Celebrity

အလုပ်မရှိလို့ ထိုင်စားရင်းရှိတာလေးတွေ ကုန်သွားလို့ ဝမ်းရေးအတွက် တက္ကစီဆွဲနေရတဲ့ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်မင်း

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်‌ပေါ်နေတဲ့ အခြေအနေအရပ်ရပ်တွေကြောင့် အလုပ်အကိုင်၊စီးပွားရေး အရာအားလုံးအဖက်ဖက်က ချို့ယွင်းနေတာကြောင့် ပြည်သူတွေအားလုံးပဲ ဒုက္ခရောက်နေကြတာပဲ ဖြစ်ပါတယ်။

ဒီလို ဒုက္ခရောက်နေကြတာဆိုရင် မြန်မာ့ရုပ်ရှင်လောကရဲ့ အနုပညာရှင်အချို့လဲ ပါဝင်ပါတယ်။ ရုပ်ရှင်လောကမှာ ဇာတ်ကားတစ်ကားရိုက်ပါက မင်းသား၊မင်းသမီးဖြစ်တဲ့ အဓိကဇာတ်ဆောင်တွေဟာ အနုပညာကြေးကို ထိုက်ထိုက်တန်တန်ရရှိကြပေမယ့်

ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင်တွေကတော့ အနုပညာကြေးအရမ်းကို နည်းပါးကြပါတယ်။ ဒါကြောင့်လဲ စုဆောင်းမိထားတာမရှိတာကြောင့် ဒီလိုကာလရောက်တဲ့အခါမှာတော့ ဒုက္ခရောက်ကြရပါတယ်။

အနုပညာရှင်အချို့ဟာ တောထဲရောက်ရှိနေပြီး အချို့တွေဟာ ပုဒ်မ ၅၀၅ နဲ့အရေးယူခံထားရတာကြောင့် ဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်။ ဒါအပြင် ရုပ်ရှင်ရုံတွေလဲ ပိတ်ထားတာကြောင့် ဇာတ်ကားရိုက်ကူးမူ့တွေ မရှိသလောက်နည်းပါးနေပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အောင်​ဇော်မင်း ဟာ စုဆောင်းထားတဲ့ ငွေကြေးအနည်းငယ်လေးတွေကို ထိုင်စားလာတာ အခုတော့ ရှိတာလေးတွကုန်သွားလို့ မိသားစုဝမ်းရေးအတွက် တက္ကဆီလေးဆွဲပြီး ဖြေရှင်းနေရပါတယ်တဲ့။

တက္ကစီဆွဲနေတာကို လမ်းမှာတွေ့တဲ့ ပရိသတ်တွေက အားပေးစကားပြောသွားတာရှိသလို အချို့ပရိသတ်တွေကတော့ “ခင်ဗျားကကားမောင်းနေရတယ်ဆိုရင် ကျွန်တော်တို့ကဘာသွားလုပ်ရတော့မလဲ”ဆိုပြီး ပြောသွားတာတွေရှိတယ်။

ကားမောင်းနေတာ လေးလလောက်တော့ရှိပြီ ဒါပေမယ့် အနုပညာအလုပ်ကို ၂၇ နှစ်လောက်လုပ်လာတာဆိုတာတော့ အနုပညာပဲလုပ်ချင်လို့ ဘာအလုပ်ပဲဖြစ်ဖြစ် ထပ်တူမကျနေဖူး။

တတ်သစ်စအနုပညာရှင်တွေကို အကြံပေးချင်တာကတော့ အနုပညာဝါသနာပါလို့ ဘယ်လမ်းကပဲတတ်လာတတ်လာ ကြိုဆိုပါတယ် ဒါပေမယ့် TIK TOK ဆော့တတ်ရုံနဲ့ သရုပ်ဆောင်ဖြစ်မလာနိုင်သလို အဆိုတော်တစ်ယောက်လဲ ဖြစ်မလာနိုင်ပါဖူး။

ဒါကြောင့် အနုပညာလိုင်းဘက်ကိုကူးလာပြီဆိုရင် အနုပညာပညာနဲ့ပတ်သက်တဲ့ ပညာလေးတွေကို အနည်းငယ်တတ်အောင်လေ့လာဖို့တော့လိုတယ်လို့ အကြံပေးချင်ပါတယ်။

ပရိသတ်တွေကို ပြောချင်တာကတော့ အားလုံးကျန်းမာအောင်နေကြပါ ကျန်းမာမှချမ်းသာမယ် ချမ်းသာအောင် ကျန်းမာမှ ပိုက်ဆံရှာနိုင်မယ်လို့ ဆုတောင်းစကားပြောထားပါတယ်။

အလုပ္မရွိလို႔ ထိုင္စားရင္းရွိတာေလးေတြ ကုန္သြားလို႔ ဝမ္းေရးအတြက္ တကၠစီဆြဲေနရတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ေအာင္ေဇာ္မင္း

