Cele News

သတိလစ်ခါနီးနာရီပိုင်းလေးမှာ မိတ်ဆွေတစ်ဦးကို အကြည်တော် ပို့ခဲ့တဲ့ သဘောကျဖို့ကောင်းတဲ့ မက်ဆေ့

ဟာသဝတ္ထုပေါင်းများစွာကို ရေးသားခဲ့ပြီး ပရိသတ်တွေကို ဘဝအမောပြေစေခဲ့တဲ့ စာရေးဆရာ အကြည်တော် ရဲ့ဘဝအကြောင်းကို လေ့လာမိသလောက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

စာရေးဆရာ အကြည်တော် ကို ဖခင် ဦးထွန်းနိုင်၊ မိခင် ဒေါ်ယုနွယ်တို့မှ ဖေဖော်ဝါရီလ ၂၂ ရက် ၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွန်လူမျိုးတစ်ဦးဖြစ်ပါတယ်။

မွေးချင်း ၇ ယောက်ရှိတဲ့အနက် ခြောက်ယောက်မြောက်သားရတနာဖြစ်ပြီး နာမည်အရင်းကတော့ စောကြည်ဖြူ ဖြစ်ပါတယ်။

အတန်းပညာကတော့ ငယ်စဥ်ကတည်းက ပညာရေးမှာအားနည်းခဲ့တာကြောင့် ၈ တန်းသုံးခါဖြေပြီးပေမယ့် အောင်မြင်ပါဖူး။

၈ တန်းကို မအောင်မြင်ခဲ့ပေမယ့် အရမ်းကိုအောင်မြင် ကျော်ကြားနာမည်ကြီးတဲ့ စာရေးဆရာကြီးတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဆရာ အကြည်တော် ဟာ သင်္ချာဘာသာရပ်မှာ အားနည်းပြီးတော့ ၅တန်းလောက်က စာမေးပွဲမှာ ၂ မှတ်ပဲရခဲ့ကြောင်းကို စာပေဟောပြောပွဲမှာ အရွှန်းဖောက်ပြီးပြောပြထားပါတယ်။

၁၉၈၈ ခုနှစ်မှာ ကိုကိုကြီးဆိုတဲ့ ကလောင်နာမည်နဲ့ စာပေလောကကို စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ အကြည်တော်နာမည်နဲ့ လုံးချင်းဝတ္ထုများကို စတင်ရေးသားခဲ့ပါတယ်။

အကြည်တော် ဟာ လုံးချင်းဝတ္တုပေါင်း ၁၀၀ကျော်ထွက်ရှိခဲ့ပြီး ရုပ်ရှင်အဖြစ်ပြန်လည် အသက်သွင်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရှိခဲ့ပါတယ်။

သူရေးသားခဲ့တဲ့ ဝတ္ထုတွေထဲက ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် ၊ကဝေပျို၏ နိဒါန်း၊ခြူဆီ၊ဆွေတစ်ရာ မောင်တစ်ကျိပ်၊ဇော်က ကနေသည်၊နေတစ်ခြမ်း လတစ်ခြမ်း၊ ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း၊ ရွှေမိုးသည်း၊

ပြုံးရွှင်ရေ ပျော်ရဲ့လား (ပြုံးရွှင်သည် ငိုတတ်သည်)၊ဘီလူး၊ စောကြည်ဖြူနှင့် မြင့်စန်းရီ (မောင်စောကြည်ဖြူနှင့် မမြင့်စန်းရီ)၊ယောက္ခမနှင့် တစ်ထောင့်တစ်ည၊နတ်နေကိုင်း၊ ချစ်လို့စတာ နာတယ်အိပ်မက် အပိုဒ်ခွဲ (၉) စတဲ့ ရုပ်ရှင်ကားအဖြစ် ပြန်လည်ပုံဖော်ခဲ့ပြီး အလွန်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။

