Cele News

တစ်နိုင်ငံလုံးက PDF ရဲဘော်တွေနဲ့ တစ်သွေးတည်းတစ်သားတည်း ရှိနေတယ်လို့ အသိပေးလိုက်တဲ့ မင်းမော်ကွန်း

တစ်နိုင်ငံလုံးက PDF ရဲဘော်တွေနဲ့ တစ်သွေးတည်းတစ်သားတည်း ရှိနေတယ်လို့ အသိပေးလိုက်တဲ့ မင်းမော်ကွန်း

မင်းသား မင်းမော်ကွန်း ကတော့ တစ်ခေတ်တခါထဲက အောင်မြင်ကျော်ကြား လူကြိုက်များ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

နုပျိုလွန်းတာကြောင့် ” သွားသေးသေးလေးနဲ့ ကိုကြာနု” လို့ တောင် ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြပါသေးတယ်။

မင်းမော်ကွန်း ဟာ “နှလုံးလှ လူမိုက်” ကားနဲ့အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။

မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းမော်ကွန်း ဟာလက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာကြောင့် လွတ်မြောက်နယ်မြေကို တိမ်းရှောင်ခဲ့ပြီး

အခုအချိန်မှာ တော်လှန်ရေးအတွက် ထောက်ပို့တာဝန်ယူဖို့အတွက် သြစတေးလျနိုင်ငံကို ရောက်ရှိနေပြီး အစွမ်းကုန်ကူညီနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

မင်းသား မင်းမော်ကွန်း ဟာ ကျေးလက် မြို့ပေါ်က PDF ရဲဘော်တွေနဲ့ တစ်သွေးတည်းတစ်သားတည်းပါပဲ လို့ ပြည်သူတွေကို အသိပေးလာခဲ့ပါတယ်။

” ကျွန်တော်တို့က အကြမ်းဖက်ဝါဒကိုသွားနေတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းခြင်း တရားမျှတခြင်းကို သွားနေကြခြင်းဖြစ်ပါတယ်။

ရဲဘော်တွေနဲ့ ကျွန်တော်တို့က တစ်သွေးတည်းတစ်သားတည်းပါ။ အချိုးအစားညီညီနဲ့ အားသွန်ခွန်စိုက် ကြိုးစားပေးကြတဲ့

ကျေးလက်၊မြို့ပေါ်က PDF ရဲဘော်တွေကို အထူးအင်မတန် လေးစားရပါတယ်။ သတိတရရှိနေပါတယ်” လို့ မင်းမော်ကွန်း ဟာ သူ့ရဲလူမှု့ကွန်ယက်ပေါ်မှာ အခုလိုပဲ ရေးသားထားခဲ့တာပါ။









