Cele News

စကစရဲ့ သိန်း၆ထောင်တန်ပြဇာတ်ကြီးကို ပြည်သူတွေနဲ့အတူ ကြည့်ဖို့စောင့်နေတဲ့ ဟားငါးကောင် လူရွှင်တော် တိုင်းကျော်

ပရိသတ်တွေကို ရယ်မောပျော်ရွင်အောင် ပြက်လုံးတွေနဲ့ တင်ဆက်ပေးနေကျဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ ဟာဆိုရင် ပရိသတ်အချစ်တော် အငြိမ့်အဖွဲ့ပဲဖြစ်ပါတယ်။

ပြက်လုံးတွေကိုဖန်တီးသရုပ်ဖော်တာ တော်ရုံမက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

ဟားငါးကောင်တို့ ရောက်ရှိနေတဲ့ နေရာဟာ တောတွင်းတစ်နေရာဖြစ်တာကြောင့် အစားအသောက် အနေအထိုင် အရမ်းခက်ခဲကြမ်းတမ်းပါတယ်။

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ သူတွေဟာ ရာသီဥတုမမှန်တဲ့အပြင် စောင်၊ခြင်ထောင် လုံလောက်စွာမရရှိတဲ့အတွက် အရမ်းဒုက္ခရောက်ကြရပါတယ်။

ဒါကြောင့်လဲ တောထဲမှာ ခက်ခဲစွာနေထိုင်နေကြရတာကြောင့် တစ်ခါတရံကျန်းမာရေးတွေ ထိခိုက်ကြရပါ့တယ်။

ဒါပေမယ့်လဲ ခိုင်မာတဲ့ စိတ်ဓာတ်တွေကြောင့် အခက်အခဲတွေ အားလုံးကို အတတ်နိုင်ဆုံးသည်းခံပြီး ဖြတ်ကျော်နေကြပါတယ်။

လူရွှင်တော် တိုင်း‌ကျော် ဟာ စကစရဲ့ သိန်း၆ထောင်တန်ပြဇာတ်ကြီးကို ကြည့်ဖို့ထိုင်စောင့်နေတယ်လို့ ပြည်သူတွေကို အသိပေးတဲ့အကြောင်းကို

” စစ်ကောင်စီရဲ့ သိန်း၆ထောင်တန် အကုန်ကျခံထားတဲ့ပြဇာတ်ကြီးကို ထိုင်ဆဲဖို့စောင့်နေသူပါ ” လို့ တိုင်းကျော် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

လူရွှင်တော် တိုင်းကျော် ရဲ့ ပိုစ်လေးအောက်မှာတော့ သဘောကျနေကြတဲ့ ကောမန့်လေးတွေကို တွေ့ရပါတယ်နော်။

စကစရဲ႕ သိန္း၆ေထာင္တန္ျပဇာတ္ႀကီးကို ျပည္သူေတြနဲ႔အတူ ၾကည့္ဖို႔ေစာင့္ေနတဲ့ ဟားငါးေကာင္ လူ႐ႊင္ေတာ္ တိုင္းေက်ာ္

ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ြင္ေအာင္ ျပက္လုံးေတြနဲ႔ တင္ဆက္ေပးေနက်ျဖစ္တဲ့ ဟားငါးေကာင္အဖြဲ႕ ဟာဆိုရင္ ပရိသတ္အခ်စ္ေတာ္ အၿငိမ့္အဖြဲ႕ပဲျဖစ္ပါတယ္။

ျပက္လုံးေတြကိုဖန္တီးသ႐ုပ္ေဖာ္တာ ေတာ္႐ုံမက ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ဟာသသ႐ုပ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ၿပီး ပရိသတ္ေတြကို ေဖ်ာ္ေျဖတင္ဆက္ေပးေနတာပဲ ျဖစ္ပါတယ္။

ဟားငါးေကာင္တို႔ ေရာက္ရွိေနတဲ့ ေနရာဟာ ေတာတြင္းတစ္ေနရာျဖစ္တာေၾကာင့္ အစားအေသာက္ အေနအထိုင္ အရမ္းခက္ခဲၾကမ္းတမ္းပါတယ္။

လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ သူေတြဟာ ရာသီဥတုမမွန္တဲ့အျပင္ ေစာင္၊ျခင္ေထာင္ လုံေလာက္စြာမရရွိတဲ့အတြက္ အရမ္းဒုကၡေရာက္ၾကရပါတယ္။

ဒါေၾကာင့္လဲ ေတာထဲမွာ ခက္ခဲစြာေနထိုင္ေနၾကရတာေၾကာင့္ တစ္ခါတရံက်န္းမာေရးေတြ ထိခိုက္ၾကရပါ့တယ္။

ဒါေပမယ့္လဲ ခိုင္မာတဲ့ စိတ္ဓာတ္ေတြေၾကာင့္ အခက္အခဲေတြ အားလုံးကို အတတ္ႏိုင္ဆုံးသည္းခံၿပီး ျဖတ္ေက်ာ္ေနၾကပါတယ္။

လူ႐ႊင္ေတာ္ တိုင္း‌ေက်ာ္ ဟာ စကစရဲ႕ သိန္း၆ေထာင္တန္ျပဇာတ္ႀကီးကို ၾကည့္ဖို႔ထိုင္ေစာင့္ေနတယ္လို႔ ျပည္သူေတြကို အသိေပးတဲ့အေၾကာင္းကို

” စစ္ေကာင္စီရဲ႕ သိန္း၆ေထာင္တန္ အကုန္က်ခံထားတဲ့ျပဇာတ္ႀကီးကို ထိုင္ဆဲဖို႔ေစာင့္ေနသူပါ ” လို႔ တိုင္းေက်ာ္ ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။

လူ႐ႊင္ေတာ္ တိုင္းေက်ာ္ ရဲ႕ ပိုစ္ေလးေအာက္မွာေတာ့ သေဘာက်ေနၾကတဲ့ ေကာမန႔္ေလးေတြကို ေတြ႕ရပါတယ္ေနာ္။