လူကြမ်း အာနိုး ဟာ “ရင်ဘတ်ထဲကကြိုး”ဆိုတဲ့ဇာတ်ကားမှာ ဖြိုးငွေစိုး ရဲ့ ဖထွေးနေရာမှာ အဓိကသရုပ်ဆောင်ဖူးခဲ့ပြီး ဇာတ်ကားပေါင်းများစွာမှာ လူကြမ်းသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ဖူးခဲ့ပါတယ်။
ဒါအပြင် ဘီလူး၊ကျန်စစ်မင်း အစရှိတဲ့နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေမှာလဲ ပါဝင်ခဲ့ပြီး ဟာသကားအနေနဲ့ ရာဇာနေဝင်းကားထဲမှာလဲ ပါဝင်ခဲ့ဖူးပါတယ်။
ဗီဒီယိုစျေးကွက်ပျက်ပြီးတဲ့နောက်ပိုင်းမှာ အသက်အရွယ်ကြီးလာတဲ့အပြင် ခါးကျန်းမာရေးအခြေအနေကြောင့် ဖိုက်တင်မထိုးနိုင်တော့တာကြောင့် ဆက်မရိုက်ကူးဖြစ်တော့ပါဘူး။
လူကြမ်းသရုပ်ဆောင် ကိုအားနိုး ဟာ လက်ရှိမှာ အသက် ၅၀ နှစ်အရွယ်ကိုရောက်ရှိနေပြီး စားဝတ်နေရေးဒုက္ခရောက်နေတဲ့အပြင်
အတူနေထိုင်တဲ့မိသားစုကလဲ ပစ်ပယ်သွားခဲ့ပြီး လမ်းဘေးမှာ စွန့်ပစ်ခဲ့တာကြောင့် နေရေးထိုင်ရေးက ပိုမိုခက်ခဲနေခဲ့ပါတယ်။
ဒီအကြောင်းကို”အရင်တုန်းကလူကြမ်းမင်းသားပေါ့၊ အခုတော့ ရုပ်ရှင်လည်းမရိုက်နိုင်ဘာမှလည်း မလုပ်နိုင်တော့ ဘဝက ဒီလိုကြီးဖြစ်သွားတော့တာပါပဲ၊ ဒီဆိုက်ကားလေးကို နေကောင်းရင် နင်းတာပေါ့၊
ရုပ်ရှင် ရိုက်ခဲ့တုန်းကဗလကအခုပေါင်ထက်တောင် ကြီးသေးတယ်၊ဆိုက်ကားလေးကကျွန်တော့်အသက်ပါပဲ၊ အခုတော့ ကျန်းမာရေးကြောင့်ဆိုက်ကားမနင်းနိုင်တော့
နေစရာလေးတောင် ကျောတစ်နေရာစာမရှိတော့ဘူး ..”လို့ Sunday ရဲ့ အင်တာဗျူးတစ်ခုမှာ ရေးသားထားပါတယ်။
လူကြမ်းသရုပ်ဆောင်ကြီး ကိုအာနိုးကိုတော့ အသက်ကြီးမြင့်လာလို့ အဖိုးအဖွားတွေကို လိုက်လံကယ်ဆယ်နေတဲ့ ကိုအာပူတူး တစ်ယောက်ကတော့ ကူညီကယ်တင်ခဲ့ပါတယ်။
ကိုအာပူတူး ကတော့ ရိပ်သာမှာခိုလှုံဖို့အတွက် လူကြမ်းကြီးကို နားချနိုင်ခဲ့ပြီး ကူညီနိုင်ခဲ့တဲ့အကြောင်းကို သူ့ရဲ့လှုမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
လူကြီးသရုပ်ဆောင် ကိုအာနိုး ဟာ မည်သည့်ရိပ်သာမှာ ခိုလှုံမယ်ဆိုတာကတော့ သေချာမသိသေးပါဘူးနော်။
ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင် ကိုအားနိုးတစ်ယောက် အဆင်ပြေပါစေလို့ ကောမန့်မှတစ်ဆင့် ဆုတောင်းပေးခဲ့ပါအုန်းနော်။
ဆက်သွယ်လှူဒါန်းရန် ဖုန်းနံပါတ်ကတော့ 09423750527၊ လူကိုယ်တိုင်သွားရောက်လှူဒါန်းချင်ရင်တော့ မြောက်ဒဂုံ ၊ ၅၀ဈေးအနီးပဲ ဖြစ်ပါတယ်။
မိသားစုကစွန့်ပစ်သွားလို့ ဆိုက်က္ကားအစုတ်လေးနဲ့ လမ်းဘေးမှာ ဒုက္ခတွေရောက်နေရှာတဲ့ လူကြမ်းသရုပ်ဆောင်ကြီး အားနိုး
ဗီဒီယိုဈေးကွက်ပျက်ပြီးတဲ့နောက်ပိုင်းမှာ အသက်အရွယ်ကြီးလာတဲ့အပြင် ခါးကျန်းမာရေးအခြေအနေကြောင့် ဖိုက်တင်မထိုးနိုင်တော့တာကြောင့် ဆက်မရိုက်ကူးဖြစ်တော့ပါဘူး။