ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ မြန်မာပြည်အစွန်အဖျားတစ်နေရမှာ တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားအားထုတ်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
သူကတော့ တတ်နိုင်တဲ့နေရာကနေ စစ်ကောင်စီကို တွန်းလှန်ဖို့အတွက် ခက်ခဲတဲ့လွတ်မြောက်နယ်မြေကို မိသားစုနဲ့ခွဲခွာပြီး ရောက်ရှိနေတာပါ။
ဒါအပြင် အမှန်တရားအတွက် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားနေတာလဲ ဖြစ်ပါတယ်။
ကိုပေါက် ဟာ ဒါရိုက်တာတစ်ဦးဖြစ်တာကြောင့် အနုပညာလောကမှ အနုပညာရှင်တွေနဲ့ အားလုံးနီးပါး ရင်းနှီးပါတယ်။
နာမည်ကျော် ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်တဲ့ အကြည်တော် ရဲ့ သူခိုး ဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတုန်းမှာပဲ အာဏာသိမ်းသွားခဲ့တာပါ။
အခုဆိုရင်တော့ ပရိသတ်အားလုံးကချစ်ရတဲ့ စာရေးဆရာအကြည်တော် ခေါ် စောကြည်ဖြူ ဟာ နိုဝင်ဘာလ ၉ ရက်နေ့ ည ၈ နာရီခွဲမှာ ကွယ်လွန်သွားခဲ့ပါပြီ။
အနုပညာကြယ်ပွင့်ကြီး ကြွေလွင့်သွားတဲ့ သတင်းကြောင့် ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာရှင်တွေအားလုံး နှမြောတသစွာ ဝမ်းနည်းကြေကွဲကြရပါတယ်။
ဒါရိုက်တာ ကိုပေါက် ဟာ စာရေးဆရာ အကြည်တော် နဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ဝမ်းနည်းစွာနဲ့ အခုလိုပဲ ပြောပြလာခဲ့ပါတယ်။
” ကိုကြည်ရေ ကိုကြည်နဲ့ကျနော်တို့ ခေတ်ကောင်းတဲ့တချိန်က တောင်ဒဂုံအိမ်မှာ အရက်သောက်ကြစကားပြောကြနဲ့ ကိုကြည့်ဝတ္ထုတွေဝယ်လိုက် ရိုက်လိုက်နဲ့ ပေါ့။
လူလည်ကြီးများရွာ(ရုံတင်ပြီး)စပါကလင်(အသိုက်ကိုက်/မထွက်ရသေး)“သူခိုး” ကိုရိုက်ဖို့ ဝယ်ထားတုန်း သူခိုးက လူပြန်ဟစ်လို့အခုဆိုရင် ကျနော်က အိမ်နဲ့ဝေးရာ၊ကိုကြည်က
ကျနော်တို့အားလုံးနဲ့ဝေးရာကို ထွက်သွားခဲ့ပြီ။စိတ်ချလက်ချသွားနှင့်ပါ ကိုကြည်။ အဆုံးစွန်ထိ ခွင့်မလွှတ်ပါဘူး။
ကျနော်ခွင့်လွှတ်ခဲ့ရင်လည်းနောက်ဘဝကနေကျနော့က်ိုခွင့်မလွှတ်ပါနဲ့။ကောင်းရာသုဂတိလားပါစေ” လို့ ကိုပေါက် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ဆရာအၾကည္ေတာ္ နဲ႔ အတူတူျဖတ္သန္းခဲ့တဲ့ အမွတ္တရေတြကို လြမ္းေမာဖြယ္ရာ ေျပာျပလိုက္တဲ့ ဒါ႐ိုက္တာ ကိုေပါက္
