Cele News

ကိုဗစ်နဲ့ငှက်ဖျားရောဂါဒဏ်ကို အလူးအလဲခံစားနေရတဲ့ ဟားငါးကောင် လူရွှင်တော် တိုးကျော်

ပရိသတ်တွေကို ရယ်မောပျော်ရွင်အောင် ပြက်လုံးတွေနဲ့ တင်ဆက်ပေးနေကျဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ ဟာဆိုရင် ပရိသတ်အချစ်တော် အငြိမ့်အဖွဲ့ပဲဖြစ်ပါတယ်။

ဟားငါးကောင် ဟာဆိုရင်တော့ အာဏာစသိမ်းတဲ့အချိန်ကစပြီး အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ အစောဆုံးရပ်တည်ခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊ပိုးလေး၊တိုးကျော် အစရှိတဲ့အဖွဲ့ဝင်ငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

အမှန်တရားဘက်တော်သားတွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ တတ်ညီလက်ညီနဲ့ အာဏာရှင်ကိုတွန်းလှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ရင်ဘတ်ချင်းတူ ညီအစ်ကိုငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ဟာဆိုရင် အမှန်တရားအတွက် လွတ်‌မြောက်နယ်မြေကို

ရောက်ရှိနေပြီးတောတွင်းတစ်နေရာဖြစ်တာကြောင့် အစားအသောက် အနေအထိုင် ခက်ခဲကြမ်းတမ်းပါတယ်။

ဒါကြောင့်လဲ ခြင်ပေါများတဲ့ တောတွင်းတစ်နေရာဖြစ်တာကြောင့်လဲ ငှက်ဖျားရောဂါ၊တုပ်ကွေးရောဂါ တွေကို ခံစားနေကြရပါတယ်။

ဟားငါးကောင် လူရွှင်တော် တိုးကျော် ဟာ ကိုဗစ်အပြင် ငှက်ဖျားရောဂါနှစ်ခုဒဏ်ကို အလူးအလဲခံစားနေရပါတယ်။

” အဖွဲ့ထဲကလူတွေ တစ်ယောက်ပြီးတစ်ယောက် ဖျားနာနေကြပါလား။ ဒီတစ်ခါငါ့အလှည့်လာပီထင်တယ်” လို့ လူရွှင်တော် တိုးကျော် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

လူရွှင်တော် တိုးကျော် နဲ့ အတူ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ရဲဘော်တွေအားလုံး ဘေးကင်းကျန်းမာစွာနဲ့ မိသားစုနဲ့အတူ ပြန်လည်ဆုံစည်းနိုင်ကြပါစေ။

ကိုဗစ္နဲ႔ငွက္ဖ်ားေရာဂါဒဏ္ကို အလူးအလဲခံစားေနရတဲ့ ဟားငါးေကာင္ လူ႐ႊင္ေတာ္ တိုးေက်ာ္

ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ြင္ေအာင္ ျပက္လုံးေတြနဲ႔ တင္ဆက္ေပးေနက်ျဖစ္တဲ့ ဟားငါးေကာင္အဖြဲ႕ ဟာဆိုရင္ ပရိသတ္အခ်စ္ေတာ္ အၿငိမ့္အဖြဲ႕ပဲျဖစ္ပါတယ္။

ဟားငါးေကာင္ ဟာဆိုရင္ေတာ့ အာဏာစသိမ္းတဲ့အခ်ိန္ကစၿပီး အမွန္တရားအတြက္ ျပည္သူေတြနဲ႔အတူ အေစာဆုံးရပ္တည္ခဲ့တဲ့ အဖြဲ႕ပဲျဖစ္ပါတယ္။

ဟားငါးေကာင္အဖြဲ႕ကို တိုင္းေက်ာ္၊ျပည္ေက်ာ္၊ဝိုင္းေက်ာ္၊ပိုးေလး၊တိုးေက်ာ္ အစရွိတဲ့အဖြဲ႕ဝင္ငါးေယာက္နဲ႔ ဖြဲ႕စည္းထားတာပဲ ျဖစ္ပါတယ္။

အမွန္တရားဘက္ေတာ္သားေတြျဖစ္ၾကတဲ့ သူတို႔ငါးဦးဟာ တတ္ညီလက္ညီနဲ႔ အာဏာရွင္ကိုတြန္းလွန္ဖို႔ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။

ရင္ဘတ္ခ်င္းတူ ညီအစ္ကိုငါးေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ သူတို႔အဖြဲ႕ဟာဆိုရင္ အမွန္တရားအတြက္ လြတ္‌ေျမာက္နယ္ေျမကို

ေရာက္ရွိေနၿပီးေတာတြင္းတစ္ေနရာျဖစ္တာေၾကာင့္ အစားအေသာက္ အေနအထိုင္ ခက္ခဲၾကမ္းတမ္းပါတယ္။

ဒါေၾကာင့္လဲ ျခင္ေပါမ်ားတဲ့ ေတာတြင္းတစ္ေနရာျဖစ္တာေၾကာင့္လဲ ငွက္ဖ်ားေရာဂါ၊တုပ္ေကြးေရာဂါ ေတြကို ခံစားေနၾကရပါတယ္။

ဟားငါးေကာင္ လူ႐ႊင္ေတာ္ တိုးေက်ာ္ ဟာ ကိုဗစ္အျပင္ ငွက္ဖ်ားေရာဂါႏွစ္ခုဒဏ္ကို အလူးအလဲခံစားေနရပါတယ္။

” အဖြဲ႕ထဲကလူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ဖ်ားနာေနၾကပါလား။ ဒီတစ္ခါငါ့အလွည့္လာပီထင္တယ္” လို႔ လူ႐ႊင္ေတာ္ တိုးေက်ာ္ ရဲ႕ လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။

လူ႐ႊင္ေတာ္ တိုးေက်ာ္ နဲ႔ အတူ အမွန္တရားအတြက္ တိုက္ပြဲဝင္ေနၾကတဲ့ ျပည္သူ႔ရဲေဘာ္ေတြအားလုံး ေဘးကင္းက်န္းမာစြာနဲ႔ မိသားစုနဲ႔အတူ ျပန္လည္ဆုံစည္းႏိုင္ၾကပါေစ။