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္‌ေပၚေနတဲ့ အေျခအေနအရပ္ရပ္ေတြေၾကာင့္ အလုပ္အကိုင္၊စီးပြားေရး အရာအားလုံးအဖက္ဖက္က ခ်ိဳ႕ယြင္းေနတာေၾကာင့္ ျပည္သူေတြအားလုံးပဲ ဒုကၡေရာက္ေနၾကတာပဲ ျဖစ္ပါတယ္။

ဒီလို ဒုကၡေရာက္ေနၾကတာဆိုရင္ ျမန္မာ့႐ုပ္ရွင္ေလာကရဲ႕ အႏုပညာရွင္အခ်ိဳ႕လဲ ပါဝင္ပါတယ္။ ႐ုပ္ရွင္ေလာကမွာ ဇာတ္ကားတစ္ကား႐ိုက္ပါက မင္းသား၊မင္းသမီးျဖစ္တဲ့ အဓိကဇာတ္ေဆာင္ေတြဟာ အႏုပညာေၾကးကို ထိုက္ထိုက္တန္တန္ရရွိၾကေပမယ့္

ဇာတ္ပို႔ဇာတ္ရန္သ႐ုပ္ေဆာင္ေတြကေတာ့ အႏုပညာေၾကးအရမ္းကို နည္းပါးၾကပါတယ္။ ဒါေၾကာင့္လဲ စုေဆာင္းမိထားတာမရွိတာေၾကာင့္ ဒီလိုကာလေရာက္တဲ့အခါမွာေတာ့ ဒုကၡေရာက္ၾကရပါတယ္။

အႏုပညာရွင္အခ်ိဳ႕ဟာ ေတာထဲေရာက္ရွိေနၿပီး အခ်ိဳ႕ေတြဟာ ပုဒ္မ ၅၀၅ နဲ႔အေရးယူခံထားရတာေၾကာင့္ ေဘးကင္းရာကိုတိမ္းေရွာင္ေနရပါတယ္။ ဒါအျပင္ ႐ုပ္ရွင္႐ုံေတြလဲ ပိတ္ထားတာေၾကာင့္ ဇာတ္ကား႐ိုက္ကူးမူ႔ေတြ မရွိသေလာက္နည္းပါးေနပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ ဇာတ္ပို႔သ႐ုပ္ေဆာင္ျဖစ္တဲ့ ေအာင္​ေဇာ္မင္း ဟာ စုေဆာင္းထားတဲ့ ေငြေၾကးအနည္းငယ္ေလးေတြကို ထိုင္စားလာတာ အခုေတာ့ ရွိတာေလးတြကုန္သြားလို႔ မိသားစုဝမ္းေရးအတြက္ တကၠဆီေလးဆြဲၿပီး ေျဖရွင္းေနရပါတယ္တဲ့။

တကၠစီဆြဲေနတာကို လမ္းမွာေတြ႕တဲ့ ပရိသတ္ေတြက အားေပးစကားေျပာသြားတာရွိသလို အခ်ိဳ႕ပရိသတ္ေတြကေတာ့ “ခင္ဗ်ားကကားေမာင္းေနရတယ္ဆိုရင္ ကြၽန္ေတာ္တို႔ကဘာသြားလုပ္ရေတာ့မလဲ”ဆိုၿပီး ေျပာသြားတာေတြရွိတယ္။

ကားေမာင္းေနတာ ေလးလေလာက္ေတာ့ရွိၿပီ ဒါေပမယ့္ အႏုပညာအလုပ္ကို ၂၇ ႏွစ္ေလာက္လုပ္လာတာဆိုတာေတာ့ အႏုပညာပဲလုပ္ခ်င္လို႔ ဘာအလုပ္ပဲျဖစ္ျဖစ္ ထပ္တူမက်ေနဖူး။

တတ္သစ္စအႏုပညာရွင္ေတြကို အႀကံေပးခ်င္တာကေတာ့ အႏုပညာဝါသနာပါလို႔ ဘယ္လမ္းကပဲတတ္လာတတ္လာ ႀကိဳဆိုပါတယ္ ဒါေပမယ့္ TIK TOK ေဆာ့တတ္႐ုံနဲ႔ သ႐ုပ္ေဆာင္ျဖစ္မလာႏိုင္သလို အဆိုေတာ္တစ္ေယာက္လဲ ျဖစ္မလာႏိုင္ပါဖူး။

ဒါေၾကာင့္ အႏုပညာလိုင္းဘက္ကိုကူးလာၿပီဆိုရင္ အႏုပညာပညာနဲ႔ပတ္သက္တဲ့ ပညာေလးေတြကို အနည္းငယ္တတ္ေအာင္ေလ့လာဖို႔ေတာ့လိုတယ္လို႔ အႀကံေပးခ်င္ပါတယ္။

ပရိသတ္ေတြကို ေျပာခ်င္တာကေတာ့ အားလုံးက်န္းမာေအာင္ေနၾကပါ က်န္းမာမွခ်မ္းသာမယ္ ခ်မ္းသာေအာင္ က်န္းမာမွ ပိုက္ဆံရွာႏိုင္မယ္လို႔ ဆုေတာင္းစကားေျပာထားပါတယ္။