ပရိသတ္ႀကီးေရ ဒါ႐ိုက္တာ ကိုေပါက္ ကေတာ့ ျမန္မာျပည္အစြန္အဖ်ားတစ္ေနရမွာ ေတာ္လွန္ေရးအတြက္ အစြမ္းကုန္ႀကိဳးစားအားထုတ္ေနတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။
သူကေတာ့ တတ္ႏိုင္တဲ့ေနရာကေန စစ္ေကာင္စီကို တြန္းလွန္ဖို႔အတြက္ ခက္ခဲတဲ့လြတ္ေျမာက္နယ္ေျမကို မိသားစုနဲ႔ခြဲခြာၿပီး ေရာက္ရွိေနတာပါ။
ဒါအျပင္ အမွန္တရားအတြက္ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနၿပီး ေတာ္လွန္ေရးအတြက္ အစြမ္းကုန္ႀကိဳးစားေနတာလဲ ျဖစ္ပါတယ္။
ကိုေပါက္ ဟာ ဒါ႐ိုက္တာတစ္ဦးျဖစ္တာေၾကာင့္ အႏုပညာေလာကမွ အႏုပညာရွင္ေတြနဲ႔ အားလုံးနီးပါး ရင္းႏွီးပါတယ္။
နာမည္ေက်ာ္ ဝတၳဳစာအုပ္တစ္အုပ္ျဖစ္တဲ့ အၾကည္ေတာ္ ရဲ႕ သူခိုး ဆိုတဲ့စာအုပ္ကို ႐ုပ္ရွင္အျဖစ္ျပန္လည္အသက္သြင္းဖို႔ ႀကိဳးစားေနတုန္းမွာပဲ အာဏာသိမ္းသြားခဲ့တာပါ။
အခုဆိုရင္ေတာ့ ပရိသတ္အားလုံးကခ်စ္ရတဲ့ စာေရးဆရာအၾကည္ေတာ္ ေခၚ ေစာၾကည္ျဖဴ ဟာ ႏိုဝင္ဘာလ ၉ ရက္ေန႔ ည ၈ နာရီခြဲမွာ ကြယ္လြန္သြားခဲ့ပါၿပီ။
အႏုပညာၾကယ္ပြင့္ႀကီး ေႂကြလြင့္သြားတဲ့ သတင္းေၾကာင့္ ခ်စ္တဲ့ပရိသတ္ေတြနဲ႔ အႏုပညာရွင္ေတြအားလုံး ႏွေျမာတသစြာ ဝမ္းနည္းေၾကကြဲၾကရပါတယ္။
ဒါ႐ိုက္တာ ကိုေပါက္ ဟာ စာေရးဆရာ အၾကည္ေတာ္ နဲ႔ပတ္သက္တဲ့ အမွတ္တရေတြကို ဝမ္းနည္းစြာနဲ႔ အခုလိုပဲ ေျပာျပလာခဲ့ပါတယ္။
” ကိုၾကည္ေရ ကိုၾကည္နဲ႔က်ေနာ္တို႔ ေခတ္ေကာင္းတဲ့တခ်ိန္က ေတာင္ဒဂုံအိမ္မွာ အရက္ေသာက္ၾကစကားေျပာၾကနဲ႔ ကိုၾကည့္ဝတၳဳေတြဝယ္လိုက္ ႐ိုက္လိုက္နဲ႔ ေပါ့။
လူလည္ႀကီးမ်ား႐ြာ(႐ုံတင္ၿပီး)စပါကလင္(အသိုက္ကိုက္/မထြက္ရေသး)“သူခိုး” ကို႐ိုက္ဖို႔ ဝယ္ထားတုန္း သူခိုးက လူျပန္ဟစ္လို႔အခုဆိုရင္ က်ေနာ္က အိမ္နဲ႔ေဝးရာ၊ကိုၾကည္က
က်ေနာ္တို႔အားလုံးနဲ႔ေဝးရာကို ထြက္သြားခဲ့ၿပီ။စိတ္ခ်လက္ခ်သြားႏွင့္ပါ ကိုၾကည္။ အဆုံးစြန္ထိ ခြင့္မလႊတ္ပါဘူး။
က်ေနာ္ခြင့္လႊတ္ခဲ့ရင္လည္းေနာက္ဘဝကေနက်ေနာ့က္ိုခြင့္မလႊတ္ပါနဲ႔။ေကာင္းရာသုဂတိလားပါေစ” လို႔ ကိုေပါက္ ရဲ႕ လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။