Celenews

ကြီးလာရင်ဆရာဝန်ပဲလုပ်ချင်တဲ့ လူကြမ်းသရုပ်ဆောင်ကြီး နိုင်လူ ရဲ့ ချစ်သမီးလေး ခေတ်ဆည်းဆာ

လူကြမ်းသရုပ်ဆောင် နိုင်လူ ကိုတော့ ပရိသတ်တွေတော်တော်များများက ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ မြင်ဖူးလေ့ရှိကြမယ် ထင်ပါတယ်နော် ။

ဗီလိန်ဇာတ်ရုပ်တွေကို သဘာဝကျကျသရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် အားလုံးက သူ့ကိုသဘောကျနှစ်ခြိုက်ပြီး အားပေးကြတာ ဖြစ်ပါတယ်။

ဒါအပြင် သူ့ရဲ့အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အ‌ကောင်းဆုံးအပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် လူကြမ်းသရုပ်ဆောင်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့များစွာ ရရှိခဲ့တာပါ။

လက်ရှိမှာရုပ်ရှင်ရိုက်ကူးမှု့တွေ နားထားပေမယ့် လူမှု့ကွန်ယက်ပေါ်မှာတော့ နေစဉ်လှုပ်ရှားမှု့လေးတွေကို တင်ပေးနေတာကိုလဲ တွေ့ရပါတယ်။

ဦးနိုင်လူကြီးမှာတော့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ခေတ်ဆည်းဆာ ဆိုတဲ့ သမီးလေး ကိုပိုင်ဆိုင်ထားပါသေးတယ်။

သမီးလေး ခေတ်ဆည်းဆာ ရဲ့ အသက်ကတော့ ခြောက်နှစ်အရွယ်ရောက်ရှိနေပြီး စကားတတ်ပြီးသွက်သွက်လက်လက်နဲ့ ချစ်ဖို့ကောင်းလှပါတယ်။

နိုင်လူရဲ့ချစ်သမီးလေး ခေတ်ဆည်းဆာ ကတော့ ငယ်စဉ်ကတည်းက ဆရာဝန်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကြောင့် ပညာရေးကိုအားစိုက်နေပါတယ်။

ခေတ်ဆည်းဆာလေး ကတော့ လက်ရှိမှာ ခန္ဓာကိုယ်ပေါင်ချိန် ၇၅ ပေါင်ရှိနေတာကြောင့် ဝိတ်ချနေတယ်လို့လဲ သိရပါတယ်။

ပရိသတ်ကြီးရေ ဖေဖေ နိုင်လူရဲ့ ချစ်သမီးလေး ခေတ်ဆည်းဆာ ကို အားပေးပြီးချစ်ပေးကြပါအုန်းနော်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။








