတဲ့ နာမည္ႀကီးမင္းသမီးတစ္ဦးရဲ႕ နာမည္ကို ေျပာျပခဲ့ဖူးတဲ့ အဆိုေတာ္ မူးလာ

Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲကေန ပရိသတ္ေျမာက္ျမားစြာရရွိခဲ့ၿပီး ဂီတေလာကမွာနာမည္ရလာခဲ့တဲ့ ကရင္တိုင္းရင္းသားအဆိုေတာ္ ေစာခရစ္မူးလာ ကိုေတာ့ ပရိသတ္တိုင္းသိၾကလိမ့္မယ္ထင္ပါတယ္။

ေရာ့ခ္သီခ်င္းေတြကိုအဓိက သီဆိုၿပီးေတာ့ ဆံပင္ရွည္ရွည္ေလးနဲ႔ မိန္းကေလးပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္လြန္းသူတစ္ဦးလဲျဖစ္ပါတယ္။

မူးလာ ဟာလက္ရွိမွာ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနၿပီးေတာ့ က်ရာတာဝန္ကို ထမ္းေဆာင္ေနတာပဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို စစ္အာဏာမသိမ္းခဲ့စဥ္က မူးလာ ဟာ ျမန္မာ႐ုပ္ရွင္ေလာကထဲ ေျခဆန႔္ခ်င္ခဲ့ၿပီး တြဲဖက္႐ိုက္ကူးျခင္းဆုံး မင္းသမီးတစ္ေယာက္ရဲ႕ နာမည္ကို ေျပာျပခဲ့ပါတယ္။

မူးလာ ဟာ အႏုပညာေလာကထဲကို ဝင္ေရာက္ခ်င္ခဲံတာဟာ မင္းသားျဖစ္ခ်င္လို႔မဟုတ္ပဲ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္သာ ျဖစ္ခ်င္ခဲ့ပါတယ္။

သူ႐ိုက္ခ်င္ခဲ့တဲ့ ကာ႐ိုက္တာေတြကေတာ့ ဇာတ္နာတဲ့ဇာတ္လမ္းေတြနဲ႔ လူၾကမ္း၊ဗီလိန္ ဇာတ္႐ုပ္ေတြ၊သူေတာင္စားအခန္းေတြ နဲ႔

သူမ်ားအလုပ္ခ်င္တဲ့ စုတ္စုတ္ျပတ္ျပတ္အခန္းေတြမွာ သ႐ုပ္ေဆာင္ခ်င္ခဲ့တာပါ။ မင္းသားလို ေက်ာ့ေက်ာ့ေမာ့ေမာ့ သ႐ုပ္မေဆာင္ခ်င္ဘဲ သဘာဝက်က်ပဲ သ႐ုပ္ေဆာင္ခ်င္ခဲ့ပါတယ္။

သူအႀကိဳက္ဆုံး မင္းသမီးကေတာ့ ပိုင္ၿဖိဳးသု ျဖစ္ၿပီး သူမရဲ႕ အိုက္တင္ေတြကို အရမ္းကိုႀကိဳက္ႏွစ္သက္ခဲ့ပါတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖခဲ့ဖူးပါတယ္။

ခံယူခ်က္ခ်င္းတူညီတဲ့ အႏုပညာ‌ေမာင္ႏွမႏွစ္ဦး ေတာ္လွန္ေရးႀကီး ေအာင္ျမင္တဲ့အခါ အတူတကြဇာတ္ကားေကာင္းမ်ားစြာကို ဖန္တီး႐ိုက္ကူးႏိုင္ၾကပါေစ။

ပရိသတ္ႀကီးေရ ျမန္မာႏိုင္ငံကို စစ္အာဏာသိမ္းခဲ့တာဆိုရင္ေတာ့ ၂ ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီပဲ ျဖစ္ပါတယ္။

အာဏာသိမ္းတာကိုလက္မခံတဲ့ ျပည္သူအခ်ိဳ႕နဲ႔ အႏုပညာရွင္ေတြဟာဆိုရင္ လြတ္ေျမာက္နယ္ေျမမွာ ခိုလႈံရင္း ေတာ္လွန္ဖို႔ႀကိဳးစားေနၾကတာပဲျဖစ္ပါတယ္။

အစားအေသာက္၊အေနအထိုင္ခက္ခဲၾကမ္းတမ္းလြန္းတဲ့ လြတ္ေျမာက္နယ္ေျမ ကေတာ့လူတိုင္းအတြက္ အဆင္ေျပေခ်ာေမြ႕ၾကလိမ့္မယ္ မထင္ပါဘူးေနာ္။