ပရိသတ်ကြီးရေ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သီးလေးသီး လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။
နိုင်ငံရေးကိုပဲ အဓိကထား ဖျော်ဖြေခဲ့တဲ့ သီးလေးသီးအဖွဲ့ကတော့ နာမည်အရမ်းကြီးခဲ့ပြီး သူတို့ရဲ့ပြက်လုံးတွေဟာလဲ ပြောစမှတ်တွက်ခဲ့ပါတယ်။
သီးလေးသီးအဖွဲ့ကိုတော့ စိန်သီး၊ပန်းသီး၊ဇီးသီး၊ကြယ်သီး အစရှိတဲ့ လူရွှင်တော် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
သီးလေးသီးအဖွဲ့ဝင်ထဲက လူရွှင်တော် စိန်သီး ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
သီးလေးသီး အဖွဲ့ဝင်တစ်ဦးဖြစ်ပေမယ့် လူရွှင်တော် စိန်သီး ကတော့ တော်လှန်ရေးအတွက် အဖွဲ့ထဲကနေ တစ်ဦးတည်းခွဲထွက်လာပြီး တော်လှန်နေတာပါ။
လူရွှင်တော် စိန်သီး ဟာ ဆန္ဒမဲပေးခဲ့တဲ့ လက်သန်းတွေကိုဖွက်ပြီး သာကူးလုပ်နေကြတဲ့သူတွေကြောင့် စိတ်ဆိုးနေပါတယ်။
ဒီတစ်ခါမှာလဲ တော်လှန်ရေးဟာ လူတိုင်းနဲ့မဆိုင် ကိုယ်လုပ်မှကိုယ်စားရတယ်လို့ ပြောထားတဲ့ လူတွေနဲ့ သာကူးတွေကို ထိထိမိမိစကားတစ်ခွန်း ပြောလိုက်ပါတယ်။
” ငါ တို့လက်တွေ မှင်စွန်းခဲ့တာ ဒီနေ့ ၂ နှစ်ပြည့်ပီ လက်တွေ ဖွတ်ပြီး သာယာမနေကြနဲ့ သာကူလုပ်မနေကြနဲ့ပြည်သူ့အသက်တွေပေးခဲ့ကြတာမနည်းတော့ဘူး
အသုဘအိမ်မှာ ဖဲနိုင်တဲ့သူလိုပျော်မနေကြနဲ့ မသာရှင်မျက်နှာကိုကြည့်ကြ ကိုယ်ချင်းစာစိတ်လေးထားကြအုန်း…..”လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နေ
ဆန္ဒမဲပေးခဲ့တဲ့လက်သန်းတွေကို ဖွက်ပြီးသာကူးလုပ်နေကြတဲ့သူတွေကြောင့် စိတ်ဆိုးနေတဲ့ လူရွှင်တော် စိန်သီး
အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။