ပရိသတ်ကြီးရေ ချိုသာတဲ့အပြုံးပိုင်ရှင်၊လှပတဲ့ခန္ဓာကိုယ်အချိုးအစားလေးတွေကြောင့် အလှမယ်လေးတစ်ဦးဖြစ်လာခဲ့တဲ့ ထားထက်ထက် ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမှာပါ။
သူမဟာအလှမယ်လေးဖြစ်တဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလဲ ပါဝင်ရိုက်ကူးသရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်လဲ ဖြစ်ပါတယ်။
ထားထက်ထက် ဟာ သူမရဲ့အနုပညာအိမ်မက်တွေကို အကောင်အထည်ဖော်နေရင်း မြန်မာပြည်ရဲ့အခြေအနေတွေကြောင့် ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။
ကိုယ်တိုင်ကလဲ ဓမ္မဘက်တော်သားဖြစ်တာကြောင့် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ခဲ့တာပါ။
အလှမယ် ထားထက်ထက် ကတော့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
သူမကတော့ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ပြည်သူတွေကိုကာကွယ်ဖို့ စစ်သင်တန်းတတ်ရောက်နေပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှု့ကို အများဆုံးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ထားထက်ထက် ဟာဖခင်ကွယ်လွန်တဲ့နောက်ဆုံးအချိန်ကိုတောင် တွေ့ခွင့်မရခဲ့ပါဖူး။
မကြာသေးခင်နာရီပိုင်းလောက်က အလှမယ် ထားထက်ထက် ဟာ လွတ်မြောက်နယ်မြေထိ ရိက္ခာတွေထောက်ပို့ပေးလိုက်တဲ့ မိတ်ဆွေကို ကျေးဇူးစကားပြောလိုက်ပါတယ်။
သူ့ရဲ့မိတ်ဆွေ ရဲမင်း AAC ကိုကျေးဇူးတင်ကြောင်းကို ” အကို ကိုရဲမင်း AAC Ye Minရိက္ခာကူညီပေးတာတွေအတွက် ကျေးဇူးတင်ပါတယ်ရှင့် …”လို့ ရေးသားထားပါတယ်။
လွတ်မြောက်နယ်မြေကို ရိက္ခာတွေအများကြီး ထောက်ပို့ပေးလိုက်တဲ့ မိတ်ဆွေကို ကျေးဇူးတင်လိုက်တဲ့ ထားထက်ထက်