celebrity news

နာမည်ကြီးမင်းသားပေမယ့် ရဲဘော်တွေအတွက် အရသာရှိရှိဟင်းတွေ ချက်ပြုတ်ပေးနေတဲ့ ဟိန်းထက်

MRTV-4 ဇာတ်လမ်းတွဲတွေမှတစ်ဆင့် နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ မင်းသား ဟိန်းထက် ကိုတော့ အားလုံးပဲချစ်ခင်ကြမှာ အသေအချာပါပဲနော်။

ဖြူစင်ပြီးချစ်ဖို့ကောင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဟိန်းထက်ကတော့ မိန်းကလေးပရိသတ်များစွာကို ပိုင်ဆိုင်ထားပါသေးတယ်။

သူပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေဟာလဲ အရမ်းကိုအောင်မြင်ခဲ့ပြီး ပရိသတ်တွေရင်ထဲကို ရောက်ရှိခဲ့တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။

မင်းသား ဟိန်းထက် ဟာ အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်ပြီး ဓမ္မတရားကို လက်ကိုင်ထားသူလဲ ဖြစ်ပါတယ်။

“-​ဆေးဝါးမပြည့်စုံမှု​တွေ​ကြောင့် အရမ်းခက်ခဲခဲ့ရတဲ့အချိန်​တွေရှိခဲ့ဖူးတယ်။ ကျ​နော့်လို ​သေခြင်းတရားက လွတ်​မြောက်လာသူ​တွေရှိသလို မ​သေသင့်ပဲ ​

သေဆုံးခဲ့ရတဲ့သူ​တွေအလွန်များတယ်။ မိဘပြည်သူတို့ရဲ့ ကူညီမှု​တွေ ​မေတ္တာတရား​တွေ အရမ်းလိုအပ်​နေပါတယ်”လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်ကနော မေတ္တာရပ်ခံထားပါသေးတယ်။

ပြည်သူချစ်မင်းသားချောဖြစ်တဲ့ ဟိန်းထက် ခေါ် မင်းသီဟကျော် ဟာ အဓမ္မကိုဓမ္မနဲ့တွန်းလှန်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။

အသက်ငယ်ပေမယ့် အသိပညာကြွယ်ဝတဲ့ ဟိန်းထက်ရဲ့စာသားလေးတွေကို ပရိသတ်တွေက ကြိုက်နှစ်သက်နေကြတာကိုလဲ တွေ့ရပါတယ်။

လက်ရှိမှာ သူဟာ တော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ရရာတာဝန်ကိုထမ်းဆောင်နေတာပါ။

မင်းသား ဟိန်းထက် ဟာ နာမည်ကြီးမင်းသားဖြစ်ပေမယ့် ရဲဘော်တွေအတွက် အရသာရှိရှိဟင်းတွေ ချက်ပြုတ်ပေးတတ်ပါသေးတယ်။