အကြည်တော်ရဲ့ သူခိုးအမည်ရှိ လုံးချင်းဝတ္ထုအပေါ်ပြည်ခိုင်ဖြိုးပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးမှ ပါတီ ကို စောင်းမြောင်းရေးသားထားတယ်ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့အပြင် တရားစွဲဖို့ကြိုးစားခဲ့ပါသေးတယ်။

ထို့နောက် စာရေးဆရာ အကြည်တော် ဟာ မြန်မာပြည်အနှံ့စာပေဟောပြောပွဲတွေ လိုက်လံဟောပြောခဲ့ပြီး သူသိထားတဲ့အသိပညာတွေကို ပြန်လည်မျှဝေခဲ့ပါတယ်။

ဒါအပြင် အကြည်တော် ရဲ့ လုံးချင်းဝတ္ထုတွေအပြင် ကဗျာလေးတွေဟာလဲ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။

“ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ ဘဝမှာတစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင် မင်းရှိရာအရပ်ကို ငါရွေးမယ် ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင် ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင် မေတ္တာတရားက ကျောသားရင်သား ခွဲခြားခဲ့ရင်ငါတို့ဟာမဆုံနိုင်တဲ့မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင် နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ်”

စာရေးဆရာ အကြည်‌တော် ဟာ ကိုဗစ်ရောဂါကို နှစ်ကြိမ်တိုင်တိုင်ခံစားခဲ့ရပြီး အစာရေမျို ကင်ဆာ ကိုစစ်ဆေးဖို့အတွက် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မှာ ဆေးကုသခံခဲ့ရပြီး ပြီးခဲ့တဲ့လက ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ခရီးကပြန်လည်ရောက်ရှိလာပြီး ရုတ်တရတ်သတိလစ်သွားခဲ့တာကြောင့် ပင်လုံဆေးရုံမှာ ရက်ရှည်ဆက်လက်ကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ် ။

နိုဝင်ဘာလ ၉ ရက်နေ့ ည ၈နာရီခွဲ ” ကိုကြည်(အကြည်တော်)ဒီည ၈:၃၀ မှာ ဆုံးရှာပြီ” ဆိုတဲ့ အလွန်ဝမ်းနည်းကြေကွဲဖွယ်စာကြောင်းလေးကို အကြည်တော် ရဲ့ ညီငယ် အကယ်ဒမီဓီရာမိုရ်က ပရိသတ်တွေကို လူမှု့ကွန်ယက်ပေါ်ကနေ အသိပေးထားပါတယ်။

ဆရာကွယ်လွန်ချိန်မှာ အသက်(၅၀နှစ်) ရှိပါပြီ။ ဟာသ ဝတ္တု ဆောင်းပါး ကဗျာ စာအုပ်ပေါင်း များစွာ ရေးသား အောင်မြင်ခဲ့တဲ့အပြင် ဇာတ်လမ်းပေါင်းများစွာကို ဖန်တီးခဲ့သူ ၊ စာပေလောက ရဲ့ ကြယ်ပွင့်ကြီး တစ်ပွင့် ကြွေလွှင့်သွားရလို့ အားလုံးနဲ့ထပ်တူများစွာနှမြောဝမ်းနည်းရပါတယ်။

ဆရာ အကြည်တော် (ခ) စောကြည်ဖြူ 1972-2022 ကောင်းရာသုဂတိ ရောက်ရှိပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။

သတိလစ်ခါနီး နာရီပိုင်းအလိုမှာ မိတ်ဆွေတစ်ဦးကို အကြည်တော် ပို့ခဲ့တဲ့နောက်ဆုံးမက်ဆေ့လေး ကတော့ အခုလိုပဲဖြစ်ပါတယ်။ “အရက်တွေတအားသောက် ဆေးလိပ်တွေထင်သလိုသောက် အသည်း

အဆုတ်ကျောက်ကပ် အခြား AIDS ကအစ အကုန်ကောင်းပြီး ကိုယ်လုံးဝမလုပ် ကြိုက်လဲမကြိုက်တဲ့ အစားအသောက်နဲ့ဆိုင်မယ်ထင်တဲ့ အစာရေမြိုကင်ဆာဖြစ်တာဗျ အသည်းတို့အဆုတ်တို့ဆိုရင်တောင် ဂု

