Cele News

ထူးခန့်ကျော်ကို မိဘလိုအဖေလိုသဘောထားတဲ့ ဝိပါကဇာတ်လမ်းတွဲ မင်းသား သုတအောင်

ပရိသတ်ကြီးရေ ဗီဒီယိုခေတ်ထဲက နာမည်ကြီးလူကြိုက်များခဲ့တဲ့ ဝါရင့်မင်းသားတစ်ဦးဖြစ်တဲ့ ထူးခန့်ကျော် ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်နော်။

အခုလက်ရှိမှာ အနုပညာလှုပ်ရှားမူ့တွေမရှိတော့ပေမယ့် တတ်ကျွမ်းထားတဲ့ တိုင်းရင်းဆေးပညာနဲ့ အရိုးဝေဒနာကို ခံစားနေရတဲ့ လူနာတွေကို ကုသပေးနေပါတယ်။

ဆေးပညာဟာ ဆေးစွမ်းထက်လွန်းပြီး ပြသဖို့အနယ်နယ်အရပ်ရပ်က ဝေဒနာရှင်တွေ များပြားတာတွေကြောင့် ဘိုကင်စနစ်နဲ့ တန်းစီကြရပါတယ်။

ထူးခန့်ကျော် ကတော့ လက်ရှိမှာထုတ်လွှင့်ပြသခဲ့တဲ့ ဝိပါကဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်‌ဆောင်ထားပြီး ပရိသတ်အားပေးမှု့ကို ရရှိထားပါတယ်။

ဝိပါကဇာတ်လမ်းတွဲ ဟာ ပြီးဆုံးသွားပေမယ့်လဲ ပရိသတ်တွေကြား အတော်လေးစွဲမက်ထင်ကျန်ရစ်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလဲ ဖြစ်ခဲ့ပါတယ်။

ဝိပါကဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား သုတအောင် ကတော့ ထူးခန့်ကျော် ရဲ့ သားတပည့်တစ်ဦးလဲ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ထူးခန့်ကျော် ရဲ့မွေးနေ့မှာ အမှတ်တရအနေနဲ့ လက်ဆောင်လေးတစ်ခု ပေးဖို့ရှိတယ်လို့ MC ရဲ့ အင်တာဗျူးမှာ အသိပေးထားပါတယ်။

“အစ်ကိုထူးခန့်ကျော်က ရန်ကုန်မှာဆိုရင် ကျွန်တော့်အတွက် မိဘလို အစ်ကိုလို အဖေလို ဦးလေးလိုမျိုးလူတစ်ယောက်ပါ။

ကျွန်တော့်အတွက် အရာရာကို ထောင့်စေ့အောင်စေတနာထားပြီး လုပ်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

အစ်ကို့မွေးနေ့အတွက်လည်း ကျွန်တော်မွေးနေ့လက်ဆောင်ပေးစရာရှိတယ် မပြောသေးဘူး။ အစ်ကိုအံ့ဩမလားတော့မပြောတတ်ဘူး ကျွန်တော်တတ်နိုင်တာကို လုပ်ထားတာပါ “လို့ ပရိသတ်တွေကို အသိပေးထားပါတယ်။

ပရိသတ်ကြီးရေ ထူးခန့်ကျော် အတွက် မင်းသား သုတအောင် ရဲ့ လက်ဆောင်ကဘာများပါလိမ့်နော်???ခန့်မှန်းမိတာရှိရင် ကောမန့်မှာဖြေပေးခဲ့အုန်းနော်။

အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။