ဏ်ယူဦးမယ် ကိုယ်လုပ်လို့ကိုယ်ဖြစ်တာလေ ခုဟာ ဘာမှလဲမစားအစပ်တောင်မစားတဲ့သူက မဆီမဆိုင်ထဖြစ်တော့ မတန်သလိုခံစားရတယ် စိတ်ဓာတ်တော့မကျပါဘူး ဝမ်းတွင်းရူးဆိုတော့ ပျော်ပျော်ပဲ “ဆိုတဲ့ နောက်ဆုံးမက်ဆေ့လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတိလစ္ခါနီးနာရီပိုင္းေလးမွာ မိတ္ေဆြတစ္ဦးကို အၾကည္ေတာ္ ပို႔ခဲ့တဲ့ သေဘာက်ဖို႔ေကာင္းတဲ့ မက္ေဆ့

ဟာသဝတၳဳေပါင္းမ်ားစြာကို ေရးသားခဲ့ၿပီး ပရိသတ္ေတြကို ဘဝအေမာေျပေစခဲ့တဲ့ စာေရးဆရာ အၾကည္ေတာ္ ရဲ႕ဘဝအေၾကာင္းကို ေလ့လာမိသေလာက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

စာေရးဆရာ အၾကည္ေတာ္ ကို ဖခင္ ဦးထြန္းႏိုင္၊ မိခင္ ေဒၚယုႏြယ္တို႔မွ ေဖေဖာ္ဝါရီလ ၂၂ ရက္ ၁၉၇၂ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး မြန္လူမ်ိဳးတစ္ဦးျဖစ္ပါတယ္။

ေမြးခ်င္း ၇ ေယာက္ရွိတဲ့အနက္ ေျခာက္ေယာက္ေျမာက္သားရတနာျဖစ္ၿပီး နာမည္အရင္းကေတာ့ ေစာၾကည္ျဖဴ ျဖစ္ပါတယ္။

အတန္းပညာကေတာ့ ငယ္စဥ္ကတည္းက ပညာေရးမွာအားနည္းခဲ့တာေၾကာင့္ ၈ တန္းသုံးခါေျဖၿပီးေပမယ့္ ေအာင္ျမင္ပါဖူး။

၈ တန္းကို မေအာင္ျမင္ခဲ့ေပမယ့္ အရမ္းကိုေအာင္ျမင္ ေက်ာ္ၾကားနာမည္ႀကီးတဲ့ စာေရးဆရာႀကီးတစ္ဦးျဖစ္လာခဲ့ပါတယ္။

ဆရာ အၾကည္ေတာ္ ဟာ သခ်ၤာဘာသာရပ္မွာ အားနည္းၿပီးေတာ့ ၅တန္းေလာက္က စာေမးပြဲမွာ ၂ မွတ္ပဲရခဲ့ေၾကာင္းကို စာေပေဟာေျပာပြဲမွာ အ႐ႊန္းေဖာက္ၿပီးေျပာျပထားပါတယ္။

၁၉၈၈ ခုႏွစ္မွာ ကိုကိုႀကီးဆိုတဲ့ ကေလာင္နာမည္နဲ႔ စာေပေလာကကို စတင္ဝင္ေရာက္လာခဲ့ၿပီး ၂၀၀၃ ခုႏွစ္မွာ အၾကည္ေတာ္နာမည္နဲ႔ လုံးခ်င္းဝတၳဳမ်ားကို စတင္ေရးသားခဲ့ပါတယ္။

အၾကည္ေတာ္ ဟာ လုံးခ်င္းဝတၱဳေပါင္း ၁၀၀ေက်ာ္ထြက္ရွိခဲ့ၿပီး ႐ုပ္ရွင္အျဖစ္ျပန္လည္ အသက္သြင္းခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာ ရွိခဲ့ပါတယ္။

သူေရးသားခဲ့တဲ့ ဝတၳဳေတြထဲက ေက်ာက္သင္ပုန္းေတြ မိုးထားတဲ့အိမ္ ၊ကေဝပ်ိဳ၏ နိဒါန္း၊ျခဴဆီ၊ေဆြတစ္ရာ ေမာင္တစ္က်ိပ္၊ေဇာ္က ကေနသည္၊ေနတစ္ျခမ္း လတစ္ျခမ္း၊ ကြၽန္ေတာ့္ခ်စ္သူေျပာေသာ သူ႔ခ်စ္သူအေၾကာင္း၊ ေ႐ႊမိုးသည္း၊

ၿပဳံး႐ႊင္ေရ ေပ်ာ္ရဲ႕လား (ၿပဳံး႐ႊင္သည္ ငိုတတ္သည္)၊ဘီလူး၊ ေစာၾကည္ျဖဴႏွင့္ ျမင့္စန္းရီ (ေမာင္ေစာၾကည္ျဖဴႏွင့္ မျမင့္စန္းရီ)၊ေယာကၡမႏွင့္ တစ္ေထာင့္တစ္ည၊နတ္ေနကိုင္း၊ ခ်စ္လို႔စတာ နာတယ္အိပ္မက္ အပိုဒ္ခြဲ (၉) စတဲ့ ႐ုပ္ရွင္ကားအျဖစ္ ျပန္လည္ပုံေဖာ္ခဲ့ၿပီး အလြန္ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားေတြျဖစ္ခဲ့ပါတယ္။

အၾကည္ေတာ္ရဲ႕ သူခိုးအမည္ရွိ လုံးခ်င္းဝတၳဳအေပၚျပည္ခိုင္ၿဖိဳးပါတီ ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးမွ ပါတီ ကို ေစာင္းေျမာင္းေရးသားထားတယ္ဆိုၿပီး ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့တဲ့အျပင္ တရားစြဲဖို႔ႀကိဳးစားခဲ့ပါေသးတယ္။

ထို႔ေနာက္ စာေရးဆရာ အၾကည္ေတာ္ ဟာ ျမန္မာျပည္အႏွံ႔စာေပေဟာေျပာပြဲေတြ လိုက္လံေဟာေျပာခဲ့ၿပီး သူသိထားတဲ့အသိပညာေတြကို ျပန္လည္မွ်ေဝခဲ့ပါတယ္။

ဒါအျပင္ အၾကည္ေတာ္ ရဲ႕ လုံးခ်င္းဝတၳဳေတြအျပင္ ကဗ်ာေလးေတြဟာလဲ လူငယ္ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့ပါတယ္။

“ဘယ္နတ္ဘုရားကပဲ ေစခိုင္းပါေစ ဘဝမွာတစ္ခါပဲ ေ႐ြးခ်ယ္ခြင့္ရွိရင္ေတာင္ မင္းရွိရာအရပ္ကို ငါေ႐ြးမယ္ ငါ့ရဲ႕ေ႐ြးခ်ယ္မႈ လြဲမွားခဲ့ရင္ ကမာၻႀကီးက ေျပာင္းလဲခဲ့ရင္ ေမတၱာတရားက ေက်ာသားရင္သား ခြဲျခားခဲ့ရင္ငါတို႔ဟာမဆုံႏိုင္တဲ့မ်ဥ္းေျဖာင့္ႏွစ္ေၾကာင္းျဖစ္ခဲ့ရင္ ေနာင္တမရွိဘဲ ငါရွင္သန္ႏိုင္တယ္”

စာေရးဆရာ အၾကည္‌ေတာ္ ဟာ ကိုဗစ္ေရာဂါကို ႏွစ္ႀကိမ္တိုင္တိုင္ခံစားခဲ့ရၿပီး အစာေရမ်ိဳ ကင္ဆာ ကိုစစ္ေဆးဖို႔အတြက္ ထိုင္းႏိုင္ငံ ၊ ဘန္ေကာက္မွာ ေဆးကုသခံခဲ့ရၿပီး ၿပီးခဲ့တဲ့လက ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။

ခရီးကျပန္လည္ေရာက္ရွိလာၿပီး ႐ုတ္တရတ္သတိလစ္သြားခဲ့တာေၾကာင့္ ပင္လုံေဆး႐ုံမွာ ရက္ရွည္ဆက္လက္ကုသမႈခံယူေနခဲ့ရတာျဖစ္ပါတယ္ ။

ႏိုဝင္ဘာလ ၉ ရက္ေန႔ ည ၈နာရီခြဲ ” ကိုၾကည္(အၾကည္ေတာ္)ဒီည ၈:၃၀ မွာ ဆုံးရွာၿပီ” ဆိုတဲ့ အလြန္ဝမ္းနည္းေၾကကြဲဖြယ္စာေၾကာင္းေလးကို အၾကည္ေတာ္ ရဲ႕ ညီငယ္ အကယ္ဒမီဓီရာမိုရ္က ပရိသတ္ေတြကို လူမႈ႕ကြန္ယက္ေပၚကေန အသိေပးထားပါတယ္။

ဆရာကြယ္လြန္ခ်ိန္မွာ အသက္(၅၀ႏွစ္) ရွိပါၿပီ။ ဟာသ ဝတၱဳ ေဆာင္းပါး ကဗ်ာ စာအုပ္ေပါင္း မ်ားစြာ ေရးသား ေအာင္ျမင္ခဲ့တဲ့အျပင္ ဇာတ္လမ္းေပါင္းမ်ားစြာကို ဖန္တီးခဲ့သူ ၊ စာေပေလာက ရဲ႕ ၾကယ္ပြင့္ႀကီး တစ္ပြင့္ ေႂကြလႊင့္သြားရလို႔ အားလုံးနဲ႔ထပ္တူမ်ားစြာႏွေျမာဝမ္းနည္းရပါတယ္။

ဆရာ အၾကည္ေတာ္ (ခ) ေစာၾကည္ျဖဴ 1972-2022 ေကာင္းရာသုဂတိ ေရာက္ရွိပါေစလို႔ ဆုေတာင္းေမတၱာ ပို႔သလိုက္ရပါတယ္။

သတိလစ္ခါနီး နာရီပိုင္းအလိုမွာ မိတ္ေဆြတစ္ဦးကို အၾကည္ေတာ္ ပို႔ခဲ့တဲ့ေနာက္ဆုံးမက္ေဆ့ေလး ကေတာ့ အခုလိုပဲျဖစ္ပါတယ္။ “အရက္ေတြတအားေသာက္ ေဆးလိပ္ေတြထင္သလိုေသာက္ အသည္း

အဆုတ္ေက်ာက္ကပ္ အျခား AIDS ကအစ အကုန္ေကာင္းၿပီး ကိုယ္လုံးဝမလုပ္ ႀကိဳက္လဲမႀကိဳက္တဲ့ အစားအေသာက္နဲ႔ဆိုင္မယ္ထင္တဲ့ အစာေရၿမိဳကင္ဆာျဖစ္တာဗ် အသည္းတို႔အဆုတ္တို႔ဆိုရင္ေတာင္ ဂု

ဏ္ယူဦးမယ္ ကိုယ္လုပ္လို႔ကိုယ္ျဖစ္တာေလ ခုဟာ ဘာမွလဲမစားအစပ္ေတာင္မစားတဲ့သူက မဆီမဆိုင္ထျဖစ္ေတာ့ မတန္သလိုခံစားရတယ္ စိတ္ဓာတ္ေတာ့မက်ပါဘူး ဝမ္းတြင္း႐ူးဆိုေတာ့ ေပ်ာ္ေပ်ာ္ပဲ “ဆိုတဲ့ ေနာက္ဆုံးမက္ေဆ့ေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။